ယူကရိန်းမှာ စစ်ရာဇဝတ်မှု ကျူးလွန်တဲ့ ရုရှားတပ်မှူးတွေကို အိုင်စီစီ ဖမ်းဝရမ်းထုတ်

သည်ဟိတ်၊ မတ်-၆-၂၀၂၄
မျိုးဆက်(VOM)

ယူကရိန်းမှာ စစ်ရာဇဝတ်မှုကျူးလွန်မှုတွေနဲ့ပတ်သက်ပြီး ရုရှားထိပ်တန်း တပ်မှူးတွေကို နိုင်ငံတကာ ရာဇဝတ်တရားရုံး (အိုင်စီစီ)က ဖမ်းဝရမ်းထုတ်လိုက်ပါတယ်။

ရုရှားကြည်းတပ် ဒုတိယဗိုလ်ချုပ် ဆာဂေးကိုဘီလတ်ချ် နဲ့ ရေတပ်ဗိုလ်ချုပ် ဗစ်တာဆိုကိုလော့ဗ်တို့ကို အိုင်စီစီက ဖမ်းဝရမ်းထုတ်လိုက်တာဖြစ်ပြီး ဒါဟာ ယူကရိန်းစစ်ပွဲနဲ့ပတ်သက်ပြီး ရုရှားအရာရှိတွေကို ဒုတိယအကြိမ် ဖမ်းဝရမ်းထုတ်လိုက်တာဖြစ်ပါတယ်။

ပထမအကြိမ် ဖမ်းဝရမ်းထုတ်ခံမှုကတော့ ရုရှားသမ္မတ ပူတင်နဲ့ ကလေးသူငယ်ဆိုင်ရာ သံတမန်တို့ဖြစ်ပါတယ်။ ရုရှားဟာ အိုင်စီစီအဖွဲ့ဝင်နိုင်ငံ မဟုတ်တဲ့အတွက် အိုင်စီစီအနေနဲ့ သူတို့ကို စွဲချက်တင်နိုင်ရေး လွှဲပြောင်းဖို့ မဖြစ်နိုင်သေးပါဘူး။

လက်ရှိဖမ်းဝရမ်းထုတ်ခံလိုက်ရတဲ့ ယူကရိန်းတပ်မှူးနှစ်ယောက်ဟာ ယူကရိန်းလျှပ်စစ်အခြေခံအဆောက်အအုံ တွေကို တိုက်ခိုက်မှုမှာ တာဝန်ကြီးကြောင်း ကျိုးကြောင်းဆီလျော်တဲ့ သက်သေအထောက်အထားတွေ ရှိတယ်လို့ အိုင်စီစီက ဆိုပါတယ်။

သူတို့ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုတွေကို ၂၀၂၂ ခုနှစ် အောက်တိုဘာကနေ ၂၀၂၃ ခုနှစ် မတ်လအတွင်းမှာ ကျူးလွန်ခဲ့တာလို့ အိုင်စီစီက ပြောပါတယ်။ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုနဲ့ အရပ်သားပိုင်ဆိုင်မှုတွေကို ဖျက်ဆီးမှုတွေအတွက် သူတို့နှစ်ဦးဟာ ရာဇဝတ်မှုမြောက်တယ်လို့ အိုင်စီစီက ပြောပါတယ်။

Ref:BBC
Photo:Arab News

Related posts

Leave a Comment

VOM News

FREE
VIEW