မန္တလေး၊ မတ် ၂၅-၂၀၂၄
Voice Of Myanmar(VOM)
မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ ၇၄လမ်း ၃၁ နဲ့ ၃၂လမ်းကြားရှိ KBZဘဏ်မှာ ဒီကနေ့မနက် ၁၁နာရီကျော်အချိန်ခန့်က သိန်း(၂)ထောင်နီးပါး ဓားပြတိုက်လုယက်ခံရတဲ့ဖြစ်စဉ် ဖြစ်ပွားခဲ့တယ်လို့ မန္တလေးမြို့ခံတွေဆီက သိရပါတယ်။

” ဖြစ်စဉ် CCTVကိုတော့ တာဝန်ရှိသူတွေ ကြည့်နေပါပြီ၊ စိစစ်ဆဲ သေနတ်အတိုနဲ့ ရဲဒင်း(၁)ခု ကိုင်ထားသူအပါအဝင် အမျိုးသား(၃)ယောက် ဆိုင်ကယ်နဲ့လာပြီး ဓားပြလုယက်တိုက်သွားတာပါ၊ ခန့်မှန်းချေအရတော့ သိန်း ၂၀၀၀ထောင်နီးပါးရှိမယ်”လို့ ရဲနဲ့နီးစပ်သူကပြောပါတယ်။

အမည်မသိ အမျိုးသား(၃)ဦးက ဆိုင်ကယ်(၂)စီးနဲ့ ရောက်လာပြီး ဘဏ်အတွင်းရှိ ဝန်ထမ်းများနှင့် ဘဏ်လုပ်ငန်း လာရောက်ဆောင်ရွက်သူများကို သေနတ်ပြခြိမ်းခြောက်ကာ ဘဏ်ကောင်တာအတွင်းမှ ဆာလာအိတ်ေတွနဲ့ ငွေ သိန်း(၂)ထောင်နီးပါးကို ဓားပြတိုက်လုယူသွားတာဖြစ်တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၃၊ နိုဝင်ဘာ ၁၇ရက်ကလည်း မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ လမ်း၃၀ ၇၂နဲ့၇၃လမ်းကြားက “အောင်”ရွှေဆိုင် မှာ ရွှေထည်ပစ္စည်း သိန်း (၁)သောင်း (၁)ထောင်ကျော်ဖိုး ဓားပြတိုက်ခံလိုက်ရတဲ့ဖြစ်စဉ် ဖြစ်ပွားခဲ့ပါသေးတယ်။
မတ်လ ၁၃ ရက်ကလည်း မုံရွာ အင်းဝဘဏ် ဓားပြတိုက်ခံရပြီး မန်နေဂျာအမျိုးသမီးကို ဓားစာခံ ဖမ်းသွားတာ ဒီနေ့ထိ လွတ်မပေးသေးဘူးလို့ သိရပါတယ်။
Photo Crd – Original Uploader