TikTok ကိုပိတ်ပင်မယ့် ဥပဒေပြဌာန်းလို့ အမေရိကန်အစိုးရ တရားစွဲခံရပြီ



ဝါရှင်တန်၊ မေ-၈-၂၀၂၄
မျိုးဆက်(VOM)

TikTok ရှယ်ယာတွေကို ရောင်းချခြင်းမပြုပါက အမေရိကန်မှာ ပိတ်ပင်မယ့် ဥပဒေကို ပြီးခဲ့တဲ့ လက ပြဌာန်းလိုက်တာကြောင့် အမေရိကန်အစိုးရကို TikTok ကိုတရားစွဲဆိုလိုက်ပါတယ်။

တရုတ်အခြေစိုက် ဘိုက်ဒန့်ကုမ္ပဏီက ထိန်းချုပ်ထားတဲ့ TikTok ဟာ အမျိုးသားလုံခြုံရေးကို ခြိမ်းခြောက်မှုတရပ်ဖြစ်ပြီး တရုတ်အစိုးရထံ အချက်အလက်တွေ လွှဲပြောင်းနိုင်ကြောင်း အမေရိကန်အစိုးရတာဝန်ရှိသူတွေနဲ့ လွှတ်တော်အမတ်တွေကဆိုပါတယ်။

အမေရိကန်အစိုးရရဲ့ လုပ်ရပ်ဟ အမေရိကန်ရှိ TikTok အသုံးပြုသူသန်း ၁၇၀ ရဲ့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို ချိုးဖောက်ခြင်းဖြစ်ကြောင်း TikTok ရဲ့တိုင်ကြားချက်မှာ ဖော်ပြထားပါတယ်။

TikTok အနေနဲ့ တရုတ်အစိုးရနဲ့ အမှီအခိုကင်းပြီး မိခင်ကုမ္ပဏီဖြစ်တဲ့ ဘိုက်ဒန့်ဟာ ရဲ့လုပ်ငန်းကို ရောင်းချဖို့ အစီအစဉ်မရှိကြောင်း ပြောဆိုထားပါတယ်။

အမေရိကန်အစိုးရ ပြဌာန်းလိုက်တဲ့ ဥပဒေအရ ရှယ်ယာတွေမရောင်းချဘူးဆိုရင် ဘိုက်ဒန့်ကုမ္ပဏီအနေနဲ့ ၂၀၂၅ ခုနှစ် ဇန်နဝါရီလမှစပြီး အမေရိကန်မှာ TikTok ကို ပိတ်ပင်သွားမှာဖြစ်ပါတယ်။ TikTok ကတော့ အမေရိကန်သုံးစွဲသူတွေရဲ့ အချက်အလက်တွေကို အကာအကွယ်ပေးမှုတွေဖန်တီးခဲ့ပြီး စိုးရိမ်မှုတွေကို ဖြေရှင်းဖို့ ဒေါ်လာ နှစ်ဘီလီယံ အသုံးပြုခဲ့ကြောင်း ပြောဆိုထားပါတယ်။

Ref: BBC
Photo:Getty Images

Related posts

✕
VOM News

FREE
VIEW