ဝါရှင်တန်၊ မေ-၁၃-၂၀၂၄
မျိုးဆက်(VOM)
အမေရိကန်မှာ မျိုးရိုးဗီဇပြုပြင်ထားတဲ့ ဝက်ကျောက်ကပ်ကို အစားထိုးခွဲစိတ်ခံယူခဲ့တဲ့ လူနာဟာ ခွဲစိတ်ပြီးနောက် နှစ်လအကြာမှာ သေဆုံးသွားကြောင်း ခွဲစိတ်ပေးခဲ့တဲ့ ဆရာဝန်တွေက ပြောပါတယ်။
ဆရာဝန်တွေက အသေးစိတ်အချက်အလက်တွေကို ထုတ်ပြန်ခြင်းမရှိပေမယ့် လူနာသေဆုံးမှုဟာ မကြာသေးမီက ဝက်ကျောက်ကပ်အစားထိုးမှုကြောင့်ဆိုတဲ့ အရိပ်လက္ခဏာမရှိကြောင်း မက်ဆာချုးဆက်ရှိ အထွေထွေဆေးရုံမှ ဆရာဝန်တွေကပြောပါတယ်။
ဘော်စတွန်ဆေးရုံမှ ဆရာဝန်တွေဟာ ကျောက်ကပ်ရောဂါခံစားနေရတဲ့ အသက် ၆၂ နှစ်အရွယ် အမျိုးသားတယောက်ကို မျိုးရိုးဗီဇပြောင်းလဲထားတဲ့ ဝက်ရဲ့ကျောက်ကပ်နဲ့ ပြီးခဲ့တဲ့ မတ်လက ခွဲစိတ်အစားထိုးခဲ့ပေးခဲ့ပါတယ်။
အဲဒီအမျိုးသားဟာ ခွဲစိတ်မှုခံယူပြီးနောက် အခြေအနေကောင်းမွန်လာတာကြောင့် ဧပြီလမှာ ဆေးရုံကနေ ဆင်းခွင့်ရရှိခဲ့ပါတယ်။ ၂၀၂၁ ခုနှစ်ကလည်း အမေရိကန်ဆရာဝန်အဖွဲ့ဟာ ဦးနှောက်သေနေတဲ့ လူနာတယောက်ကို မျိုးရိုးဗီဇပြုပြင်ထားတဲ့ ဝက်ကျောက်ကပ်ကို ကမ္ဘာ့ပထမဆုံး အစားထိုးခွဲစိတ်ပေးခဲ့ဖူးပါတယ်။
ဒါပေမယ့် မတ်လက အစားထိုးခွဲစိတ်မှုကတော့ သက်ရှိထင်ရှားလူနာတယောက်မှာ ပထမဆုံးသော ဝက်ကျောက်ကပ်အစားထိုးမှုဖြစ်ပါတယ်။ ၂၀၂၂ ခုနှစ်ကလည်း အခြားရွေးချယ်စရာ ကုသမှုနည်းလမ်းမရှိတော့တဲ့ လူနာတယောက်ကို မျိုးရိုဇီဇပြုပြင်ထားတဲ့ ဝက်နှလုံးနဲ့ အစားထိုး ကုသခဲ့ပြီး လူနာဟာ ခွဲစိတ်ပြီးနောက် နှစ်လအကြာမှာ သေဆုံးခဲ့ပါတယ်။
Ref:NHK
Photo:Massachusetts General Hospital
Related posts
-
ပန်ဝါ လုပီ အခြေစိုက် အမှတ် ၁၀၀၂ နယ်ခြားစောင့်တပ်စခန်းကို KIA နဲ့ ပူးပါင်း တပ်ဖွဲ့သိမ်း
အောက်တိုဘာ ၁၅၊ ၂၀၂၄Shy V (VOM)ကချင်ပြည်နယ် ချီဖွေခရိုင်၊ ချီဖွေမြို့နယ်၊ ပန်ဝါတရုတ် မြန်မာနယ်စပ်မြို့အနီးက... -
ဟဇ်ဘိုလာတွေကို အညှာအတာကင်းကင်း တိုက်ခိုက်တော့မယ်လို့ အစ္စရေးဝန်ကြီးချုပ် ကတိပြု
တဲလ်အဗစ်၊ အောက်တိုဘာ-၁၅-၂၀၂၄မျိုးဆက်(VOM)အစ္စရေးကို ဟဇ်ဘိုလာတွေရဲ့ ဒုံးကျည်တိုက်ခိုက်မှုကြောင့် အစ္စရေးစစ်သား လေးယောက်သေပြီး တခြားလူ ၆၀ ကျော်ဒဏ်ရာရပြီးနောက်မှာ... -
အိန္ဒိယနဲ့ ကနေဒါတို့ သံတမန်တွေကို အပြန်အလှန်နှင်ထုတ်ပြီး ဆက်ဆံရေး ပိုတင်းမာလာ
တိုရွန်တို၊ အောက်တိုဘာ-၁၅-၂၀၂၄မျိုးဆက်(VOM)အိနိ္ဒယသံရုံး မဟာမင်းကြီးအပါအဝင် သံတမန်ခြောက်ယောက်ကို ကနေဒါနိုင်ငံ နှင်ထုတ်လိုက်ပြီး ကနေဒါရောက် ဆစ်ခ်ခွဲထွက်ရေးလှုပ်ရှားမှုနဲ့ အိန္ဒိယအတိုက်အခံတွေကို...