ဝက်ကျောက်ကပ် အစားထိုးကုသခဲ့တဲ့ လူနာ နှစ်လအကြာမှာ သေဆုံး

ဝါရှင်တန်၊ မေ-၁၃-၂၀၂၄မျိုးဆက်(VOM)အမေရိကန်မှာ မျိုးရိုးဗီဇပြုပြင်ထားတဲ့ ဝက်ကျောက်ကပ်ကို အစားထိုးခွဲစိတ်ခံယူခဲ့တဲ့ လူနာဟာ ခွဲစိတ်ပြီးနောက် နှစ်လအကြာမှာ သေဆုံးသွားကြောင်း ခွဲစိတ်ပေးခဲ့တဲ့ ဆရာဝန်တွေက ပြောပါတယ်။ဆရာဝန်တွေက အသေးစိတ်အချက်အလက်တွေကို ထုတ်ပြန်ခြင်းမရှိပေမယ့် လူနာသေဆုံးမှုဟာ မကြာသေးမီက ဝက်ကျောက်ကပ်အစားထိုးမှုကြောင့်ဆိုတဲ့ အရိပ်လက္ခဏာမရှိကြောင်း မက်ဆာချုးဆက်ရှိ အထွေထွေဆေးရုံမှ ဆရာဝန်တွေကပြောပါတယ်။ဘော်စတွန်ဆေးရုံမှ ဆရာဝန်တွေဟာ ကျောက်ကပ်ရောဂါခံစားနေရတဲ့ အသက် ၆၂ နှစ်အရွယ် အမျိုးသားတယောက်ကို မျိုးရိုးဗီဇပြောင်းလဲထားတဲ့ ဝက်ရဲ့ကျောက်ကပ်နဲ့ ပြီးခဲ့တဲ့ မတ်လက ခွဲစိတ်အစားထိုးခဲ့ပေးခဲ့ပါတယ်။အဲဒီအမျိုးသားဟာ ခွဲစိတ်မှုခံယူပြီးနောက် အခြေအနေကောင်းမွန်လာတာကြောင့် ဧပြီလမှာ ဆေးရုံကနေ ဆင်းခွင့်ရရှိခဲ့ပါတယ်။ ၂၀၂၁ ခုနှစ်ကလည်း အမေရိကန်ဆရာဝန်အဖွဲ့ဟာ ဦးနှောက်သေနေတဲ့ လူနာတယောက်ကို မျိုးရိုးဗီဇပြုပြင်ထားတဲ့ ဝက်ကျောက်ကပ်ကို ကမ္ဘာ့ပထမဆုံး အစားထိုးခွဲစိတ်ပေးခဲ့ဖူးပါတယ်။ဒါပေမယ့် မတ်လက အစားထိုးခွဲစိတ်မှုကတော့ သက်ရှိထင်ရှားလူနာတယောက်မှာ ပထမဆုံးသော ဝက်ကျောက်ကပ်အစားထိုးမှုဖြစ်ပါတယ်။ ၂၀၂၂ ခုနှစ်ကလည်း အခြားရွေးချယ်စရာ ကုသမှုနည်းလမ်းမရှိတော့တဲ့ လူနာတယောက်ကို မျိုးရိုဇီဇပြုပြင်ထားတဲ့ ဝက်နှလုံးနဲ့ အစားထိုး ကုသခဲ့ပြီး…

Read More

မန္တလေး ကုန်စည်ဒိုင် ၁၃ – ၅-၂၀၂၄ အရောင်းအဝယ်စျေးကွက်အခြေအနေ

မန္တလေး- ၁၃ – ၅-၂၀၂၄(VoiceOfMyanmar)ဂျုံစေ့အမျိုးမျိုးဂျုံ (တောင်ဘက်/ငါန်းဇွန်/မြို့သာ) – ၆၀ ပိဿာ – 155000/ 160000ဂျုံ (မုံရွာ/ဘုတလင်) – ၆၀ ပိဿာ – 155000/160000/ဂျုံ (စဈိကိုငျး/ဆားတောင်/ရွှေဘို) – ၆၀ ပိဿာ – 155000/ 160000ဂျုံ (မြင်းမူ/မြောင်) – ၆၀ ပိဿာ – 155000/ 160000ဂျုံ (ကလေး) – ၆၀ ပိဿာ – 125000/ 130000ဂျုံ (ရှမ်း) – ၆၀ ပိဿာ – 135000/ 140000ဂျုံ (အထွက်တိုး) – ၆၀ ပိဿာ – 135000/ 14000ဂျုံ (AUS) – ၁ ပိဿာ – 3300 (ygn)ဂျုံဖွဲ –…

Read More

ဥရုချောင်းတလျှောက် ရွှေတူးဖော်မှုတွေနဲ့ စွန့်ပစ်မြေစာပုံတွေကြောင့် ရေကြီးရေလျှံ နှစ်စဉ်ခံနေရတဲ့ ဖားကန့်

မေ ၁၃ – ၂၀၂၄ SN (VOM) ဥရုချောင်း မြေစာပုံကိစ္စကြောင့် ရေကြီးမှု နှစ်စဉ်ခံနေရတဲ့ ဖားကန့်မြို့မှာ အခုရက်ပိုင်းအတွင်း မိုးရွာသွန်းမှုကြောင့် ချောင်းရေ လျှံတတ်လာပြန်တဲ့အတွက် ကချင်ပြည်နယ်၊ ဖားကန့်မြို့၊ ဆိပ်မူကျေးရွာရှိ လမ်းမကြီးပေါ် ရေကြီးမှု ဖြစ်ပေါ်ခဲ့တယ်လို့ ဒေသတွင်း လူမှုကယ်ဆယ်ရေးအဖွဲ့တွေဆီက သိရပါတယ်။ ဖားကန့်မှာ ပြီးခဲ့တဲ့ မေ ၁၁ ရက်၊ မွန်းလွဲပိုင်းက မိုးသည်းထန်စွာ ရွာသွန်းခဲ့မှုကြောင့် ဆိပ်မူကျေးရွာရှိ လမ်းမကြီးပေါ် ရေလျှံမှုအပြင် အဲဒီမြို့နယ်အတွင်းက ကျေးရွာအများအပြားမှာလည်း ရေမြောင်းတွေ ပိတ်ဆို့နေတဲ့အတွက် လမ်းမတွေပေါ် ရေလျှံခဲ့မှုတွေ ဖြစ်ပေါ်ခဲ့တယ်လို့ သိရပါတယ်။ “ဥရုချောင်းတလျှောက် ရွှေတူးဖော်မှုတွေ၊ မြေစာပုံတွေ စွန့်ပစ်တာ၊ ချောင်းကိုပိတ်ဆို့ပြီး မြေဖို့တာတွေကြောင့် ရေကြီးရေလျှံမှုတွေက မိုးရာသီရောက်တိုင်း နှစ်စဉ်နှစ်တိုင်း ဖြစ်နေကျပါ။ သက်ဆိုင်ရာက ချောင်းရိုးတလျှောက် လုပ်ပိုင်ခွင့် ချပေးထားတဲ့ ရွှေလုပ်ကွက်တွေ၊ မြေစာပုံတွေရဲ့ စည်းကမ်းမဲ့မှုတွေကြောင့်…

Read More

အင်ဒိုနီးရှားမှာ ရေကြီးရေလျှံမှုကြောင့် လူ ၃၄ ယောက်သေဆုံးပြီး ၁၇ ယောက် ပျောက်ဆုံးနေ

ဂျကာတာ၊ မေ-၁၃ မျိုးဆက်(VOM) အင်ဒိုနီးရှားနိုင်ငံအနောက်ပိုင်းမှာ ရေကြီးရေလျှံမှုကြောင့် လူ ၃၄ ဦးသေဆုံးပြီး ၁၇ ယောက် ပျောက်ဆုံးနေကြောင်း ဒေသန္တရ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေးတာဝန်ရှိသူတွေက ပြောပါတယ်။ အနောက်ဆူမားတြားပြည်နယ်ရှိ ခရိုင်နှစ်ခုမှာ မိုးသည်းထန်စွာရွာသွန်းပြီးနောက် ကျွန်းစုရှိ အတက်ကြွဆုံးမီးတောင်ဖြစ်တဲ့ မာရာပီမီးတောင်ပေါ်ကနေ ကျောက်တုံးကျောက်ခဲတွေပါ ပြိုကျမှုဖြစ်ပွားခဲ့ပါတယ်။ လက်ရှိချိန်ထိ လူ ၃၄ ယောက်သေဆုံးခဲ့ပြီး အာဂန်ခရိုင်မှာ ၁၆ ယောက် တာနာ့ဒါတာခရိုင်မှာ ၁၈ ဦးသေဆုံးကာ ပျောက်ဆုံးနေသူ ၁၇ ယောက်ကို ဆက်လက်ရှာဖွေနေကြောင်း အနောက်ဆူမားတြား သဘာဝဘေးအန္တရာယ် အေဂျင်စီက ပြောပါတယ်။ ရှာဖွေကယ်ဆယ်ရေးတွေ ဒေသခံတွေ ကယ်ဆယ်ရေးသမားတွေအပြင် ရဲတပ်ဖွဲ့နဲ့ စစ်သားတွေကိုလည်း ဖြန့်ကြက်ထားကြောင်း တာဝန်ရှိသူတွေကပြောပါတယ်။ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေအပေါ် ဦးစားပေးလုပ်နေတာကြောင့် ဘေးလွတ်ရာပြောင်းရွှေ့ရသူအရေအတွက်ကို အတိအကျမသိရသေးကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။ အင်ဒိုနီးရှားနိုင်ငံမှာ မိုးရာသီကာလအတွင်း မြေပြိုမှုနဲ့ ရေကြီးရေလျှံမှုတွေ ဖြစ်ပွားလေ့ရှိပြီး လွန်ခဲ့သတဲ့…

Read More

ကဘော်ချိုင့်ဝှမ်းမှာ တိုက်ပွဲတွေဖြစ်လို့ ဟုမ္မလင်း – တမူး ကားလမ်း ပိတ်ထား

  မေ ၊ ၁၃ ၊ ၂၀၂၄ SP ( VOM) စစ်ကိုင်းတိုင်း အထက်ပိုင်း ဟုမ္မလင်း – တမူး ကားလမ်းမှာ ပြီးခဲ့တဲ့ မေ ၇ ရက်ကနေ ၊ ဒီကနေ့အထိ တိုက်ပွဲတွေ ဖြစ်နေတာကြောင့် လမ်းပိတ်ခံထားရပြီး ကုန်စည်ကူးသန်းရောင်းဝယ်မှုတွေနဲ့ ယာဥ်သွား ၊ ယာဥ်လမ်းတွေ ရပ်တန့်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ တမူးနယ်ခံတယောက်က ” တမူးမြို့နယ်မှာ ကုန်သွယ်ရေး ထွက်ပေါက် သုံးလမ်းရှိတယ် ၊ အဲ့ဒါတွေကတော့ ကလေ – တမူး ကားလမ်း ၊ တမူး – ဟုမ္မလင်း ကားလမ်းနဲ့ ရေကြောင်းကနေ တမူး – ယုဝ ( မော်လိုက်) လမ်းဆိုပြီး ရှိတယ် ၊ ကလေး – တမူး…

Read More

သီပေါက ရွှေဆိုင်တစ်ဆိုင် ရွှေသုံးပိဿာ နဲ့ ငွေ သိန်း ၁၀၀ ဓားပြတိုက်ခိုက်ခံရ

မေ ၁၃၊ ၂၀၂၄Shy V (VOM)ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါ်မြို့၊ ပန်းတိမ် မြောက်ရပ်ကွက်ရှိ ရွှေချိန်ခွင် ရွှေဆိုင်မှာ မေလ ၁၂ ရက်နေ့လယ်ပိုင်းက ရွှေ သုံးပိဿာ နဲ့ ငွေ ၁၀၀ ဓားပြတိုက်ခိုက်ခံရကြောင်း ဒေသခံတွေဆီက သိရပါတယ်။“သီပေါ ရွှေချိန်ခွင် ရွှေဆိုင် သေနတ်နဲ့ ဓါးပြတိုက်ခံရတယ်။ မနေ့ နေ့လယ် ၁၁ နာရီလောက်က။” လို့ သီပေါ ဒေသခံ အမျိုးသမီး တယောက်က ပြောပါတယ်။မိန်းကလေး တယောက် အပါအဝင် လူလေးယောက်က ကား အဖြူရောင်နဲ့ လာပြီး သေနတ်နဲ့ ခြိမ်းခြောက် ဓားပြ တိုက်သွားတာလို့ သူက ပြောပါတယ်။“လိုင်းပေါ်တင်ရင် သတ်မယ်လို့ ပြောသွားသေးတယ်တဲ့။ ရွှေ သုံး ပိဿာနဲ့ ငွေသား သိန်း ၁၀၀ ပါသွားတယ်။” လို့ သူက ‌ထပ်ပြောပြပါတယ်။အရင် တနေ့ကလည်း…

Read More

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း (မေ – ၁၃ ရက်)

Voice of Myanmar-အမေရိကန်ဒေါ်လာရောင်းဈေး – ၃၉၉၀ ကျပ်ဝယ်ဈေး – ၃၉၅၀ ကျပ်-စင်္ကာပူဒေါ်လာရောင်းဈေး – ၂၉၄၅ ကျပ်ဝယ်ဈေး – ၂၈၇၀ ကျပ်-ယူရိုရောင်းဈေး – ၄၂၉၅ ကျပ်ဝယ်ဈေး – ၄၁၆၅ ကျပ်-ထိုင်းဘတ်ရောင်းဈေး – ၁၀၈.၃၆ ကျပ်ဝယ်ဈေး – ၁၀၆.၁၉ ကျပ်-မလေးရှားရင်းဂစ်ရောင်းဈေး – ၈၄၀ ကျပ်ဝယ်ဈေး – ၈၁၄ ကျပ်-တရုတ်ယွမ်ရောင်းဈေး – ၅၅၁ ကျပ်ဝယ်ဈေး – ၅၃၇ ကျပ်-ဂျပန်ယန်းရောင်းဈေး – ၂၅.၅၉ ကျပ်ဝယ်ဈေး – ၂၄.၈၂ ကျပ်-အိန္ဒိယရူပီးရောင်းဈေး – ၄၇.၇၄ ကျပ်ဝယ်ဈေး – ၄၆.၃၁ ကျပ်-ကိုရီးယားဝမ်ရောင်းဈေး – ၂.၉၁ ကျပ်ဝယ်ဈေး – ၂.၈၂ ကျပ်-စတာလင်ပေါင်ရောင်းဈေး – ၄၉၄၀ ကျပ်ဝယ်ဈေး…

Read More

ယနေ့ ရွှေဈေး (မေ – ၁၃ ရက်၊ နံနက် ၁၀ နာရီ)

Voice of Myanmar -ကမ္ဘာ့ရွှေဈေး တအောင်စ ၂၃၆၁ ဒေါ်လာ -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၄၈၇၀၀၀၀ ကျပ် ဝယ်ဈေး ၄၈၃၀၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၄၆၇၀၀၀၀ ကျပ် ဝယ်ဈေး ၄၆၃၀၀၀၀ ကျပ် “လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။” ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။

Read More

ရုရှားကာကွယ်ရေးဝန်ကြီးကို အစားထိုးခန့်အပ်ဖို့ သမ္မတပူတင် စီစဉ်

မော်စကို၊ မေ-၁၃-၂၀၂၄မျိုးဆက်(VOM)ရုရှားသမ္မတပူတင်ဟာ သူ့ရဲ့ ကာလရှည်ကြာ မဟာမိတ်ဖြစ်တဲ့ ကာကွယ်ရေးဝန်ကြီး ဆာဂေးရှိုဂူနေရာကို အစားထိုးရန် စီစဉ်ထားတယ်လို့ ရုရှားသမ္မတနန်းတော်က ကြေညာပါတယ်။ပူတင်ဟာ သူ့ရဲ့ ပဉ္စမမြောက်သမ္မတသက်တမ်းကို ကျမ်းသစ္စာကျိန်ဆိုမှုပြီးနောက် အစိုးရအဖွဲ့အပြောင်းအလဲတွေ ပြုလုပ်နေပြီး ခန့်အပ်မှု အဆိုပြုချက်သစ်တွေကို အထက်လွှတ်တော်ကို တင်သွင်းပေးပို့နေပါတယ်။အသက် ၆၈ နှစ်ရှိပြီဖြစ်တဲ့ ဆာဂေးရှိုဂူဟာ ၂၀၁၂ ခုနှစ်ကတည်းက ကာကွယ်ရေးဝန်ကြီးအဖြစ် တာဝန်ယူခဲ့သူဖြစ်ပြီး လက်ရှိမှာတော့ ရုရှားလုံခြုံရေးကောင်စီရဲ့ အကြီးအကဲအဖြစ် ခံအပ်ခံရဖို့ရှိနေပါတယ်။မစ္စတာရှိုဂူနေရာမှာ ဒုတိယဝန်ကြီးချုပ် အန်ဒရေဘီလာဆော့ဗ်နေရာ အစားထိုးတာဝန်ယူမယ်လို့ ရုရှားအထက်လွှတ်တော်က ထုတ်ပြန်တဲ့ စာရွက်စာတမ်းတွေမှာ ဖော်ပြထားပြီး သူဟာ စစ်ရေးအတွေ့အကြုံနည်းတဲ့ စီးပွားရေးပညာရှင်တယောက်ဖြစ်ပါတယ်။မစ္စတာရှိုဂူနေရာမှာ အစားထိုးဖို့ စီစဉ်ထားတဲ့ မစ္စတာဘယ်လာဆော့ဟာ ဒုတိယဝန်ကြီးချုပ်အဖြစ် တာဝန်မထမ်ဆောင်ခင်က ပူတင်ရဲ့လက်ထောက်အဖြစ် နှစ်အတန်ကြာလုပ်ကိုင်ခဲ့သူဖြစ်ပါတယ်။ လက်ရှိပူတင်ရဲ့ အစိုးရသစ်မှာ ယခင်ရာထူးအတိုင်း ခန့်အပ်ခံရမယ့်သူတွေထဲမှာတော့ ဝါရင့် နိုင်ငံခြားရေးဝန်ကြီး ဆာဂေးလဗ်ရော့ဗ် ပါဝင်နေပါတယ်။Ref:BBCPhoto:Getty Images

Read More

This Day in History

Voice of Myanmarပုပ်ရဟန်းမင်းကြီး ဂျွန်ပေါ-၂ သည် ၁၉၈၁ ခုနှစ် မေ ၁၃ ရက်တွင် ဗာတီကန်စီးတီးရှိ စိန့်ပီတာရင်ပြင်၌ ဝတ်ပြုသူ နှစ်သောင်းရှေ့မှောက်တွင် တူရကီနိုင်ငံသား မာမက်အလီအက်ဂါ၏ ပစ်ခတ်မှုခံခဲ့ရပြီး လုပ်ကြံမှုမှ လွတ်မြောက်ခဲ့သည်။

Read More
VOM News

FREE
VIEW