အိန္ဒိယ – မြန်မာနယ်စပ် ကုန်သွယ်ရေး လမ်းကြောင်း ဖြစ်တဲ့ ကလေး – တမူးအာရှလမ်းပြန်ဖွင့်

စက်တင်ဘာ ၁ ၊ ၂၀၂၆ GG (VOM) မြန်မာ – အိန္ဒိယနယ်စပ်ကုန်သွယ်ရေးလမ်းဖြစ်တဲ့ စစ်ကိုင်းတိုင်း၊ ကလေး – တမူး အာရှလမ်းမကြီးကို အစိုးရက ဒီကနေ့ စက်တင်ဘာ ၁ ရက်ကစပြီး သွားလာခွင့် ပြန်လည်ခွင့်ပြုလိုက်ပြီလို့ သိရပါတယ် ။ ကလေး – တမူး အာရှလမ်းမကြီးပြန်ဖွင့်ပြီဖြစ်တဲ့အတွက် ခရီးသည်တင်ကားတွေလည်း စတင်ပြေးဆွဲနေပြီး ဖြစ်တယ်လို့ သိရပါတယ်။ ” ဒီနေ့စတင်ပြေးဆွဲတာပါ။နေ့ချင်းပေါက်ရောက်နိုင်ပါတယ်။ဒီနေ့မှစသွားရတာဆိုတော့ ဂိတ်ကြေး လမ်းကြေးတွေဘယ်လိုကျမယ် မသိသေးတော့ လမ်းစရိတ်ကတော့ နောက်ရက်လောက်မှ သိရမယ်။ကားခလည်း ဘယ်လောက်ဆိုပြီး မသတ်မှတ်ရသေးဘူး။ ဒီနေ့သွားတဲ့ ခရီးသည်တွေကို ကလေးကိုရောက်မှ ကုန်ကျမှုတွက်ပြီး ပြောရမှာပါ။ သူမနာ ကိုယ်မနာပေါ့။လမ်းကြေးဂိတ်ကြေးမများရင်တော့ ကားခစျေးကျမှာပါ ။ဆီစျေးကလည်း ကလေးမှာ တလီတာကို ၁၂၀၀၀ ရှိတယ်။ ” လို့ ကလေး – တမူး ကားပြေးဆွဲသူကပြောပါတယ်။…

Read More

သူတို့အိမ် အခန်း (၂၁၀)

ဆူးငှက်   မြေပြီးတော့ ရေ ———————- မြေဖိုးငွေချေပြီး ကျန်ငွေ ၄သိန်းလောက်နှင့် သွပ်မိုး ကပ်ကာအိမ်လေး ဆောက်ပေးပါဆိုတော့ အင်ဂျင်နီယာ ကိုသန်းဦးလည်း ခေါင်းကုပ်ရချေပြီ။ အဘယ့်ကြောင့် ဆိုသော် ဝင်းလေးကို ထရံကာသည်ကပင် ၃သောင်းခွြလောက် ကုန်ကျနေပြီ။ တစ်ဆက်တည်းပင် ရေအတါက်လည်း အဝီစိတွင်း တူးရဦးမည်။ ကျွန်တော်က “ကိုယ့်လူ အဝီစိတွင်းကို နောက်မှ တူးလို့ မဖြစ်ဘူးလားဗျာ၊ လိုတဲ့ရေကို ရှေ့က ရေမြောင်း၊ တောင်ဘက်ကရေမြောင်းတွေက ယူလို့ မရဘူးလား” ဟု ကိုသန်းဦးကို ဈေးဆစ်တော့ “လုပ်ငန်းသုံးအတွက်တော့ ရတာပေါ့၊ ဒါပေမယ့် လူသုံးအတွက်က ဒီမြောင်းရေနဲ့ ဘယ်ဖြစ်မလဲဗျ၊ သောက်ဖို့ သုံးဖို့ ချက်ဖို့ ပြုတ်ဖို့ လျှော်ဖို့ ဖွပ်ဖို့ ရှိတယ်လေ၊ ရေက တစ်လက်စတည်း တူးထားမှ အဆင်ပြေမှာဗျ” ဆိုတော့ တူးစေပေါ့။ ဟုတ်သည် နောက်တော့…

Read More

အတ္ထရံမြစ်ရေ ဆက်လက် မြင့်တက်နေပြီး ကျိုက်မရောမှာ ‌လူဦးရေ သုံးသောင်းကျော် ရေဘေးသင့်နေ

စက်တင်ဘာ ၁ – ၂၀၂၆ SS (VOM) မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်အတွင်း မိုးသည်းထန်စွာ ရွာသွန်းပြီး အတ္ထရံမြစ်ရေ မြင့်တက်မှုကြောင့် မြို့ပေါ် အနိမ့်ပိုင်းရပ်ကွက်တွေ အပါအဝင် ကျေးရွာအများအပြား ရေဝင်ရောက်နေပြီး လူဦးရေ သုံးသောင်းကျော် ရေဘေးသင့်နေတယ်လို့ ဒေသခံတွေနဲ့ လူမှုကူညီရေးအသင်း တာဝန်ရှိသူတွေက ပြောပါတယ်။ ပြီးခဲ့တဲ့ ဩဂုတ်လ ၂၃ ရက်နေ့ကစပြီး ရေကြီးလာတာဖြစ်ကာ ၁၀ ရက်ကြာတဲ့အထိ မြစ်ရေ ကျဆင်းခြင်းမရှိဘဲ ဆက်တိုးနေတာကြောင့် အိမ်ခြေ ၆၆၃၃ လုံးဝန်းကျင် ရေဝင်နေပြီး အိမ်ထောင်စု ၆၆၉၇ စု၊ လူဦးရေ သုံးသောင်းနှစ်ထောင်ဝန်းကျင် ရေဘေးသင့်နေတယ်လို့ သိရပါတယ်။ “ကျိုက်မရောမြို့ပေါ် အနိမ့်ပိုင်း ရပ်ကွက်တွေကတော့ တော်တော်များများ ရေမြုပ်ကုန်ပြီ။ လှေနဲ့ပဲ သွားလာနေရတယ်။ ကျိုက်မရောမြို့အဝင်ဆို ရေအမြင့်က ခါးစောင်းလောက်ရှိတယ်။ ကမ်းနားဘက်အခြမ်းကတော့ သွားလို့ မရတော့ဘူး၊ လူတရပ် မြုပ်တသွားပြီ။…

Read More

ပြည်ထောင်စုလမ်းမကြီး​ပေါ်က လမ်းပိုင်းတချို့ ရေကျော်နေပြီး ခရီးသွား​ကား​တွေပိတ်မိ​နေ

စက်တင်ဘာ ၁ – ၂၀၂၆ SN (VOM) တနင်္သာရီမြစ်ရေ မြင့်တက်မှုကြောင့် ပြည်ထောင်စုလမ်းမကြီးက မြိတ် – တနင်္သာရီ – ကော့သောင်းလမ်းပိုင်းတွေမှာ ရေကျော်နေပြီး ပိတ်မိနေတဲ့ ကားတွေလည်း ရှိနေတယ်လို့ မြို့နယ် ကြက်ခြေနီအသင်းခွဲ တာဝန်ရှိသူတယောက်က ပြောပါတယ်။ “ကားအစီးရေက လမ်းဘေးမှာ နားထားတာဆိုရင် ၃၀ လောက်ရှိမယ်။ ပိတ်မိနေတာ သုံးရက်လောက်တော့ ရှိမယ်။ ရေကျော်နေတဲ့လမ်းပိုင်း သုံးနေရာစလုံးမှာ ပိတ်မိနေတာ။ လောလောဆယ် လမ်းတွေက ကားတွေ၊ ဆိုင်ကယ်တွေ လုံးဝ သွားလာလို့ မရသေးဘူး။ ဆိုင်ကယ်လေးတွေကိုတော့ လှေ၊ ဖောင်တွေနဲ့ ကူးပေးနေတယ်” လို့ သူက ပြောပါတယ်။ ပြည်ထောင်စု လမ်းမကြီးအတွင်း တနင်္သာရီ – ကော့သောင်းလမ်းပိုင်းက လယ်တောင်ယာရွာ လမ်းမပေါ်မှာ ၄ ပေခန့် ရေကျော်နေသလို တနင်္သာရီ – မြိတ်လမ်းပိုင်းက…

Read More

မူလပိုင်ရှင်ပေါ်လာလို့ ကျူးကျော်လို့သတ်မှတ်ပြီး ဖယ်ရှားခံရမယ့် မန္တလေး မဟာအောင်မြေမြို့နယ်က အိမ်ခြေ (၂၀၀) ကျော်နဲ့ ပတ်သက်တဲ့ နောက်ဆုံးအခြေအနေ

မန္တလေး၊ စက်တင်ဘာ – ၁ -၂၀၂၆ VOICE OF MYANMAR မန္တလေးတိုင်း မဟာအောင်မြေခရိုင် မဟာအောင်မြေမြို့နယ် သံလျှက်မှော်အနောက်ရပ်ကွက် အကွက် ၄၀၅ (က-ခ) အုတ်ကျင်းရပ်မှာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၆၀ ကျော် ကတည်းက အုတ်စက်ပိုင်ရှင် ဦးညိုရောင် က သူ့အလုပ်သမားတွေကို မြေအပိုင်ပေးပြီး နေထိုင်စေခဲ့တယ်ဆိုတဲ့ ၁၁ ဧကကျော် မြေဟာ မူလပိုင်ရှင်ရှိတယ်ဆိုပြီး တရားဝင်အထောက်အထားတွေနဲ့ ဖော်ပြလာပါတယ်။ ခုလက်ရှိမှာ နေထိုင်တဲ့ အိမ်ခြေ ၂၀၀ ကျော်နဲ့ မိသားစု ၂၅၀ကျော် လူဦးရေ ၁၂၀၀ ကျော်ကို ပိုင်ရှင်ပေါ် ပေါက်လို့ ကျူးကျော်ဆိုပြီး ဖျက်ပေးရမယ်လို့ မတ်လ ၂၃ ရက်က သက်ဆိုင်ရာကနေ အကြောင်းကြား ခဲ့တာကြောင့် ဖယ်ရှားခံရမယ့်သူတွေနဲ့ မတ်လ ၂၂ ရ‌က်နေ့မှာ VOM က သတင်းရိုက်ကူးတင်ဆက်ခဲ့တာကို…

Read More

ဧရာဝတီတိုင်းမှာ ရေဘေးကြောင့် သေဆုံးသူ ကိုးယောက်အထိရှိလာ

စက်တင်ဘာ ၁ ၊ ၂၀၂၆ GG (VOM) ငါးသိုင်းချောင်းမြို့နယ်မှာ ဒီကနေ့စက်တင်ဘာ ၁ ရက်နေ့ မနက်ပိုင်းက ရေနစ်သေဆုံးတဲ့ အမျိုးသားနှစ်ယောက်အလောင်းကို တွေ့ရှိခဲ့တာကြောင့် ခုဆိုရင် ဧရာဝတီတိုင်းရေဘေးမှာ ရေနစ်သေဆုံးသူ ကိုးယောက်အထိ ရှိလာပါတယ်။ ဒီကနေ့ တွေ့ရှိရတဲ့ အမျိုးသားရုပ်အလောင်းနှစ်ခုဟာ ဩဂုတ် ၃၀ ရက်နေ့ ညနေပိုင်းက ကြပ်ကွင်းရွာအရှေ့ဘက် စက်လှေတိမ်းမှောက်မှုမှာ ပျောက်ဆုံးနေသူတွေဖြစ်ပြီး အသက် ၃၀ ကျော်အရွယ် ကိုမှတ်ကြီး နဲ့ သိန်းမင်းအောင်တို့ ဖြစ်ပါတယ်။ လက်ရှိမှာ ရေနစ်သေဆုံးသူတွေရဲ့ ရုပ်အလောင်းကို ရေကြည်မြို့နယ် ရင်ခွဲရုံကိုပို့ဆောင်ထားပါတယ်။ ” မနက် ၇ နာရီ ကျော်လောက်ကတွေ့တယ်။မနေ့က အလောင်းတွေ့တဲ့နေရာမှာပဲတွေ့တာ။စက်လှေကတော့မတွေ့သေးဘူး။စက်လှေမှောက်တာ သုံးယောက်ကို တေယာက္က မနေ့ကတွေတယ်။ နှစ်ယောက်ကဒီနေ့တွေ့တာ။သိန်းမင်းအောင်ကဆိုရင် ရွှေဘိုရပ်ကွက်စာရေးပါ။ ကြပ်ကွင်းရွာကပါ။ ” လို့ ဒေသခံက ပြောပါတယ်။ ဩဂုတ် ၃၁ ရက်နေ့မနက်ပိုင်းက…

Read More

ပခုက္ကူခရိုင်ပြည်သူ့ဆေးရုံကြီးမှာ ပင်စင်စားဝန်ထမ်း​တွေကို အခမဲ့ ကျန်းမာရေးစောင့်ရှောက်မှုပေး

ပခုက္ကူ၊ စက်တင်ဘာ ၁-၂၀၂၆ LP(VOM) ​မကွေးတိုင်း၊ ပခုက္ကူခရိုင် ပြည်သူ့ဆေးရုံကြီးမှာ နိုင်ငံ့ဝန်ထမ်း ပင်စင်စားတွေအတွက် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းတွေကို လစဉ် ၂၁ ရက်နေ့တိုင်း အခမဲ့ ဆောင်ရွက်ပေးနေတယ်လို့ သိရပါတယ်။ ​ကုသရေးဦးစီးဌာနရဲ့ ညွှန်ကြားချက်နဲ့အညီ ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်းပြီး နိုင်ငံ့ဝန်ထမ်း အငြိမ်းစားတွေကို ဆီးချို၊ သွေးချို၊ သွေးတိုး၊ နှလုံးနဲ့ နာတာရှည်ရောဂါတွေအတွက် အခမဲ့ကုသမှုတွေ ပေးနေတာဖြစ်တယ်လို့ ပခုက္ကူခရိုင် ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာ ဝေဝေဦးက ပြောပါတယ်။ ​”အဓိကကတော့ ဆီးချို၊ သွေးတိုး၊ နှလုံးစတဲ့ နာတာရှည်ရောဂါတွေကို လိုအပ်တဲ့ ဆေးစစ်ချက်တွေ ပြုလုပ်ပေးပြီး နိုင်ငံတော်က ထောက်ပံ့ပေးတဲ့ အခြေခံဆေးဝါး တစ်လစာကို အခမဲ့ ပေးဝေမှာပါ ဒါ့အပြင် လိုအပ်လာရင် အထူးကုနဲ့ပြမှရမယ်ဆိုရင် One Stop Service ဆောင်ရွက်​ပေးပြီးသွေးစစ်၊ ဆီးစစ်တာ၊ ECG တိုင်းတာတာနဲ့ ဓာတ်မှန်ရိုက်ကူးတာ…

Read More
VOM News

FREE
VIEW