ရုရှားကာကွယ်ရေးဝန်ကြီးကို အစားထိုးခန့်အပ်ဖို့ သမ္မတပူတင် စီစဉ်



မော်စကို၊ မေ-၁၃-၂၀၂၄
မျိုးဆက်(VOM)

ရုရှားသမ္မတပူတင်ဟာ သူ့ရဲ့ ကာလရှည်ကြာ မဟာမိတ်ဖြစ်တဲ့ ကာကွယ်ရေးဝန်ကြီး ဆာဂေးရှိုဂူနေရာကို အစားထိုးရန် စီစဉ်ထားတယ်လို့ ရုရှားသမ္မတနန်းတော်က ကြေညာပါတယ်။

ပူတင်ဟာ သူ့ရဲ့ ပဉ္စမမြောက်သမ္မတသက်တမ်းကို ကျမ်းသစ္စာကျိန်ဆိုမှုပြီးနောက် အစိုးရအဖွဲ့အပြောင်းအလဲတွေ ပြုလုပ်နေပြီး ခန့်အပ်မှု အဆိုပြုချက်သစ်တွေကို အထက်လွှတ်တော်ကို တင်သွင်းပေးပို့နေပါတယ်။

အသက် ၆၈ နှစ်ရှိပြီဖြစ်တဲ့ ဆာဂေးရှိုဂူဟာ ၂၀၁၂ ခုနှစ်ကတည်းက ကာကွယ်ရေးဝန်ကြီးအဖြစ် တာဝန်ယူခဲ့သူဖြစ်ပြီး လက်ရှိမှာတော့ ရုရှားလုံခြုံရေးကောင်စီရဲ့ အကြီးအကဲအဖြစ် ခံအပ်ခံရဖို့ရှိနေပါတယ်။

မစ္စတာရှိုဂူနေရာမှာ ဒုတိယဝန်ကြီးချုပ် အန်ဒရေဘီလာဆော့ဗ်နေရာ အစားထိုးတာဝန်ယူမယ်လို့ ရုရှားအထက်လွှတ်တော်က ထုတ်ပြန်တဲ့ စာရွက်စာတမ်းတွေမှာ ဖော်ပြထားပြီး သူဟာ စစ်ရေးအတွေ့အကြုံနည်းတဲ့ စီးပွားရေးပညာရှင်တယောက်ဖြစ်ပါတယ်။

မစ္စတာရှိုဂူနေရာမှာ အစားထိုးဖို့ စီစဉ်ထားတဲ့ မစ္စတာဘယ်လာဆော့ဟာ ဒုတိယဝန်ကြီးချုပ်အဖြစ် တာဝန်မထမ်ဆောင်ခင်က ပူတင်ရဲ့လက်ထောက်အဖြစ် နှစ်အတန်ကြာလုပ်ကိုင်ခဲ့သူဖြစ်ပါတယ်။ လက်ရှိပူတင်ရဲ့ အစိုးရသစ်မှာ ယခင်ရာထူးအတိုင်း ခန့်အပ်ခံရမယ့်သူတွေထဲမှာတော့ ဝါရင့် နိုင်ငံခြားရေးဝန်ကြီး ဆာဂေးလဗ်ရော့ဗ် ပါဝင်နေပါတယ်။

Ref:BBC
Photo:Getty Images

Related posts

VOM News

FREE
VIEW