နေပြည်တော် ဧပြီ၎-၂၀၁၉
ကိုထွန်း(VOM)
သူရဦးရွှေမန်းဦးဆောင်ဖွဲ့စည်းနေတဲ့ “ပြည်ထောင်စု ကောင်းကျိုးဆောင်ပါတီကို မြန်မာနိုင်ငံရွေးကောက်ပွဲကော်မရှင်ကနေ ဖွဲ့စည်းခွင့်ပြုလိုက်ပြီ ဖြစ်ကြောင်း သိရပါတယ်။
ပါတီရဲ့CEC.အဖွဲ့ကို သူရဦးရွှေမန်း၊ ဦးကျော်စန်း ဒေါက်တာခင်မောင်ဆွေ၊ ဒေါက်တာခင်မြလွင်၊ ဒေါက်တာစိုးမိုးအောင်၊ဦးစောလှထွန်း၊ဦးဌေး၊ဦးတင်မောင်ဦး၊ဦးဘိုဝင်း၊၊ဦးဘုန်းဆွေ၊ဦးမြင့်ဆွေ၊ ဦးမြင့်ထွန်း၊ ဦးမြတ်သိန်းထွန်း၊ဦးရဲမြင့်၊၊ဦးဝင်းသန်း၊၊ဦးဝင်းဦး၊၊ဦးသိန်းဝင်း၊ဦးအေးဟန်၊ဦးအောင်မြင့် တို့နဲ့ ဖွဲ့စည်း ထားတယ်လို့ သိရပါတယ်။
ရွေးကောက်ပွဲကော်မရှင်ကနေ ခွင့်ပြုတယ်လို့ အကြောင်းကြားခဲ့တဲ့အတွက် ပါတီရဲ့တံဆိပ်၊ အလံ၊ ပါတီမှတ်ပုံတင်ရေးကိစ္စတွေနဲ့ပတ်သက်ပြီးတော့ ဧပြီလလေးရက်နေ့ မနက်ပိုင်းက ပါတီဥက္ကဌသူရဦးရွှေမန်းရဲ့ နေအိမ်မှာ အစည်းအဝေးပွဲကျင်းပခဲ့တယ်လို့ သိရပါတယ်။
သူရဦးရွှေမန်းအနေနဲ့ “ချစ်ခင်လေးစားရပါသော.ပြည်သူလူထုကြီးခင်ဗျာ.ယနေ့ကျွန်တော်တို့နိုင်ငံမှာအမျိုးသားရင်ကြားစေ့ရေးနဲ့ ဒီမိုကရေစီဖက်ဒရယ်နိုင်ငံထူထောင်ရေးအပါအဝင်အခြေခံဥပဒေပြင်ဆင်ရေး စတဲ့ အရေးကြီးတဲ့ တိုင်းပြည်ရဲ့အခန်းကဏ္ဍတွေမှာ တကယ်အလုပ်လုပ်နိုင့်မယ့် ၊ပြည်သူကိုတကယ်စေတနာထားဆောင်ရွက်မယ့် ပြည်ထောင်စုကောင်းကျိုးဆောင်ကျဉ်းနိုင်မယ့် လူပုဂ္ဂိုလ်၊ပါတီ၊အဖွဲ့အစည်းမျိုးကို ပြည်သူများက ပြည်သူ့အားနဲ့ဝိုင်းဝန်းချီးမြှောက်ပေးကြဖို့အချိန်ရောက်ပါပြီလို့ အကြံပြုတင်ပြလိုက်ရပါကြောင်း” ဖေ့ဘုတ်စ် စာမျက်မျက်နှာကနေ တိုက်တွန်းထားပါတယ်။
#voiceofmyanmar #ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ #သူရဦးရွှေမန်း #ရွေးကောက်ပွဲ