ဟားမတ်စ် နိုင်ငံရေးခေါင်းဆောင်အပြင် စစ်ရေးခေါင်းဆောင်ပါ သေဆုံးသွားပြီလို့ အစ္စရေး ကြေညာ

 

ဂါဇာစီးတီး၊ ဩဂုတ်-၁-၂၀၂၄
မျိုးဆက်(VOM)

ဂါဇာကမ်းမြှောင်ဒေသမှာ ပြုလုပ်ခဲ့တဲ့ အစ္စရေးရဲ့ လေကြောင်းတိုက်ခိုက်မှုအတွင်း ဟားမတ်စ်စစ်ရေးခေါင်းဆောင် သေဆုံးသွားတယ်လို့ အစ္စရေးစစ်တပ်က ဒီနေ့ ထုတ်ပြန်ကြေညာလိုက်ပါတယ်။

ဇူလိုင် ၁၃ ရက်နေ့က ခန်းယွန်နစ်ဒေသရှိ ခြံဝန်းတခုမှာ ဟားမတ်စ်စစ်ရေးခေါင်းဆောင် Mohammed Deif ကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့တာလို့ အစ္စရေးစစ်တပ်က ထုတ်ပြန်ထားပြီး သူသေဆုံးမှုကိုတော့ဟားမတ်စ်တို့က အတည်မပြုနိုင်သေးပါဘူး။

အဲဒီနေ့က တိုက်ခိုက်မှုမှာ လူပေါင်း ၉၀ ကျော်သေဆုံးခဲ့ကြောင်း ဂါဇာကျန်းမာရေးအာဏာပိုင်တွေက ထုတ်ပြန်ပေမယ့် Mohammed Deif သေဆုံးမှုကို ရှင်းလင်းစွာမသိရပါဘူး။ သူခိုလှုံနေတဲ့ လက်ထောက်တယောက်ရဲ့ အိမ်ဝန်းကျင်မှာ ပေါင် ၂၀၀၀ အလေးချိန်ရှိတဲ့ဗုံးလိုမျိုး ပေါက်ကွဲမှုတွေဖြစ်ပွားခဲ့တယ်လို့ သတင်းတွေက ဆိုပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၇ ရက်က အစ္စရေးတောင်ပိုင်းကို နယ်စပ်ဖြတ်ကျော်တိုက်ခိုက်ခဲ့ပြီး လူပေါင်း ၁၂၀၀ သေဆုံးမှုမှာ Mohammed Deif တာဝန်ရှိတယ်လို့ အစ္စရေးစစ်တပ်က ပြောပါတယ်။

ပြီးခဲ့တဲ့နေ့ကလည်း အီရန်နိုင်ငံ မြို့တော်တီဟီရန်မှာ အစ္စရေးရဲ့ လေကြောင်းတိုက်ခိုက်မှုအတွင်း ဟားမတ်စ်နိုင်ငံရေးခေါင်းဆောင် အစ္စမေးလ် ဟာနီယာ နဲ့ လက်ဘနွန်လေကြောင်းတိုက်ခိုက်မှုမှာ ဟဇ်ဘိုလာထိပ်တန်းတပ်မှူး ဖော့ဒ်ဆူကာတို့ သေဆုံးခဲ့ပြီးနောက် ဟားမတ်စ်စစ်ရေးခေါင်းဆောင် သေဆုံးမှုကို အစ္စရေးစစ်တပ်က အသိပေးထုတ်ပြန်လာတာဖြစ်ပါတယ်။

Ref:BBC
Photo:AFP

#Voiceofmyanmar #VOM #အစ္စရေး #ဟားမတ်စ်နိုင်ငံရေးခေါင်းဆောင် #လေကြောင်းတိုက်ခို်ကမှု #သေဆုံး

Related posts

Leave a Comment

VOM News

FREE
VIEW