ဂျပန်နိုင်ငံရဲ့ ဇူလိုင်လအပူချိန် ၁၂၆ နှစ်အတွင်း အမြင့်ဆုံးစံချိန်တင်

 

တိုကျို၊ ဩဂုတ်-၂-၂၀၂၄
မျိုးဆက်(VOM)

ဂျပန်နိုင်ငံမှာ ပြီးခဲ့တဲ့ဇူလိုင်လာဟာ နှစ်ပေါင်း ၁၂၆ နှစ်အတွင်း နိုင်ငံရဲအပူပြင်းဆုံးလအဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်း ဂျပန်မိုးလေဝသအေဂျင်စီက ပြောပါတယ်။

ပစိဖိတ်သမုဒ္ဒရာမှာဖြစ်ပေါ်နေတဲ့ ရာသီဥတုအခြေအနေဟာ ဇူလိုင်လမှ ပိုမိုပြင်းထန်လာပြီး နိုင်ငံတဝန်း အပူချိန်များ မြင့်တက်ကာ အန္တရာယ်ရှိတဲ့ အဆင့်ထိ ရောက်ရှိခဲ့တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

ဇူလိုင်လမှာ ဂျပန်တနိုင်ငံလုံးရဲ့ ပျှမ်းမျှအပူချိန်ဟာ ပုံမှန်ထက် ၂ ဒသမ ၁၆ ဒီဂရီစင်တီဂရိတ်ထိ မြင့်တက်ခဲ့ပြီး ဒါဟာ ၁၈၉၈ ခုနှစ်မှာ မှတ်တမ်းတွေ ထားရှိပြီးနောက်ပိုင်း အမြင့်ဆုံးဖြစ်ပါတယ်။

ဂျပန်တောင်ပိုင်း၊ ကာဂိုရှီးမားစီရင်စုရှိ အာမာမီဒေသနဲ့ အိုကီနာဝါစီရင်စုတို့မှာ ပျှမ်းမျှအပူချိန်ဟာ ၁၉၄၆ ခုနှစ်နောက်ပိုင်း အမြင့်ဆုံးဖြစ်ခဲ့ပါတယ်။ ဂျပန်အနောက်ပိုင်းနဲ့ မြောက်ပိုင်းဒေသတွေဟာလည်း အပူချိန် မြင့်တက် ဒုတိယမြောက် စံချိန်တင်ခဲ့ပါတယ်။

ကမ္ဘာကြီးပူနွေးလာမှု ဆက်လက်မြင့်တက်လာပါက ဂျပန်နိုင်ငံဟာ ထိခိုက်ခံစားရမယ့် နိုင်ငံတွေစာရင်းမှာ ထိပ်ဆုံးက ပါဝင်နေတယ်လို့ မိုးလေဝသတာဝန်ရှိသူတွေက သတိပေးထားပါတယ်။ ဩဂုတ်လအတွင်းမှာလည်း နိုင်ငံတွင်းမှာ အပူချိန်ဆက်လက်မြင့်တက်မယ်လို့ တာဝန်ရှိသူတွေက ထုတ်ပြန်သတိပေးထားပါတယ်။

Ref:NHK
Photo:Sky News

#Voiceofmyanmar #VOM #ဂျပန် #အပူချိန် #၁၂၆နှစ်အတွင်း #အမြင့်ဆုံး #စံချိန်တင်

Related posts

Leave a Comment

VOM News

FREE
VIEW