အီရန်နဲ့ စစ်သွေးကြွအဖွဲ့တွေ ပူးပေါင်းလက်တုံ့ပြန်နိုင်ကြောင့် အစ္စရေးစစ်တပ်ကို အမြင့်ဆုံး တပ်လှန့်

 

တဲလ်အဗစ်၊ ဩဂုတ်-၂-၂၀၂၄
မျိုးဆက်(VOM)

ဟားမတ်စ်နဲ့ ဟဇ်ဘိုလာခေါင်းဆောင်တွေ လုပ်ကြံခံရမှုအတွက် အီရန်နဲ့ သူ့ရဲ့ မဟာမိတ်စစ်သွေးကြွအဖွဲ့တွေက ပူးပေါင်းတိုက်ခိုက်နိုင်တာကြောင့် အစ္စရေးစစ်တပ်ကို အမြင့်ဆုံး တပ်လှန့်ထားကြောင်း အစ္စရေးအခြေစိုက် သတင်းဌာတွေက ဖော်ပြထားပါတယ်။

ဟားမတ်စ်နိုင်ငံရေးခေါင်းဆောင် အစ္စမေးလ်ဟာနီယာဟာ အီရန်နိုင်ငံ တီဟီရန်မှာ ဗုဒ္ဓဟူးနေ့က အသတ်ခံခဲ့ရပြီး ဒီကိစ္စအပေါ် အီရန်ဘာသာရေးခေါင်းဆောင် ခါမေနီကတော့ အစ္စရေးလက်ချက်လို့ ပြောဆိုထားပြီး လက်တုံ့ပြန်မယ်လို့ ဆိုပါတယ်။

လက်ဘနွန်အခြေစိုက် ဟဇ်ဘိုလာအဖွဲ့ ထိပ်တန်းတပ်မှူးတယောက်လည်း ဘေရွတ်မှာပြုလုပ်ခဲ့တဲ့ အစ္စရေးရဲ့ လေကြောင်းတိုက်ခိုက်မှုအတွင်း သေဆုံးခဲ့ပါတယ်။ ဟဇ်ဘိုလာခေါင်းဆောင်ကတော့ ရန်သူဟာ လက်တုံ့ပြန်မယ့်အရေး ကြိုမျှော်လင့်ထားသင့်တယ်လို့ သတိပေးထားပါတယ်။

အီရန်ဟာ အစ္စရေးကို လက်တုံ့ပြန်ရေးအတွက် လာမယ့်ရက်များအတွင်း မျက်နှာစာများစွာမှ ထွက်ပေါ်နိုင်ကြောင်း အစ္စရေး သတင်းဌာနတခုက ဖော်ပြထားပါတယ်။ အစ္စရေးစစ်တပ်ပြောရေးဆိုခွင့်ရှိသူကတော့ အစ္စရေးတပ်တွေကို အမြင့်ဆုံး သတိပေးချက် ထုတ်ထားပြီး ဘယ်အခြေအနေအတွက်မဆို ကြိုတင်ပြင်ဆင်ထားတယ်လို့ ပြောပါတယ်။

လက်တုံ့ပြန်တိုက်ခိုက်မှုတွေဟာ ပြည်ပရှိ အစ္စရေးသံရုံးတွေနဲ့ ဘုရားကျောင်းတွေကို ပစ်မှတ်ထားနိုင်ကြောင်း အစ္စရေးအစိုးရက သတိပေးထားပါတယ်။ ဂါဇာစစ်ပွဲ စတင်ကတည်းက လက်ဘနွန်အခြေစိုက် ဟဇ်ဘိုလာတို့ဟာ ဟားမတ်စ်တို့ကို ထောက်ခံတဲ့အနေနဲ့ အစ္စရေးမြောက်ပိုင်းကို ဒုံးကျည်တွေနဲ့ ပစ်ခတ်တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ပြီး တင်းမာမှုတွေ မြင့်တက်ခဲ့ပါတယ်။

Ref:NHK
Photo:Getty Images

#Voiceofmyanmar #VOM #အစ္စရေး #အီရန်#လက်တုံ့ပြန်

Related posts

Leave a Comment

VOM News

FREE
VIEW