အီရန်ရဲ့ တိုက်ခိုက်မှုမှန်သမျှ လက်တုံ့ပြန်ဖို့ အသင့်ရှိတယ်လို့ အစ္စရေးဝန်ကြီးချုပ် သတိပေး

 

တဲလ်အဗစ်၊ ဩဂုတ်-၅-၂၀၂၄
မျိုးဆက်(VOM)

ပြီးခဲ့တဲ့ သီတင်းပတ်အတွင်းက ဟားမတ်စ်ခေါင်ဆောင် လုပ်ကြံသတ်ဖြတ်ခံရပြီးနောက် အီရန်ရဲ့ ဘယ်လိုတိုက်ခိုက်မှုကိုမဆို တုံ့ပြန်ဖို့ အသင့်ရှိတယ်လို့ အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုက သတိပေးလိုက်ပါတယ်။

ဟားမတ်စ်ခေါင်းဆောင် အစ္စမေးလ်ဟာနီယာဟာ အီရန်သမ္မတကျမ်းသစ္စာကျိန်ဆိုပွဲတက်ဖို့ အီရန်မှာရောက်နေချိန် ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က လုပ်ကြံသတ်ဖြတ်ခံခဲ့ရပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး အစ္စရေးက လူသိရှင်ကြား မှတ်ချက်မပေးပေမယ့် အီရန်နဲ့မဟာမိတ်တွေရဲ့ လက်တုံ့ပြန်နိုင်ခြေကို ကြိုတင်ပြင်ဆင်လို့နေပါတယ်။

အီရန်ကျောထောက်နောက်ခံပြု လက်ဘနွန်အခြေစိုက် ဟဇ်ဘိုလာအဖွဲ့ကလည်း လက်ဘနွန်မှာ သူတို့ရဲ့ ထိပ်တန်းတပ်မှူးကို အစ္စရေးက လေကြောင်းတိုက်ခိုက် သတ်ဖြတ်ခဲ့တာကြောင့် လက်တုံ့ပြန်မယ်လို့ ကတိပြုထားပြီး မနေ့ကတော့ အစ္စရေးမြောက်ပိုင်းကို ဒုံးကျည်တွေနဲ့ တိုက်ခိုက်ခဲ့ပါတယ်။

“ ဘယ်အခြေအနေအတွက်အဆို အစ္စရေးကတော့ အသင့်ဖြစ်နေပါပြီ။ ရန်လိုမှုမှန်သမျှကို ဘယ်လိုမျက်နှာစာကလာနေပါစေ ဆိုးရွားတဲ့အကျိုးဆက်တွေနဲ့ ကြုံရလိမ့်မယ်လို့ ” နေတန်ယာဟုက အစိုးရအဖွဲ့ အစည်းအဝေးမှာ ပြောပါတယ်။

အစ္စရေး ကာကွယ်ရေးဝန်ကြီး ဂယ်လ်လန့်ကတော့ အစ္စရေး စစ်ဘက်အရာရှိတွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ အစ္စရေးမီဒီယာတွေကတော့ အမေရိကန်ကာကွယ်ရေးဝန်ကြီး လွိုက်အော်စတင်ဟာလည်း မနက်ဖြန် အစ္စရေးကို လာမယ်လို့ ဆိုပါတယ်။

အရှေ့အလယ်ပိုင်းမှာ အခုလို အခြေအနေတွေနဲ့ပတ်သက်ပြီး ထိန်းထိန်းသိမ်းသိမ်း ကိုင်တွယ်ဖြေရှင်းဖို့ သက်ဆိုင်ရာ နို်ငငံနဲ့ အဖွဲ့အစည်းတွေကို ဂျီ-၇ အဖွဲ့က တိုက်တွန်းထားပါတယ်။

Ref:NHK
Photo:Times of Israel

#Voiceofmyanmar #VOM #အစ္စရေး #အီရန် #လက်တုံ့ပြန်မှု #အရှေ့အလယ်ပိုင်းတင်းမာမှု

Related posts

Leave a Comment

VOM News

FREE
VIEW