မဟာမိတ်တွေ ထောက်ပံ့တဲ့ အမေရိကန်လုပ် အက်ဖ်-၁၆ တိုက်လေယာဉ်တွေ ယူကရိန်းကို ရောက်ပြီ

 

ကိဗ်ယက်၊ ဩဂုတ်-၅-၂၀၂၄
မျိုးဆက်(VOM)

ယူကရိန်းဟာ မဟာမိတ်တွေထောက်ပံ့တဲ့ အမေရိကန်လုပ် အက်ဖ်-၁၆ တိုက်လေယာဉ်တွေကို ပထမဆုံးအကြိမ် လက်ခံရရှိပြီလို့ ယူကရိန်းသမ္မတ ဇီလန်စကီးက ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

“ယူကရိန်းကို အက်ဖ်-၁၆ တိုက်လေယာဉ်တွေရောက်ပါပြီ။ ဒါကိုကျွန်တော်တို့ လုပ်နိုင်ခဲ့တယ် ” လို့ အမည်မဖော်တဲ့ လေတပ်စခန်းတခုက လေယာဉ်နှစ်စင်းနောက်ခံထားပြီး ပြုလုပ်တဲ့ အခမ်းအနားတခုမှာ ယူကရိန်းသမ္မတက ပြောပါတယ်။

အက်ဖ်-၁၆ တိုက်လေယာဉ်တွေ ယူကရိန်းကို ထောက်ပံ့ရေးအတွက် ယခင်က ချီတုံချတုံဖြစ်နေတဲ့ မဟာမိတ်နိုင်ငံတွေက အခုလိုပေးပို့မှုအတွက် ကျေးဇူးတင်ရှိပြီး နောက်ထပ်များစွာ လိုအပ်နေသေးတယ်လို့ ဇီလန်စကီးက ပြောပါတယ်။

အမေရိကန်လုပ် အက်ဖ်-၁၆ တိုက်လေယာဉ်တွေ ယူကရိန်းကို ရောက်ရှိလာတာဟာ ဆိုဗီယက်ခေတ်တိုက်လေယာဉ်တွေကို အဓိကအားထားနေရတဲ့ ယူကရိန်းလေတပ်ရဲ့ စွမ်းဆောင်ရည်ကို မြှင့်တင်ရာမှာ အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်နေပါတယ်။

ယူကရိန်းအတွက် ပေးပို့ဖို့ဆန္ဒရှိတဲ့နိုင်ငံတွေအနေနဲ့ အမေရိကန်လုပ် အက်ဖ်-၁၆ တိုက်လေယာဉ်တွေ ပေးပို့ခွင့်ကို သမ္မတဂျိုးဘိုင်ဒင်က ၂၀၂၃ ခုနှစ် ဩဂုတ်လမှာ မဟာမိတ်နိုင်ငံတွေကို ခွင့်ပြုပြီးနောက် နေတိုးအဖွဲ့ဝင်နိုင်ငံတွေက ယူကရိန်းအတွက် အက်ဖ်-၁၆ တိုက်လေယာဉ် ၆၅ စင်း ထောက်ပံ့မယ်လို့ ကတိပြုခဲ့ကြပါတယ်။

Ref:BBC
Photo:Getty Images

#Voiceofmyanmar #VOM #ယူကရိန်း #အမေရိကန် #အက်ဖ်-၁၆တိုက်လေယာဉ် #ထောက်ပံ့မှု

Related posts

Leave a Comment

VOM News

FREE
VIEW