ရုရှားနိုင်ငံထဲ စစ်ဆင်ရေးမှာ ဗြိတိန်လက်နက်တွေ သုံးလို့ရတယ်လို့ ယူကရိန်းစစ်တပ်ပြော

 

ကိဗ်ယက်၊ ဩဂုတ်-၁၅-၂၀၂၄
မျိုးဆက်(VOM)

ယူကရိန်းအတွက် ဗြိတိန်က ထောက်ပံ့ပေးထားတဲ့ လက်နက်တွေကို ရုရှားနိုင်ငံထဲကို လက်ရှိဝင်ရောက်တိုက်ခိုက်ရာမှာ အသုံးပြုဖို့ တားမြစ်ထားတာမရှိကြောင်း ယူကရိန်းကာကွယ်ရေး ဝန်ကြီးဌာနက ပြောပါတယ်။

ဒီလက်နက်တွေကို နိုင်ငံတကာ ဥပဒေစည်းမျဉ်းတွေနဲ့အတိုင်း အသုံးပြုသွားမယ်လို့ ယူကရိန်းကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

ရုရှားနိုင်ငံ ကာ့ဒ်ဒေသကို ယူကရိန်းတပ်တွေ ထိုးဖောက်ဝင်ရောက်တိုက်ခိုက်မှု ၁၀ ရက်မြောက်ဖြစ်လာချိန်မှာ လက်နက်တွေ အသုံးပြုခွင့်ရရှိထားတယ်ဆိုတာ ယူကရိန်းက ထုတ်ဖော်ပြောဆိုလာတာဖြစ်ပါတယ်။

ယူကရိန်းထိုးစစ်ဆင်နေတဲ့ နေရာတွေရှိ အရပ်သားတွေကို ဘေးလွတ်ရာရွှေ့ပြောင်းနိုင်ဖို့ လူသားချင်းစာနာမှုဆိုင်ရာ စင်္ကြံတွေ ထူထောင်သွားမယ်လို့ ယူကရိန်းက ပြောဆိုထားပြီး ရုရှားကတော့ ယူကရိန်းတပ်တွေကို ပြန်တိုက်ထုတ်နေတယ်လို့ ဆိုပါတယ်။

ဒီအတောအတွင်း ယူကရိန်းဒေသရှစ်ခုကို မနေ့ကညက တိုက်ခိုက်ခဲ့တဲ့ ရုရှားရဲ့ ဒရုန်း ၂၉ စင်းကို ယူကရိန်းလေတပ်က ပစ်ချခဲ့ပြီး ရုရှားရဲ့ တို်ကခိုက်မှုအတွင်း လူတယောက်သေပြီး ၁၃ ယောက်ဒဏ်ရာရခဲ့တယ်လို့ ယူကရိန်းတာဝန်ရှိသူတွေက ပြောပါတယ်။

Ref:BBC
Photo:Ruters

#Voiceofmyanmar #VOM #ယူကရိန်း #ရုရှား #ဗြိတိန်လက်နက် #အသုံးပြုခွင့် #ရရှိ

Related posts

Leave a Comment

VOM News

FREE
VIEW