ဂါဇာအပစ်ရပ်ရေး ဆွေးနွေးပွဲ မတက်ဘူးလို့ ဟားမတ်စ်အဖွဲ့ပြော

 

ဒိုဟာ၊ ဩဂုတ်-၁၅-၂၀၂၄
မျိုးဆက်(VOM)

ကာတာနိုင်ငံမှာ ဒီနေ့စတင်ကျင်းပမယ့် ဂါဇာစစ်ပွဲအပစ်အခတ်ရပ်စဲရေးနဲ့ ဓါးစာခံတွေ လွတ်မြောက်ရေး သဘောတူညီချက်အတွက် တဆင့်ခံဆွေးနွေးပွဲတွေကို တက်ရောက်မှဟုတ်ဘူးလို့ ဟားမတ်စ်အဖွဲ့ ထိပ်တန်းတာဝန်ရှိသူက ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

သဘောတူညီချက်အတွက် ဟားမတ်စ်အဖွဲ့က လမ်းပြမြေပုံမူဘောင်တရပ်လိုလားနေပြီး စစ်ပွဲဆက်လက်ဆင်နွှဲနေတဲ့ အစ္စရေးလုပ်ရပ်တွေအတွက် ဆွေးနွေးပွဲကို မတက်တာလို့ ဆိုပါတယ်။

လမ်းပြမြေပုံကိုတော့ ပြီးခဲ့တဲ့မေလကုန်မှာ အမေရိကန်သမ္မတအဆိုပြုခဲ့တဲ့ သဘောတူညီချက်အပေါ် အခြေခံသင့်ပြီး အစ္စရေးက နောက်ထပ် အခြေအနေပုံစံသစ်တွေ ထည့်သွင်းနေတယ်လို့ ဟားမတ်စ်တို့က စွပ်စွဲထားပါတယ်။

အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုကတော့ ဒီစွပ်စွဲချက်တွေကို ငြင်းဆိုထားပြီး ဟားမတ်စ်တို့ဟာ အပြောင်းအလဲတွေကို တောင်းဆိုနေတယ်လို့ ဆိုပါတယ်။ လက်ရှိဆွေးနွေးပွဲတွေကို ဟားမတ်စ်တို့ မတက်ရောက်ပေမယ့် ဆက်လက်ကျင်းပဖို့ရှိပြီး ဖြေရှင်းမယ့် အစီအစဉ်တွေကို နောက်ပိုင်းမှာ အသုံးချနိုင်တယ်လို့ အမေရိကန် ၊ အီဂျစ်နဲ့ ကာတာ ကြားဝင်ဖြန်ဖြေသူတွေက ပြောပါတယ်။

မကြာသေးမီအချိန်က အီရန်မှာ ဟားမတ်စ်ခေါင်းဆောင် ဟာနီယာသေဆုံးမှုကြောင့် အစ္စရေးနဲ့ အီရန်၊ မဟာမိတ်တွေရဲ့ လက်တုံ့ပြန်နိုင်ခြေကြောင့် အရှေ့အလယ်ပိုင်းမှာ တင်းမာမှုတွေ မြင့်တက်လို့နေပါတယ်။

Ref:BBC
Photo:PBS

#Voiceofmyanmar #VOM #အစ္စရေး #ဟားမတ်စ် #ဂါဇာ #အပစ်ရပ်ဆွေးနွေးပွဲ #ဟားမတ်စ်မတက်

Related posts

Leave a Comment

VOM News

FREE
VIEW