အမရပူရမှာ ကျောင်းသားတဦး ဓားထိုးခံရလို့ သေဆုံး

မန္တလေး၊ ဇွန် – ၂၄- ၂၀၂၆
SA(VOM)
မန္တလေးတိုင်း၊ အမရပူရမြို့နယ်၊ ဓနုံးကျေးရွာအုပ်စု၊ ယဉ်တော်စံကျေးရွာက (မူလွန်-ကုလားရွာ)အခြေခံပညာမူလွန်ကျောင်း ရှေ့မှာ မနေ့ ဇွန်လ ၂၃ ရက်နေ့ နေ့လယ်ပိုင်းက Grade-6 တန်းကျောင်းသားတဦး ဓားနဲ့ထိုးခံရပြီး သေဆုံးခဲ့တယ်လို့ သိရပါတယ်။
ဖြစ်စဥ်မှာ Grade – 6 ကျောင်းသား မောင်ထူးထက်အောင် အသက် ၁၅ နှစ်ကို ဇွန်လ ၂၃ ရက်နေ့ နေ့လယ် ၁၂ နာရီ ၁၅မိနစ်အချိန်မှာ ယာဘက်လည်ပင်း ထိုးသွင်းဒဏ်ရာ(၁)ချက် (စိုးရိမ်ရ)နဲ့ သွေးထွက်ပြီး လဲကျနေတာကို တွေ့ရှိရတာကြောင့် ဒဏ်ရာရှိသူကို မန္တလေးအထွေထွေရောဂါကုဆေးရုံကြီး(မန္တ လေး)သို့ ပို့ဆောင်ပေးခဲ့ချိန် လမ်းမှာတင် သေဆုံးခဲ့တယ်လို့ သိရပါတယ်။
” လူငယ်ချင်း ရန်ဖြစ်ကြရင် လက်လွန်သွားတယ်လို့ သိရတယ်၊ အရင်ကတော့ ရန်ငြှိုးရန်စမရှိဘူးလိုသိရပါတယ်” လို့ အမရပူရမြို့နယ် မြို့မိမြို့ဖ တဦးက ပြောပါတယ်။
လူငယ်တဦး ဓားဖြင့်ထိုးခံရတယ်လို့ သတင်းအရရှိတာကြောင့် သက်ဆိုင်ရာ ရဲတပ်ဖွဲ့ဝင်များမှ သက်သေတွေနဲ့ အတူသွား ရောက်စစ်ဆေးခဲ့ရာမှာ ဓါးနဲ့ ထိုးခဲ့သူ မောင်မောင်တိုး(ခ)ငတိုး၊၁၄ နှစ် ယဉ်တော်စံကျေးရွာ၊ အမှတ်(၄)ရပ်ကွက်၊ ဓနုံးကျေးရွာ အုပ်စု၊ အမရပူရမြို့နယ်မှာ နေထိုင်တဲ့သူကို အခင်းဖြစ်နေရာအနီးမှာ ပြစ်မှုကျူးလွန်ရာမှာ အသုံးပြုခဲ့တဲ့ အရိုးအသွား(၉) လက်မခန့်ရှိ ဓါးနဲ့အတူ ဖမ်းဆီးရမိခဲ့တာကြောင့် အမှုဖွင့်အရေး ယူနိုင်ရေးဆောင်ရွက်နေတယ်လို့ လုံခြုံရေးအဖွဲ့နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် အောက်တိုဘာ ၂၂ ရက် မွန်းလွဲပိုင်းကလည်း အမရပူမြို့နယ်၊ မြစ်ငယ်မြို့ ၊အထက်တန်းကျောင်းဝင်းထဲမှာ ဓားထိုးမှုဖြစ်လို့ ကျောင်းသူ၊ကျောင်းသား သုံးဦး ဒဏ်ရာရကာ တစ်ဦး စိုးရိမ်ရရှိခဲ့တဲ့ ဖြစ်စဥ်တခု ဖြစ်ပွားခဲ့ပါသေးတယ်။
အခု ဇွန်လ ဒုတိယပတ်တုန်းကလည်း ရန်ကုန်မြို့၊ ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်က Grade – 6 ကျောင်းသား ရေနစ်သေဆုံးမှု ဖြစ်ပွားခဲ့သလို၊ ပြီးခဲ့တဲ့ မေလအတွင်းက ရှမ်းပြည် နယ် (မြောက်ပိုင်း)၊ လားရှိုးမြို့မှာ ကျောင်းသူတစုက ကျောင်းသူတယောက်ကို အုပ်စုဖွဲ့ပြီး ဝိုင်းဝန်းရိုက်နှက်၊ အနိုင်ကျင့်ခဲ့တဲ့ဖြစ်စဉ်၊ ဇန်နဝါရီလအတွင်းက ရန်ကုန်မြို့၊ ရွှေပြည်သာမြို့နယ်၊ အထက (၁) ကျောင်းမှာ ရန်ဖြစ်ရာကနေ Gread – 7 ကျောင်း သားတယောက် သေဆုံးခဲ့တဲ့ ဖြစ်စဉ်တွေလည်း ရှိခဲ့ပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW