သူတို့အိမ် အခန်း (၁၅၁)

ဆူးငှက် နှစ်စဉ်မပျက် ဌာနက ကထိန် —————————— ကျွန်တော်တို့ အလုပ်ရုံတည်ရှိသည့် အနောက်တောင်မြို့နယ်၏ သမဝါယမ ဦးစီးမှူးရုံးက စိန်ပန်းရပ်ကွက်မှာ တည်ရှိသည်။ စိန်ပန်းရပ်ကွက်ဆိုတာက တကယ့် ရွာနေပြည်ထိုင် မြန်မာအများစု ရှိကာ ရိုးရာ စက်မှုလက်မှုလုပ်ငန်း များဖြင့် စီးပွားရေး ကောင်းမွန်သောရပ်ကွက်ကြီးဖြစ်သည်။ ပြောကြစို့ဆိုလျှင် ရတနာပုံခေတ်ကတည်းက ကနောင် မင်းသားကြီး၏ စက်မှု နိုင်ငံတော် စီမံချက်ထဲက သင်္ဘောကျင်း ဂွမ်းဖတ်စက် စသည့် စက်ရုံများ တည်ရှိခဲ့သည့် စက်မှု အမွေခံရပ်ကွက် ဖြစ်သည်။ မန္တလေးဟူသည်လည်း ၁၂ရာသီ ပွဲလမ်းများ စဉ်ဆက်မပြတ် ကျင်းပရာတွင် သီတင်းကျွတ်လပြည့်ကျော် ၁ရက်နေ့မှ တန်ဆောင်မုန်းလပြည့်နေ့အထိ ကျင်းပကြသည့် ကထိန်ပွဲတော်သည် ရပ်ကွက်အသီးသီးတွင် ကျင်းပကြရုံမက ကျောင်းများ စက်ရုံအလုပ်ရုံများ ရုံများအထိ နှစ်စဉ်မပျက် ခင်းကျင်း လှူဒါန်းကြသည်။ ထိုသို့သော ကထိန်ပွဲများ ကျင်းပရာတွင် စိန်ပန်းရပ်ကွက်ရှိ အနောက်တောင်မြို့နယ်…

Read More

အစိုးရတပ်ရဲ့ ထိုးစစ်ကြောင့် စစ်ကိုင်းတိုင်းထဲက လမ်းပိုင်းတချို့မှာ တိုက်ပွဲ ပြင်းထန်နေ

ဇွန် ၂၄ – ၂၀၂၆ SS (VOM) စစ်ကိုင်းတိုင်းအတွင်းက ကလေး – တမူး လမ်းမကြီးနဲ့ မုံရွာ – ကနီ – ချောင်းမ – ယာကြီး – မင်းကင်း – ကလေးဝလမ်းပိုင်းမှာ အစိုးရတပ်ရဲ့ ထိုးစစ်ကြောင့် ဒေသတွင်း လက်နက်ကိုင် ပူးပေါင်းတပ်‌တွေနဲ့ တိုက်ပွဲ ပြင်းထန်နေတယ်လို့ စစ်ရေး သတင်းရင်းမြစ်တွေက ပြောပါတယ်။ နိုင်ငံတကာ စီမံကိန်းတွေ အကောင်အထည်ဖော်နိုင်ဖို့အတွက် စစ်ကိုင်းတိုင်းအတွင်းက အိန္ဒိယ – မြန်မာ – ထိုင်း သုံးနိုင်ငံ အဝေးပြေးလမ်းမကြီးနဲ့ ဆက်နွှယ်နေတဲ့ ဗျူဟာကျ လမ်းပိုင်းတချို့ကို အစိုးရတပ်က အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်နေတာလို့ သိရပါတယ်။ လက်ရှိမှာ အစိုးရတပ်တွေဟာ ကလေး – တမူး လမ်းမကြီးကို အလုံးစုံထိန်းချုပ်ဖို့အတွက် အင်အားထောင်ချီနဲ့ စစ်ကြောင်း နှစ်ကြောင်းခွဲပြီး…

Read More

အမရပူရမှာ ကျောင်းသားတဦး ဓားထိုးခံရလို့ သေဆုံး

မန္တလေး၊ ဇွန် – ၂၄- ၂၀၂၆ SA(VOM) မန္တလေးတိုင်း၊ အမရပူရမြို့နယ်၊ ဓနုံးကျေးရွာအုပ်စု၊ ယဉ်တော်စံကျေးရွာက (မူလွန်-ကုလားရွာ)အခြေခံပညာမူလွန်ကျောင်း ရှေ့မှာ မနေ့ ဇွန်လ ၂၃ ရက်နေ့ နေ့လယ်ပိုင်းက Grade-6 တန်းကျောင်းသားတဦး ဓားနဲ့ထိုးခံရပြီး သေဆုံးခဲ့တယ်လို့ သိရပါတယ်။ ဖြစ်စဥ်မှာ Grade – 6 ကျောင်းသား မောင်ထူးထက်အောင် အသက် ၁၅ နှစ်ကို ဇွန်လ ၂၃ ရက်နေ့ နေ့လယ် ၁၂ နာရီ ၁၅မိနစ်အချိန်မှာ ယာဘက်လည်ပင်း ထိုးသွင်းဒဏ်ရာ(၁)ချက် (စိုးရိမ်ရ)နဲ့ သွေးထွက်ပြီး လဲကျနေတာကို တွေ့ရှိရတာကြောင့် ဒဏ်ရာရှိသူကို မန္တလေးအထွေထွေရောဂါကုဆေးရုံကြီး(မန္တ လေး)သို့ ပို့ဆောင်ပေးခဲ့ချိန် လမ်းမှာတင် သေဆုံးခဲ့တယ်လို့ သိရပါတယ်။ ” လူငယ်ချင်း ရန်ဖြစ်ကြရင် လက်လွန်သွားတယ်လို့ သိရတယ်၊ အရင်ကတော့ ရန်ငြှိုးရန်စမရှိဘူးလိုသိရပါတယ်” လို့ အမရပူရမြို့နယ်…

Read More

ထိုင်းနိုင်ငံမှာ တရားမဝင်လုပ်သား ၁၇ ယောက် တင်ဆောင်လာတဲ့ ကားတစီး တိမ်းမှောက်ပြီး မြန်မာအမျိုးသမီး တယောက် သေဆုံး

ဇွန် ၂၄ – ၂၀၂၆ SN (VOM) ထိုင်းနိုင်ငံ၊ ဖက်ချ်ဘူရီပြည်နယ်၊ သာယန်မြို့နယ်မှာ မနေ့ ဇွန် ၂၃ ရက်၊ ညပိုင်းက တရားမဝင် မြန်မာလုပ်သား ၁၇ ယောက် တင်ဆောင်လာတဲ့ ပစ်ကပ်ကား တစီး တိမ်းမှောက်ပြီး အမျိုးသမီးတယောက် သေဆုံးခဲ့ကာ နှစ်ယောက် ပြင်းထန်ဒဏ်ရာ ရရှိခဲ့တယ်လို့ ဒေသအခြေစိုက် ရွှေ့ပြောင်း အလုပ်သမားအရေး ဆောင်ရွက်နေသူတွေက ပြောပါတယ်။ အဲဒီ ဖြစ်စဉ်ဟာ သာယန်မြို့နယ်၊ ဖက်ချဘူရီလမ်း (တောင်ဘက်သွားလမ်း) ရှိ အမှတ်တရပစ္စည်းဆိုင် တဆိုင်ရှေ့မှာ မနေ့ည ၉ နာရီဝန်းကျင်က ဖြစ်ပွားခဲ့တာဖြစ်ပြီး ဘန်ကောက်လိုင်စင်နံပါတ်ပါ အဖြူရောင် Isuzu ပစ်ကပ်ထရပ်ကားတစီး၊ လမ်းဘေးဓါတ်တိုင်ကို ဝင်တိုက်မိကာ တိမ်းမှောက်မှု ဖြစ်ပွားခဲ့တာလို့ သိရပါတယ်။ “ထိုင်းရဲတပ်ဖွဲ့ကတော့ ယဉ်မောင်း အိပ်ငိုက်ပြီး ကားက လမ်းဘေးဓာတ်တိုင်ကို ဝင်တိုက်မိတာ ဖြစ်နိုင်တယ်လို့…

Read More

နန်းမယ်ခုံမြို့၊ ဂွမြို့နဲ့ မောင်တောမြို့တို့မှာ လေကြောင်း၊ လက်နက်ကြီး တိုက်ခိုက်မှုကြောင့် နှစ်ယောက် သေဆုံးပြီး ခုနစ်ယောက် ဒဏ်ရာရ

ဇွန် ၂၄ – ၂၀၂၆ SS (VOM) ကယားပြည်နယ်အတွင်းက နန်းမယ်ခုံမြို့နဲ့ ရခိုင်ပြည်နယ်အတွင်းက ဂွမြို့နဲ့ မောင်တောမြို့တို့မှာ နှစ်ရက်အတွင်း လေကြောင်း တိုက်ခိုက်မှုတွေ ဆက်တိုက် ဖြစ်ပွားခဲ့ပြီး နှစ်ယောက် သေဆုံးကာ ခုနစ်ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။ ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်အတွင်းရှိ နန်းမယ်ခုံမြို့၊ လီဝိုးကျေးရွာမှာ ဒီကနေ့ ဇွန် ၂၄ ရက်၊ နေ့လယ် ၁ နာရီဝန်းကျင်က ဒရုန်းတိုက်ခိုက်မှု၊ လက်နက်ကြီး ကျရောက်မှုတွေ ဖြစ်ပွားခဲ့တာမှာ နှစ်ယောက် သေဆုံးပြီး တယောက် ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။ “ဒရုန်း အရင်ကျတာ။ သေဆုံး နှစ်ယောက်မှာ တယောက်က ပွဲချင်းပြီးသေတယ်။ နောက်တယောက်ကတော့ ကုသမှုခံယူနေတဲ့ အချိန်မှာပဲ ဆုံးသွားတာ။ ဒဏ်ရာရတဲ့ တယောက်ကတော့ လက်နက်ကြီးထိတာ။ သူ့ကိုလည်း ဆေးရုံပို့ထားတယ်” လို့ ဒေသတွင်း သတင်းရင်းမြစ်က ပြောပါတယ်။…

Read More

တက္ကသိုလ်ဝင်စာမေးပွဲနဲ့ စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းကို ဇွန် ၂၈ ရက်နေ့မှာထုတ်ပြန်မယ်

ဇွန် ၂၄ ၊၂၀၂၆ GG (VOM) ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ နဲ့ ၂ဝ၂၆ ခုနှစ် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းကို လာမယ့် ဇွန် ၂၈ ရက် (တနင်္ဂနွေနေ့ ) မှာ ထုတ်ပြန်ကြေငြာပေးသွားမှာဖြစ်တယ်လို့ ပညာရေးဝန်ကြီးဌာနက ဒီနေ့ ဇွန် ၂၄ ရက်ညပိုင်းမှာသတင်းထုတ်ပြန်လိုက်ပါတယ်။ တက္ကသိုလ်ဝင်အောင်စာရင်းတွေကို ဇွန် ၂၈ ရက်နေ့ ၊ မနက် ၄ နာရီကစပြီး မြန်မာနိုင်ငံစာစစ်ဦးစီးဌာန Website ဖြစ်တဲ့ www.myanmarexam.org မှာ ဝင်ရောက်ကြည့်ရှုနိုင်သလို ၊ result.dme.gov.mm မှာလည်း ခုံအမှတ်နဲ့တိုက်ရိုက်ရှာဖွေကြည့်ရှု နိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။ မနက် ၆ နာရီမှာတော့ သက်ဆိုင်ရာမြို့နယ်အလိုက် စာစစ်ဌာနကျောင်းတွေမှာ အောင်စာရင်းကို ကပ်နှံထားမှာဖြစ်လို့ ကြည့်ရှုနိုင်ပြီး ဝေးလံတဲ့ ဒေသတွေက…

Read More
VOM News

FREE
VIEW