ရှန်ဟိုင်းမှာ ၇၅ နှစ်အတွင်း အပြင်းထန်ဆုံးမုန်တိုင်း ဝင်ရောက်တိုက်ခတ်

ရှန်ဟိုင်း၊ စက်တင်ဘာ-၁၆-၂၀၂၄
မျိုးဆက်(VOM)
တရုတ်နိုင်ငံမှာ အင်အားပြင်းတိုင်ဖွန်းမုန်တိုင်း ဘီဘင်ကာ တရုတ်နိုင်ငံ စီးပွားရေးမြို့တော် ရှန်ဟိုင်းအနီး ကုန်းတွင်းပိုင်းကို စက်တင်ဘာ ၁၆ ရက်မှာ ဝင်ရောက်တိုက်ခတ်ခဲ့ပါတယ်။
တိုင်ဖွန်းမုန်တိုင်းဟာ ဒီနေ့မနက် ဒေသစံတော်ချိန် ၇ နာရီ မိနစ်၃၀ ဝန်းကျင်းက ရှန်ဟိုင်းမြို့အရှေ့ဘက် လင်ဂန်မြို့ကမ်းရိုးတန်းကို ဝင်ရောက်တို်ကခတ်ခဲ့တာလို့ တရုတ်မိုးလေဝသဌာနက ထုတ်ပြန်ပါတယ်။
တိုင်ဖွန်းမုန်တိုင်း ဘီဘင်ကာသည် ၇၅ နှစ်အတွင်း ရှန်ဟိုင်းကို ဝင်ရောက်တိုက်ခတ်ခဲ့တဲ့ မုန်တိုင်းတွေထဲက အပြင်းထန်ဆုံး မုန်တိုင်းတခုဖြစ်ကြောင်း တရုတ်နိုင်ငံပိုင် သတင်းဌာနက ဆိုပါတယ်။
ရှန်ဟိုင်းမြို့ခံ ၂၅ သန်းကို နေအိမ်မှာသာနေထိုင်ကြဖို့ အာဏာပို်ငတွေက သတိပေးချက် ထုတ်ပြန်ခဲ့ပါတယ်။ ကြိုတင်ကာကွယ်မှုအဖြစ် လူလေးသိန်းကိုလည်းကို ပြီးခဲ့တဲ့ ညနှောင်းပိုင်းက ဘေးလွတ်ရာကို ရွှေ့ပြောင်းပေးခဲ့ရပါတယ်။
မုန်တိုင်းကြောင့် ရှန်ဟိုင်းမြို့ရှိ လူထောင်ပေါင်းများစွာကို ဘေးလွတ်ရာသို့ ရွှေပြောင်းပေးခဲ့ရပြီး မြို့တော်ရဲ့ အဓိကလေဆိပ်နှစ်ခုရှိ လေယာဉ်ခရီးစဉ် ရာပေါင်းများစွာ ရပ်ဆိုင်းခဲ့ရပါတယ်။ လက်ရှိချိန်ထိ ထိခိုက်ပျက်စီးမှုတွေ ဖြစ်ပေါ်ခဲ့ပေမယ့် လူသေဆုံးမှုနဲ့ပတ်သက်ပြီး ထုတ်ပြန်တာမရှိသေးပါဘူး။
မု်နတိုင်းဟာ တနာရီလေတိုက်နှုန်း ၁၅၁ ကီလိုမီတာနဲ့ တိုက်ခတ်ခဲ့ပြီး ရထား၊ ကူးတို့သင်္ဘောတွေရပ်ဆိုင်းခဲ့‌ြာ အဝေးပြေးကားလမ်းတွေကိုလည်း ပိတ်ခဲ့ရပါတယ်။ ယခုလအတွင်းကလည်း တရုတ်နိုင်ငံ ဟိုင်နန်ကျွန်းကို စူပါမု်နတိုင်းရာဂီ ဝင်ရောက်တိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးမှုများစွာ ဖြစ်ပေါ်ခဲ့ပါတယ်။
Ref:BBC
Photo:Getty Images
VOM Telegram Channel: https

Related posts

Leave a Comment

VOM News

FREE
VIEW