အစ္စရေးနဲ့ ဟဇ်ဘိုလာတို့ နယ်စပ်ဖြတ်ကျော်တိုက်ခိုက်မှုတွေ ပိုမိုပြင်းထန်လာ



တဲလ်အဗစ်၊ စက်တင်ဘာ-၂၃-၂၀၂၄
မျိုးဆက်(VOM)

စစ်ပွဲဖြစ်ပွားခြင်းမှ ရှောင်ရှောင်ဖို့ နိုင်ငံတကာက တိုက်တွန်းတောင်းဆိုမှုတွေရှိနေပမယ့် အစ္စရေးနဲ့ ဟဇ်ဘိုလာတို့အကြား နယ်စပ်ဖြတ်ကျော် အပြန်အလှန်ပစ်ခတ်တိုက်ခိုက်မှုတွေကတော့ ပိုမိုပြင်းထန်လို့ လာပါတယ်။

ပြီးခဲ့တဲ့နေ့က လောင်ချာတွေ၊ ဒုံးကျည် အစင် ၁၅၀ လောက် အစ္စရေးပိုင်နက်ထဲကို ပစ်ခတ်ခဲ့ပြီး အများစုကတော့ လက်ဘွန်ပိုင်နက်ထဲကဖြစ်တယ်လို့ အစ္စရေးစစ်တပ်က ပြောပါတယ်။

ဒုံးကျည်အချို့ကတော့ ယခင်တိုက်ခိုက်မှုတွေထက် အစ္စရေးပိုင်နက်ထဲကို ပိုမိုရောက်ရှိခဲ့ပြီး ဟိုင်ဖာမြို့အနီးမှာ နေအိမ်တွေပျက်စီးခဲ့ပြီး ထောင်ပေါင်းများစွာသော ဒေသခံတွေကို ဗုံးခိုကျင်းတွေမှာ ပြောင်းရွှေ့ပေးခဲ့ရပါတယ်။

အစ္စရေးကလည်း လက်ဘနွန်တောင်ပိုင်းရှိ ဟဇ်ဘိုလာပစ်မှတ်တွေကို ပစ်ခတ်တိုက်တိုက်ခိုက်ခဲ့ပြီး ဒုံးကျည်စခန်းများစွာကို ဖျက်းဆီးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။ အစ္စရေး-လက်ဘနွန်နယ်စပ်တလျှောက်က အစ္စရေး ပြည်သူတွေ ဘေးကင်းစွာနဲ့ အိမ်ပြန်နိုင်ဖို့နဲ့ လုံခြုံရေးအခြေအနေတည်ငြိမ်ဖို့ လိုအပ်တာအားလုံး ဆောင်ရွက်သွားမယ်လို့ အစ္စရေးဝန်ကြီးချုပ်နေတန်ယာဟုက ပြောပါတယ်။

မကြာသေးမီကလည်း လက်ဘနွန်မှာ ဆက်သွယ်ရေးစက်တွေ ပေါက်ကွဲမှုဖြစ်ပွားခဲ့လို့ လူ ၃၀ ကျော်သေဆုံးပြီး ၃၀၀၀ နီးပါး ဒဏ်ရာရရှိခဲ့ပါတယ်။ ဒါဟာ အစ္စရေး မော့ဆက်ထောက်လှမ်းရေးလက်ချက်လို့ ဟဇ်ဘိုလာတို့က စွပ်စွဲထားပြီး လက်တုံ့ပြန်သွားမယ်လို့ ကတိပြုထားပါတယ်။

ဟားမတ်စ်ခေါင်းဆောင် အစ္စမေးလ်ဟာနီယာ အီရန်မှာ လုပ်ကြံသတ်ဖြတ်ခံရမှုနဲ့ ဟဇ်ဘိုလာထိပ်တန်းတပ်မှူးတွေ သုတ်သင်ခံရမှုတွေကြောင့် အရှေ့အလယ်ပိုင်းမှာ အီရန်ကျောထောက်နောက်ခံပြု အဖွဲ့တွေနဲ့ အစ္စရေးတို့အကြား တင်းမာမှုတွေ ဆက်လက်မြင်တက်နေပါတယ်။

Ref:BBC
Photo:Getty Images

Related posts

Leave a Comment

VOM News

FREE
VIEW