မူဆယ်ကနေ အထွက် လမ်းပြန်ဖွင့်

 

စက်တင်ဘာ ၂၈၊ ၂၀၂၄
Shy V VOM

ရှမ်းပြည်နယ် မြောက်ပိုင်း၊ မူဆယ် နယ်စပ်မြို့ရဲ့ တခုတည်းသော ထွက်လမ်း ဖြစ်တဲ့ မူဆယ် ကနေ အထွက် လမ်းမကြီး ဖြစ်တဲ့ မူဆယ် – နမ့်ခမ်းလမ်းကို စက်တင်ဘာလ ၂၇ ရက်နေ့ မနက် ၅ နာရီခန့်က စပြီး ပြန်ဖွင့်ပေးလိုက်ပြီ ဖြစ်ကြောင်း ဒေသခံတွေဆီက သိရပါတယ်။

‌”မနေ့က မနက် မူဆယ် – နမ့်ခမ်း လမ်း ပြန်ဖွင့်ပေးပါပြီ။ သွားလို့ရပါပြီ။ စက်တင်ဘာ ၂၇ ရက် မနက် ပြန်ဖွင့်ပြီ။ ကျားဖျန် ပြန်ပို့ပြီးသွားလို့ပေါ့” လို့ ဒေသခံ တယောက်က ပြောပါတယ်။

အရင် ၅ ရက်ခန့်ကတည်းက မူဆယ်ကနေ အထွက် ပန်ခမ်းတံတား နနဒ့လွယ် ဆုတောင်းတောင်နား ပိတ်ထားပြီး အဝင်ပဲရတာကြောင့် တချို့က ပြန်လှည့်ခဲ့ရသလို့ တချို့က မူဆယ်မြို့ထဲ ပဲ ပိတ်မိနေတာလို့ သူက ပြောပါတယ်။

မူဆယ်မြို့ အထွက်ကို ပိတ်လိုက်တာက ပြီးခဲ့တဲ့ ရက်ပိုင်းက မူဆယ်မြို့ထဲ တရုတ်ရဲ နဲ့ မြန်မာဘက်က စစ်တပ်၊ ရဲ တွေ ပူးပေါင်းပြီး အွန်လိုင်းငွေလိမ် တွေကို ဖမ်းဆီးနေတာကြောင့် ဖမ်းလိုတဲ့ အွန်လိုင်း ငွေလိမ်လည် သူတွေ ထွက်ပြေးမှာစိုးလို့ လမ်းပိတ်ထားတာလို့ ကြားတယ်လို့ သူက ပြောပါတယ်။

“တရုတ်ဘက်က ‌အွန်လိုင်း ငွေလိမ်လည်တဲ့ တရုတ် နိုင်ငံသား ၁၈ ယောက် ဖမ်းပေးဖို့ ပြောတာ။ တချို့ကဝောာ့ ဖမ်းမိတယ်။ ၄ ယောက်လား မသိဘူး ကျန်နေသေးတယ်လို့ သိရတယ်။ တရုတ်ဘက်က ဖမ်းပေးဖို့ တောင်းတဲ့ လူ ဆိုရင် ဖမ်းကို ဖမ်းပေးရတော့မှာလေ” လို့ ဌာနဆိုင်ရာနဲ့ နီး စပ်သူ တစ်ယောက်က ပြောပါတယ်။

မြန်မာနိုင်ငံသား ၄၅၅ ယောက် ပါဝင်ကာ တရုတ် နိုင်ငံသား ၃၅၂ ယောက် ဖမ်းဆီးမိတယ်လို့ ကြားပြီး တရုတ်နိုင်ငံသားတွေကိုတော့ စက်တင်ဘာလ ၂၆ ရက်နေ့ ညနေပိုင်းက တရုတ်ဘက် ခေါ်သွားလိုက်ပြီလို့ ဆိုပါတယ်။

မူဆယ်မြို့အထွက် ပိတ်လိုက်တာကြောင့် မူဆယ်ကနေ နမ့်ခမ်း၊ နမ့်ခမ်း၊ နမ့်ဖတ်ကာ၊ ကွတ်ခိုင်၊ လားရှိုး၊ မန္တလေး နဲ့ အခြား မြို့တွေဘက် ခရီးသွားမယ့်ကားတွေ အကုန်လုံး ၅ ရက်ခန့် ရပ်နားထားခဲ့ရာက ယမန်နေ့မနက်က ပြန်လည် သွားလာလို့ရခဲ့တာ ဖြစ်ပါတယ်။

“မူဆယ် အထွက်ဂိတ် ပိတ်လိုက်ရင် တရုတ်ဘက်က အထွက် ပစ္စည်းပါ မရှိတော့တာ။ တရုတ်ဘက်က ရဲတွေ ကိုယ်တိုင် လာဖမ်းတော့ တရုတ် နိုင်ငံသား ငွေလိမ်တွေ ထွက် မပြေးအောင် ဆိုပြီး ပိတ်တာ။ တနေ့ည ပိုင်း တရုတ်နိုင်ငံ သားတွေကို ခေါ် သွား လိုက်တော့ မနေ့က မနက် အစော ပြန်ဖွင့်ပေး လိုက်တာ။ တရုတ်တွေ ပြန်တာနဲ့ ကျားဖြန့်တောင် ပြန်ဖွင့် ပြီ ထင်တယ်။ ပြေးရမယ့် သူတွေက မဖမ်းခင် ည ရှောင်ပြေး ကုန်ပြီလေ” လို့ နောက် နယ်စပ် ဒေသခံ
က ပြောပါတယ်။

လမ်းပြန်ဖွင့်လိုက်တာကြောင့် လိုင်းကားတွေရော ဒေသခံ တနိုင် တပိုင်တွေရော အဝင် အထွက် ပြန်ရပြီး တရုတ် နယ်စပ် ဂိတ်လည်း လူပြန်များလာသလို တရုတ် – မြန်မာ နယ်စပ်ကုန်အဝင်အထွက်လည်း ပြန်များလာတယ်လို့ ဆိုပါတယ်။

တရုတ် – မြန်မာ နယ်စပ်ကို မှီခို ပြီး တနေ့စာ တနေ့ အသက်မွေးဝမ်းကျောင်း အလုပ်လုပ်နေကြသူတွေဟာ မြန်မာဘက်ခြမ်းက ခရီးသွား လမ်းကြောင်းတွေ ပိတ်သွားရင် အလုပ်တွေ ပါးပြီး အခက်အခဲ ဖြစ်ကြရတာ ဖြစ်ပြီး နယ်စပ်ကို မှိခိုနေရသူတွေရဲ့ အလုပ်အကိုင် အဆင်ပြေမှု၊ မပြေမှုတွေဟာ မြန်မာဘက်ခြမ်း ကားလမ်းတွေ အပိတ်၊ အဖွင့် ပေါ်မူတည်နေတာ ဖြစ်ပါတယ်။

Photo Crd# ဒေသခံ

Related posts

Leave a Comment

VOM News

FREE
VIEW