နေပြည်တော် ဧပြီ ၁၈ – ၂၀၁၉
ကိုထွန်း (VOM)
ဧပြီ ၁၇ ရက် ညနေပိုင်းက နေပြည်တော်တ၀ိုက် မိုးသက်လေပြင်းကျလို့ ဥတ္တရသီရိနဲ့ ပုဗ္ဗသီရိမြို့နယ်တွေမှာ သာသနိကအဆောက်အဦတွေရော နေအိမ်တွေ ပျက်စီးခဲ့ပါတယ်။
ဥတ္တရသီရိမြို့နယ်တွင် ရပ်ကွက်(၂)ခု ၊ ကျေးရွာအုပ်စု(၄)အုပ်စု၊ ကျေးရွာ(၁၄)ရွာက လူနေအိမ်(၁၄၃)လုံးအမိုးများလန်ခြင်း၊ လူနေအိမ်(၃)လုံးပြိုကျခြင်း၊ စာသင်ကျောင်း(၄)ကျောင်းအမိုးများလန်ခြင်း၊ဘုန်ကြီးကျောင်း(၃)ကျောင်း၊ သိမ်(၁)ခု၊ ဓမ္မာရုံ(၁)ခု၊ အုပ်ချုပ်ရေးမှူးရုံး(၁)ရုံးတို့အမိုလန်ခြင်း၊ ဓာတ်တိုင်(၄)တိုင်ပြိုလဲခဲ့ပြီး ကိုးတောင်ပြည့်စေတီတစ်ဆူ ထီးတော်စောင်းပြီးစိန်ဖူးတော်မြေခခဲ့တယ်လို့ သိရပါတယ်။
ပုဗ္ဗသီရိမြို့နယ်မှာတော့ ကျေးရွာအုပ်စုလေးအုပ်စုက ကျေးရွာလေးရွာမှာ လူနေအိမ်(၅)လုံးပြိုကျခဲ့ပြီးနေအိမ်၂၉လုံးအမိုးလန်ခဲ့ကြောင်းသိရပါတယ်။
တပ်ကုန်းမြို့နယ် ထန်းတောကြီးကျေးရွာမှာလည်း နေအိမ်နှစ်လုံးအမိုးလန်ပျက်စီးခဲ့ပြီး၊ဘုန်းကြီးကျောင်းတစ်ကျောင်းလည်းအမိုးတွေ လန်သွားခဲ့ပါတယ်။
ဧပြီ.၁၈ရက်နေ့မှာတော့ နေပြည်တော်ကောင်စီဥက္ကဌ၊ မြိုတော်ဝန်ဒေါက်တာမျိုးအောင်နဲ့ လူ/ကယ်ပြန်ဌာနက တာဝန်ရှိသူတွေ လွှတ်တော်ကိုယ်စားတွေဟာ သဘာဝဘေးအန္တရာယ်ကြုံတွေ့ခဲ့ရတဲ့ ကျေးရွားတွေကို သွားပြီး ကယ်ဆယ်ရေးပစ္စည်းတွေ ထောက်ပံ့ငွေ ပေးအပ်ခဲ့ပါတယ်။
နေပြည်တော်ကောင်စီက သဘာဝဘေးခံစားခဲ့ရတဲ့ နေအိမ်တွေအတွက် တအိမ်ထောင်လျှင် ကျပ်နှစသောင်းနှုန်းနှင့် လူ/ကယ်ပြန်မှ အလုံးစုံပျက်စီးမှုအတွက်ကျပ်ငွေတစ်သိန်း၊ အမိုးလန်ပျက်စီးမှုအတွက်ကျပ်ငါးသောင်းအပြင်ကယ်ဆယ်ရေးပစ္စည်းတွေလည်း ထောက်ပံ့ပေးအပ်ခဲ့တယ်လို့ သိရပါတယ်။