မိုးသက်လေပြင်းကြောင့် နေပြည်တော်ပတ်ဝန်းကျင် ပျက်စီးမှုများခဲ့

နေပြည်တော် ဧပြီ ၁၈ – ၂၀၁၉

ကိုထွန်း (VOM)

 

ဧပြီ ၁၇ ရက် ညနေပိုင်းက နေပြည်တော်တ၀ိုက် မိုးသက်လေပြင်းကျလို့  ဥတ္တရသီရိနဲ့  ပုဗ္ဗသီရိမြို့နယ်တွေမှာ သာသနိကအဆောက်အဦတွေရော နေအိမ်တွေ ပျက်စီးခဲ့ပါတယ်။

 

ဥတ္တရသီရိမြို့နယ်​တွင်​ ရပ်​ကွက်​(၂)ခု ​၊​ ကျေးရွာအုပ်​စု(၄)အုပ်​စု၊​ ကျေးရွာ(၁၄)ရွာက လူ​နေအိမ်​(၁၄၃)လုံးအမိုးများလန်​ခြင်း၊ လူ​နေအိမ်​(၃)လုံးပြိုကျခြင်း၊ စာသင်​​ကျောင်း(၄)​ကျောင်းအမိုးများလန်​ခြင်း၊ဘုန်​ကြီး​ကျောင်း(၃)​ကျောင်း၊ သိမ်​(၁)ခု၊ ဓမ္မာရုံ(၁)ခု၊ အုပ်​ချုပ်​​ရေးမှူးရုံး(၁)ရုံးတို့အမိုလန်​ခြင်း၊ ဓာတ်​တိုင်​(၄)တိုင်​ပြိုလဲခဲ့ပြီး ကိုး​တောင်​ပြည့်​​စေတီတစ်​ဆူ ထီး​တော်​​စောင်းပြီးစိန်​ဖူး​တော်​​မြေခခဲ့​တယ်လို့ သိရပါတယ်။

 

ပုဗ္ဗသီရိမြို့နယ်​မှာတော့ ​​ကျေးရွာအုပ်​စု​လေးအုပ်​စု​က  ကျေးရွာ​လေးရွာမှာ လူ​နေအိမ်​(၅)လုံးပြိုကျခဲ့ပြီး​နေအိမ်​၂၉လုံးအမိုးလန်​ခဲ့​ကြောင်းသိရပါတယ်။

 

တပ်​ကုန်းမြို့နယ်​ ထန်း​တောကြီး​ကျေးရွာမှာလည်း နေအိမ်​နှစ်​လုံးအမိုးလန်​ပျက်​စီးခဲ့ပြီး၊ဘုန်းကြီး​ကျောင်းတစ်​​ကျောင်းလည်းအမိုးတွေ လန်သွားခဲ့ပါတယ်။

 

ဧပြီ.၁၈ရက်​​နေ့မှာတော့  ​​နေပြည်​​တော်​​ကောင်​စီဥက္ကဌ၊ မြို​တော်​ဝန်​​ဒေါက်​တာမျိုး​အောင်နဲ့ လူ/ကယ်​ပြန်​ဌာနက တာဝန်​ရှိသူတွေ လွှတ်​​တော်​ကိုယ်​စားတွေဟာ သဘာဝ​ဘေးအန္တရာယ်​ကြုံ​တွေ့ခဲ့ရတဲ့ ကျေးရွားတွေကို သွားပြီး ကယ်​ဆယ်​​ရေးပစ္စည်းတွေ ထောက်​ပံ့​ငွေ ပေးအပ်​ခဲ့ပါတယ်။

 

နေပြည်​​တော်​​ကောင်​စီက သဘာဝ​ဘေးခံစားခဲ့ရတဲ့ နေအိမ်​တွေအတွက်​ တ​အိမ်​​ထောင်​လျှင်​ ကျပ်​နှစ​သောင်းနှုန်းနှင့်​ လူ/ကယ်​ပြန်​မှ အလုံးစုံပျက်​စီးမှုအတွက်​ကျပ်​​ငွေတစ်​သိန်း၊ အမိုးလန်​ပျက်​စီးမှုအတွက်​ကျပ်​ငါး​သောင်းအပြင်​ကယ်​ဆယ်​​ရေးပစ္စည်းတွေလည်း​ ထောက်​ပံ့​ပေးအပ်​ခဲ့​တယ်လို့ သိရပါတယ်။

 

Related posts

Leave a Comment

VOM News

FREE
VIEW