ပခုက္ကူခရိုင် ပေါက်မြို့နယ်တွင်း လေဘေးသင့် အိမ်ထောင်စု ၁၀၀ ကျော်ခဲ့ 

ပေါက်. ဧပြီ ၁၈ ၊ ၂၀၁၉ အောင်မြင့် ( ပခုက္ကူ ) ဧပြီလ ၁၇ ရက်နေ့က ပေါက်မြို့နယ်၊ မျှားပိုင်းကျေးရွာအုပ်စု၊ လင်တောင်ကျေးရွာအုပ်စု၊ ထန်းတပင်ကျေးရွာအုပ်စု၊ ဆပန်ကျေးရွာအုပ်စု၊ ကူကားကျေးရွာအုပ်စုနှင့် ပလောင်းကျေးရွာအုပ်စုတို့တွင် (၁၇-၄-၂၀၁၉)ရက်နေ့တွင် ဖြစ်ပွားခဲ့တဲ့ လေဘေးကြောင့် ပြိုကျနေအိမ်(၄)လုံး၊ တစိတ်တပိုင်းပြိုကျနေအိမ်(၁)လုံး၊ အမိုးလန်အိမ်ခြေ(၉၈)လုံး၊ အမိုးလန် ဘုန်းတော်ကြီးကျောင်း(၃)ကျောင်း၊ အိမ်ထောင်စု(၁၀၃)စု၊ လူဦးရေ(၅၀၈)ဦးလေဘေးသင့်ခဲ့ပါတယ်။ ခုလိုလေဘေးသင့်ပျက်စီးသွားတဲ့ ကျောင်း/အိမ် ဆောက်ပစ္စည်းဖိုး(၄၅၀၀၀၀၀ိ/-)ကျပ်၊ဆန်ရိက္ခာဖိုး(၁၀၆၆၈၀၀ိ/-)ကျပ်၊ စုစုပေါင်း(၅၅၆၆၈၀၀ိ/) (ကျပ်ငါးဆယ့် ငါးသိန်းခြောက်သောင်းခြောက်ထောင့်ရှစ်ရာကျပ်တိတိ)တို့အပြင် ၊ ပြိုကျနေအိမ်(၄)အိမ်အတွက် ကယ်ဆယ်ရေးပစ္စည်း(၁၅)မျိုးပါ(၄)ပုံး၊ အမိုးလန်နေအိမ်(၉၉)အိမ်အတွက် ကယ်ဆယ်ရေးပစ္စည်း(၉)မျိုးပါ (၉၉)စုံတို့ကို (၁၈-၄-၂၀၁၉)ရက်နေ့က လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲ မှုဦးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများနှင့် ပေါက်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူတွေက သွားရောက်ထောက်ပံ့ခဲ့ပါတယ်။ ဒီကနေ့  ဧပြီ ၁၈ ရက်ပမှာလည်း ပခုက္ကခရိုင်ပေါက်မြို့နယ်မှာ  လေပြင်းတိုက်ခက်ခဲ့တာကြောင့် နေအိမ် ခြောက်လုံးအမိုးလန်ပျက်စီးပြီး ဘုန်းတော်ကြီးကျောင်းတစ်ကျောင်းလဲ…

Read More

ပစ်ခတ်မှုတွေအကြား အရပ်သားတွေထိခိုက်မှုများလာတဲ့အတွက် ဘောင်းဒွတ် ရွာလုံးကျွတ်ထွက်ပြေး

မြောက်ဦး၊ ဧပြီ ၁၈-၂၀၁၉ ခိုင်လင်းစံ (VOM) ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့ပေါ်မှာ ပစ်ခတ်မှုတွေ ဖြစ်ပွားနေပြီး အရပ်သားတွေ ထိခိုက်သေဆုံးမှုများပြားလာနေတဲ့ အတွက် ဘောင်းဒွတ်ကျေးရွာသားတွေ ကျေးရွာအတွင်းဆက်လက်မနေရဲတဲ့အတွက် ရွာလုံးကျွတ်ထွက်ပြေး နေကြရကြောင်း အောင်တပ်ရက်ကွက်မှာ နေထိုင်သူတစ်ဦးကပြောပါတယ်။ ဘောင်းဒွတ်ကျေးရွာနဲ့ အနီးဝန်းကျင်မှာ ခမရ ၃၇၇ နဲ့ ခမရ ၃၇၈ တပ်ရင်းတွေရှိနေပြီး ပစ်ခတ်မှုတွေပြင်းပြင်းထန်ထန် ပြုလုပ်နေတဲ့အတွက် ကျေးရွာသားနှစ်ဦးကို မနေ့ညက ကျည်ထိဒဏ်ရာရရှိခဲ့တဲ့အတွက် စိုးရိမ်မှုတွေရှိနေသလို ပစ်ခတ်မှုတွေဆက်လက်ရှိနေဆဲဖြစ်တဲ့အတွက် ကျေးရွာအတွင်း ညအချိန်မနေရဲကြဘဲ အခုလိုထွက်ပြေးလာခဲ့ကြတာ ဖြစ်ပါတယ်။ “အစကတော့ တစ်အိမ်ထောင် နှစ်အိမ်ထောင်လောက်ပဲ ထွက်ပြေးတာပါ။ မနေ့က ရွာသားနှစ်ယောက် ထိခိုက်တယ်။ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာတွေလည်း ပိုဆိုးလာတယ်။ ဒါကြောင့် ဆက်မနေရဲတော့လို့ တစ်ရွာလုံး ထွက်ပြေးလာတာပါ။ အခုအောင်တပ်ရပ်ကွက်က ကယ်ဆယ်ရေးစခန်းကိုရောက်နေပါတယ်။”လို့ ထွက်ပြေးလာခဲ့တဲ့ ကျေးရွာသားတစ်ဦးကပြောပါတယ်။ အဲ့ဒီရွက်ပြေးလာခဲ့ကြတဲ့ ဘောင်းဒွတ်ကျေးရွာသားတွေဟာ မြို့ပေါ်ရပ်ကွက်တွေဖြစ်တဲ့ အောင်ဒပ်၊ မြို့သစ်၊…

Read More

မိုးသက်လေပြင်းကြောင့် နေပြည်တော်ပတ်ဝန်းကျင် ပျက်စီးမှုများခဲ့

နေပြည်တော် ဧပြီ ၁၈ – ၂၀၁၉ ကိုထွန်း (VOM)   ဧပြီ ၁၇ ရက် ညနေပိုင်းက နေပြည်တော်တ၀ိုက် မိုးသက်လေပြင်းကျလို့  ဥတ္တရသီရိနဲ့  ပုဗ္ဗသီရိမြို့နယ်တွေမှာ သာသနိကအဆောက်အဦတွေရော နေအိမ်တွေ ပျက်စီးခဲ့ပါတယ်။   ဥတ္တရသီရိမြို့နယ်​တွင်​ ရပ်​ကွက်​(၂)ခု ​၊​ ကျေးရွာအုပ်​စု(၄)အုပ်​စု၊​ ကျေးရွာ(၁၄)ရွာက လူ​နေအိမ်​(၁၄၃)လုံးအမိုးများလန်​ခြင်း၊ လူ​နေအိမ်​(၃)လုံးပြိုကျခြင်း၊ စာသင်​​ကျောင်း(၄)​ကျောင်းအမိုးများလန်​ခြင်း၊ဘုန်​ကြီး​ကျောင်း(၃)​ကျောင်း၊ သိမ်​(၁)ခု၊ ဓမ္မာရုံ(၁)ခု၊ အုပ်​ချုပ်​​ရေးမှူးရုံး(၁)ရုံးတို့အမိုလန်​ခြင်း၊ ဓာတ်​တိုင်​(၄)တိုင်​ပြိုလဲခဲ့ပြီး ကိုး​တောင်​ပြည့်​​စေတီတစ်​ဆူ ထီး​တော်​​စောင်းပြီးစိန်​ဖူး​တော်​​မြေခခဲ့​တယ်လို့ သိရပါတယ်။   ပုဗ္ဗသီရိမြို့နယ်​မှာတော့ ​​ကျေးရွာအုပ်​စု​လေးအုပ်​စု​က  ကျေးရွာ​လေးရွာမှာ လူ​နေအိမ်​(၅)လုံးပြိုကျခဲ့ပြီး​နေအိမ်​၂၉လုံးအမိုးလန်​ခဲ့​ကြောင်းသိရပါတယ်။   တပ်​ကုန်းမြို့နယ်​ ထန်း​တောကြီး​ကျေးရွာမှာလည်း နေအိမ်​နှစ်​လုံးအမိုးလန်​ပျက်​စီးခဲ့ပြီး၊ဘုန်းကြီး​ကျောင်းတစ်​​ကျောင်းလည်းအမိုးတွေ လန်သွားခဲ့ပါတယ်။   ဧပြီ.၁၈ရက်​​နေ့မှာတော့  ​​နေပြည်​​တော်​​ကောင်​စီဥက္ကဌ၊ မြို​တော်​ဝန်​​ဒေါက်​တာမျိုး​အောင်နဲ့ လူ/ကယ်​ပြန်​ဌာနက တာဝန်​ရှိသူတွေ လွှတ်​​တော်​ကိုယ်​စားတွေဟာ သဘာဝ​ဘေးအန္တရာယ်​ကြုံ​တွေ့ခဲ့ရတဲ့ ကျေးရွားတွေကို သွားပြီး ကယ်​ဆယ်​​ရေးပစ္စည်းတွေ ထောက်​ပံ့​ငွေ ပေးအပ်​ခဲ့ပါတယ်။   ​နေပြည်​​တော်​​ကောင်​စီက…

Read More

သင်္ကြန်ကာလ သတ်မှတ်ယာဉ်စီးခထက် ပိုမိုကောက်ခံတာနဲ့ပတ်သက်လို့  တိုင်ကြားမှု ၃၄ ခုရှိ

  ရန်ကုန် ၊ဧပြီ ၁၈ TGH (vom) သင်္ကြန်ကာလအတွင်း ယာဉ်စီးခပိုမိုကောက်ခံတဲ့ ယာဉ်လိုင်းတွေကို တိုင်ကြားမှု ၃၄ ခု ရှိခဲ့တယ်လို့  ရန်ကုန်တိုင်းဒေသကြီးသယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့ YRTA ကသိရပါတယ်။   “အာဏာပိုင်အဖွဲ့ကို တိုင်ထားတာက ၃၄ ခုရှိတယ်။ သူတို့ကို ဘယ်လိုအရေးယူဆောင်ရွက်မလဲဆိုတာကိုတော့ တစ်ယောက်တည်းပြောလို့မရဘူး။ အဖွဲ့နဲ့ပြောမှရမယ်။”လို့  ရန်ကုန်တိုင်းဒေသကြီးသယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့ရဲ့အတွင်းရေးမှူးဖြစ်သူဒေါက်တာမောင်အောင်က ဆိုပါတယ်။   သင်္ကြန်ကာလမှာ သတ်မှတ်ယာဉ်စီးခနူန်းထားထက်ပိုမကောက်ဖို့ YRTA အနေနဲ့ သင်္ကြန်ကာလမရောက်ခင်ကတည်းက ကြေငြာထားပေမယ့်လည်း တကယ်တမ်း သင်္ကြန်ကာလမှာတော့ YBS ယာဉ်လိုင်းတွေရပ်နားတာများပြားခဲ့တာကြောင့် သင်္ကြန်အကြိုနေ့မတိုင်ခင်တစ်ရက်အလိုမှာတင် ခရီးစဉ်တစ်ကြောင်းကို ၁၀၀၀ ကျပ် ထိတောင်းတာတွေရှိခဲ့ပါတယ်။   ဒီလိုကိစ္စတွေနဲ့ပတ်သက်ပြီး ybs စီးနင်းသူတွေအကြားမှာလည်း ဝေဖန်မှုတွေဖြစ်ပေါ်ခဲ့ပါတယ်။   ” သင်္ကြန်ရက် ကားဆွဲပေးတာပဲ ကျေးဇူးတင်ရမှာပါ၊အမှန်ဆို ဒါသူတို့ လုပ်ပိုင်ခွင့်ရှိတဲ့ အဖွဲ့ကနေ အစထဲကစီစဉ်ရမှာလေ။ ခုတော့ ရှိသမျ ကားလိုင်းတွေက…

Read More

သင်္ကြန် လေးရက်အတွင်း တိုင်းနဲ့ပြည်နယ် ၁၁ခု မှာ လူသတ်မှု ၇ မှုအပါ အဝင် ဖြစ်ပွားခဲ့တဲ့မှုခင်းတွေကြောင့်  သေဆုံးသူ ၂၉ ဦးနဲ့ထိခိုက်ဒဏ်ရာရသူ ၁၃၀ ထိရှိခဲ့

  ရန်ကုန်၊ ဧပြီ ၁၈ TGH(vom)   သင်္ကြန်ကာလ လေးရက်အတွင်း တိုင်းနဲ့ပြည်နယ် ၁၁ခု မှာ လူသတ်မှု ၇ မှု နဲ့ ယာဉ်တိုက်မှု ၂၁ မှု၊ ခိုက်ရန်ဖြစ်ပွားမှု ၃၆ မှု ၊ ခိုးမှု ၂ မှု၊ ရေနစ်သေဆုံးမှု ၁၄ မှု ဖြစ်ပွားခဲ့ရာ စုစုပေါင်း သေဆုံးသူ ၂၉ ဦး၊ ထိခိုက်ဒဏ်ရာရသူ ၁၃၀ နဲ့ ခိုးမှု ၂ မှု ရှိခဲ့တယ်လို့သိရပါတယ်။   ဒါဟာ သင်္ကြန်နဲ့ပတ်သက်ပြီး ရေပက်ကစားလည်ပတ်ကြရာကနေ  အပျော်လွန် ကျူးတာ၊ ယာဉ်မဆင်မခြင် မောင်းနှင်တာ ၊ အစအနောက် လွန်ကျူးရာကတဆင့် ခိုက်ရန်ဖြစ်ပွားတာ အပါအဝင် မှုခင်းဖြစ်ပွားမှုတွေအနေနဲ့မူခင်းသာဖြစ်တယ်လို့ ပြန်ကြားရေး ဝန်ကြီးဌာန ကထုတ်ပြန်ထားပါတယ်။   နေပြည်တော်မှာ လူသတ်မှု…

Read More

ပေါ်တူဂီမှာ ကမ္ဘာ့လှည့်ခရီးသည်ဘတ်စ်ကားတစ်စီး တိမ်းမှောက် လူ ၂၉ ဦးသေဆုံး

  လစ္စဘွန်း၊ ဧပြီ၁၈-၂၀၁၉ မျိုးဆက် (VOM) ပေါ်တူဂီနိုင်ငံပိုင် မာဒီယာကျွန်းမှာ ဂျာမန်ကမ္ဘာလှည့်ခရီးသွားတွေကို တင်ဆောင်လာတဲ့ ဘတ်စ်ကားတစ်စီး တိမ်းမှောက်သွားလို့လူ ၂၉ ဦးထက်မနည်းသေဆုံးသွားပါတယ်။ ကာနီဆိုမြို့အနီးဖြစ်ပွားခဲ့တဲ့ အဲဒီ မတော်တဆမှုမှာ အခြားလူ ၂၇ ဦးလည်း ထိခိုက်ဒါဏ်ရာရရှိခဲ့ပါတယ်။ ဘတ်စ်ကားမတော်မဆမှုဟာ ဒေသစံတော်ချိန် ညနေ ၆ နာရီ ၃၀ မိနစ်တွင်ဖြစ်ပွားခဲ့တာဖြစ်ပြီး ကားမောင်းသူဟာ လမ်းဆုံတစ်ခုမှာ ကားကိုမထိန်းချုပ်နိုင်တော့ဘဲ တိမ်းမှောက်သွားတာဖြစ်တယ်လို့ ပေါ်တူဂီနိုင်ငံ အခြေစိုက် လူဆာသတင်းဌာနက ဖော်ပြပါတယ်။ တိမ်းမှာက်သွားတဲ့ ဘတ်စ်ကားဟာ နောက်ဆုံးမှာ အိမ်ခေါင်မိုးတစ်ခုပေါ်မှာ တင်ကျန်ပြီး ရပ်တန့်သွားပါတယ်။ ဒီမတော်တဆမှုအတွက် ၀မ်းနည်းကြောင်းဘယ်လို ပုံဖော်ပြောရမယ်ဆိုတာကိုတောင် မသိဘူးလို့ ဒေသဆိုင်ရာ မြို့တော်ဝန် ဖိလစ်ဆော့ဆာက ပြောပါတယ်။ ဘတ်စ်ကားပေါ်မှာ လိုက်ပါလာတဲ့ ကမ္ဘာ့လှည့်ခရီးသွားအားလုံးဟာ ဂျာမန်လူမျိုးတွေပြီး သေဆုံးဒါဏ်ရာရရှိသူတွေထဲမှာ ဒေသခံတွေပါဝင်နိုင်တယ်လို့ သူကပြောပါတယ်။ သေဆုံးသူများထဲက ၁၁ ဦးက အမျိုးသားများဖြစ်ပြီး…

Read More

မြောက်ဦးမြို့ပေါ်ပစ်ခတ်မှုကြောင့် သားဖနှစ်ဦးကျည်ထိဒဏ်ရာရ

  မြောက်ဦး၊ ဧပြီ ၁၈-၂၀၁၉ ခိုင်လင်းစံ (VOM)   ရခိုင်ပြည်နယ် မြောက်ဦးမြို့ပေါ်ရပ်ကွက်တစ်ခုဖြစ်တဲ့ ဘောင်းဒွတ်ရပ်ကွက်အတွင်းမှာ ဧပြီလ ၁၇ ရက်နေ့ညက ပစ်ခတ်မှု များဖြစ်ပွားခဲ့တဲ့အတွက် သားအဖနှစ်ဦး ကျည်ထိမှန်ဒဏ်ရာရရှိခဲ့ကြတာဖြစ်ပါတယ်။ အဲ့ဒီကျည်ထိမှန်ဒဏ်ရာရရှိခဲ့တဲ့ သားအဖနှစ်ဦးမှာ ဘောင်းဒွတ်ရပ်ကွက်မှာနေထိုင်သူတွေဖြစ်ကြပြီး ဖခင်ဖြစ်သူ ဦးမောင်သန်းအေး ၄၀ နှစ်နဲ့ သမီးဖြစ်သူ မဌေးဌေးအောင် ၁၄ နှစ်တို့ နေအိမ်အတွင်း ပုံးအောင်းနေစဉ် ကျည်ထိမှန်ခဲ့တာဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။   “မနေ့က ည ၁၀ နာကျော်လောက်ကနေ စပြီးတော့ ပစ်ခတ်ပါတယ်။ လက်နက်ကြီး၊ လက်နက်ငယ်အစုံးပါပဲ။ ဆက်တိုက်ကို ပစ်ခတ်နေတာပါ။ ညက ပစ်တယ်ဆိုတာနဲ့ ရွာမှာမနေရဲကဘူး။ အားလုံးက နီးစပ်ရာလုံခြုံမဲ့နေရာတွေမှာ ပုန်းကြတာပေါ့။ ဦးမောင်သန်းအေးတို့ သားအဖနှစ်ယောက်ကတော့ ကျည်ထိသွားတယ်။ အခုဆေးရုံကိုပိုထားပါပြီ။”လို့ ဘောင်းဒွတ်ရပ်ကွက်မှ ဒေသခံတစ်ဦးကပြောပါတယ်။   ကျည်ထိမှန်ခဲ့တဲ့ ဦးမောင်သန်းအေးမှာ နှာခေါင်းဒဏ်ရာရရှိခဲ့ပြီး သမီးဖြစ်သူ…

Read More

အဂတိလိုက်စားမှုကြောင့် ပီရူးသမ္မတဟောင်း ကိုယ့်ကိုကိုယ် သေနတ်နဲ့ပစ်ပြီး အဆုံးစီရင်

လီမာ၊ ဧပြီ -၂၀၁၉ မျိုးဆက် (VOM) ပီရူးသမ္မတဟောင်း အလန်ဂါစီယာကို အဂတိလိုက်စားမှု တစ်ခုနဲ့ ပတ်သက်လို့ ရဲတပ်ဖွဲ့က ဖမ်းဆီးဖို့ လာရောက်ချိန်မှာ သူ့ရဲ့ နေအိမ်မှာ ကိုယ့်ကိုကိုယ် ဦးခေါင်းကို သေနတ်ပစ်ခတ်ပြီးနောက် ဧပြီ ၁၇ ရက်က ဆေးရုံမှာ သေဆုံးသွားပါတယ်။ ပီရူးနိုင်ငံက အေပီအာအေ ပါတီရဲ့ ရင့်ပါတီဝင်တစ်ဦးဖြစ်သူ အလန်ဂါစီယာ ဆေးရုံမှာ သေဆုံးသွားတဲ့အကြောင်းကို အေပီအာအေပါတီရဲ့ အထွေထွေအတွင်းရေးမှူး အိုမာကေဆာဒါက အတည်ပြုပြောဆိုပါတယ်။ ပီရူးနိုင်ငံမှာ ဆယ်စုနှစ်များစွာ တစ်ချိန်က အင်အားကြီးပါတီဖြစ်ခဲ့တဲ့ အေပီအာအေပါတီကို ဦးဆာင်ခဲ့သူ သမ္မတဟောင်း ဂါစီယာဟာ ကျွမ်းကျင်တဲ့ အဟောအပြောကောင်းသူတစ်ဦးဖြစ်ပြီး လွတ်လပ်တဲ့ ဈေးကွက်ကို ထောက်ခံသူအဖြစ် သူကိုယ်သူ ပြန်လည်ပြောင်းလဲမှုမတိုင်မီ ၁၉၈၅ ခုနှစ်ကနေ ၁၉၉၀ ခုနှစ်အထိ ပီရူးနိုင်ငံကိုအုပ်ချုပ်ခဲ့တာဖြစ်ပြီး ၂၀၀၆ ခုနှစ်မှာ နောက်ထပ်ငါးနှစ်သက်တမ်း သမ္မတအဖြစ် ပြန်လည်ရွေးချယ်ခံခဲ့ရပါတယ်။ လာဘ်ပေးလာဘ်ယူမှုတွေနဲ့…

Read More

မဟာဗျူဟာမြောက် လက်နက်သစ်တစ်မျိုးကို မြောက်ကိုရီးယား စမ်းသပ်ပစ်ခတ်

ပြုံးယမ်း၊ ဧပြီ၁၈-၂၀၁၉ မျိုးဆက် (VOM) အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်နဲ့ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်တို့အကြား သဘောတူညီချက်မရရှိဘဲ ပြီးဆုံးသွားတဲ့ ဆွေးနွေးပွဲများအပြီးမှာ ပထမဆုံးအကြိမ်အဖြစ် အစွမ်းထက်ထိပ်ဖူးတပ်ဆင်ထားတဲ့ မဟာဗျူဟာမြောက်လက်နက်သစ်တစ်မျိုးကို စမ်းသပ်ပစ်ခတ်ခဲ့တယ်လို့ မြောက်ကိုရီးယားက ပြောပါတယ်။ လက်နက်သစ်ကို စမ်းသပ်ပစ်ခတ်တာနဲ့ ပတ်သက်ပြီး မြောက်ကိုရီးယားနိုင်ငံပိုင် သတင်းဌာနက အသေးစိတ်အချက်အလက်အနည်းငယ်ကိုသာ ဖော်ပြခဲ့ပေမယ့် စမ်းသပ်မှုကို ကင်ဂျုံအန်ကိုယ်တိုင် ကြီးကြပ်ခဲ့တယ်လို့ဆိုပါတယ်။ ဒါပေမယ့် မြောက်ကိုရီးယားဟာ အမေရိကန်ကို ခြိမ်းခြောက်နိုင်တဲ့ တာဝေးပစ်ဒုံးပျံတွေကို ပြန်လည် စမ်းသပ်ထုတ်လုပ်နိုင်ခြေတော့ မရှိဘူးလွှိ လေ့လာသူတွေကပြောပါတယ်။ ဒီလိုလက်နက်သစ်စမ်းသပ်ပစ်ခတ်တာတွေကို လွန်ခဲ့တဲ့ နိုဝင်ဘာလကလည်း မြောက်ကိုရီးယားက လုပ်ဆောင်ခဲ့ပြီး အမေရိကန်အပေါ် ဖိအားပေးဖို့ကြိုးပမ်းမှုတစ်ခုအဖြစ် ရှုမြင်ရပါတယ်။ နောက်ဆုံးပြုလုပ်ခဲ့တဲ့ ထိပ်သီးဆွေးနွေးပွဲပြီးကတည်းက နျူကလီးယားဆွေးနွေးပွဲတွေနဲ့ ပတ်သက်လို့ နှစ်နိုင်ငံအကြား တိုးတက်မှု အနည်းငယ်သာ ရှိခဲ့ပါတယ်။ ဖေဖော်ဝါရီလအတွင်းက နျူကလီးယားစွန့်လွှတ်ရေးဆွေးနွေးဖို့ ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့မှာ အမေရိကန်သမ္မတ ဒေါ်နယ်ထရန်နဲ့ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်တို့…

Read More

လေပြင်းတိုက်ခိုက်ခတ်မှုကြောင့် ပအို့ဝ်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသအချို့ လူနေအိမ်အများအပြား ပျက်စီး

နေပြည်တော်၊ဧပြီ ၁၈-၂၀၁၉ ဒီပ(နေပြည်တော်) ဧပြီလ(၁၇)ရက်နေ့က တိုက်ခတ်ခဲ့တဲ့ မိုးသက်လေပြင်းကြောင့် ရှမ်းပြည်တောင်ပိုင်း ပအို့ဝ်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသအချို့မှာတော့  လူနေအိမ်အများအပြား ပျက်စီးခဲ့ရတယ်လို့ ဒေသခံအချို့ထံကနေ သိရှိရပါတယ်။ “အခုလို လေပြင်းတိုက်ခတ်သွားတာ ပထမဆုံးအကြိမ်ပဲ စုစုပေါင်း(၄၆)အိမ် ပျက်စီးသွားတယ် ဘုန်ကြီးကျောင်းလဲ ပျက်စီးသွားတယ် လူတွေကတော့ မပျက်စီးပဲ ကျန်နေတဲ့အိမ်တွေမှာ ခိုလှုံနေကြတယ် လေတိုက်တာကတော့ မနေ့ကနေ့လည် (၂)နာရီလောက်မှာ စပြီးတော့တိုက်တာပဲ ဒီကနေ့မှာတော့ လွှတ်တော်ကိုယ်စားလှယ်နဲ့ သက်ဆိုင်ရာ တာဝန်ရှိသူတွေက အပျက်အစီးစာရင်း လာပြီးကောက်နေတယ်”လို့ နောင်လုံရွာ(မ) ဒေသခံ ဦးပညာက ပြောပါတယ်။ ယင်းကျေးရွာသည် ဆီဆိုင်မြို့ရဲ့မြောက်ဖက် မိုင်(၂၀)ခန့်အကွာမှာ တည်ရှိပြီး ပါလောပါကယ် ကျေးရွာအုပ်စုမှာပါဝင်ပြီး အိမ်ခြေစုစုပေါင်း(၉၆)အိမ် ရှိတယ်လို့ သိရပါတယ်။ ထို့ပြင် ရှမ်းပြည်နယ်တောင်ပိုင်း ပအို့ဝ်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ် သပြေကုန်းအုပ်စု ကသောင်းကျေးရွာတို့တွင်လည်း ဧပြီလ(၁၇)ရက်နေ့မှာတော့  မိုးသက်လေပြင်းနဲ့အတူ မိုးသီးများကြွေကျကာ လူနေအိမ်အပျက်စီးရှိခဲ့ကြောင်းလည်း ကျေးရွာအုပ်ချုပ်ရေးမှုး ဦးသက်ဆွေက…

Read More
VOM News

FREE
VIEW