မြောက်ဦးမြို့ပေါ်ပစ်ခတ်မှုကြောင့် သားဖနှစ်ဦးကျည်ထိဒဏ်ရာရ

 

မြောက်ဦး၊ ဧပြီ ၁၈-၂၀၁၉

ခိုင်လင်းစံ (VOM)

 

ရခိုင်ပြည်နယ် မြောက်ဦးမြို့ပေါ်ရပ်ကွက်တစ်ခုဖြစ်တဲ့ ဘောင်းဒွတ်ရပ်ကွက်အတွင်းမှာ ဧပြီလ ၁၇ ရက်နေ့ညက ပစ်ခတ်မှု များဖြစ်ပွားခဲ့တဲ့အတွက် သားအဖနှစ်ဦး ကျည်ထိမှန်ဒဏ်ရာရရှိခဲ့ကြတာဖြစ်ပါတယ်။

အဲ့ဒီကျည်ထိမှန်ဒဏ်ရာရရှိခဲ့တဲ့ သားအဖနှစ်ဦးမှာ ဘောင်းဒွတ်ရပ်ကွက်မှာနေထိုင်သူတွေဖြစ်ကြပြီး ဖခင်ဖြစ်သူ ဦးမောင်သန်းအေး ၄၀ နှစ်နဲ့ သမီးဖြစ်သူ မဌေးဌေးအောင် ၁၄ နှစ်တို့ နေအိမ်အတွင်း ပုံးအောင်းနေစဉ် ကျည်ထိမှန်ခဲ့တာဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။

 

“မနေ့က ည ၁၀ နာကျော်လောက်ကနေ စပြီးတော့ ပစ်ခတ်ပါတယ်။ လက်နက်ကြီး၊ လက်နက်ငယ်အစုံးပါပဲ။ ဆက်တိုက်ကို ပစ်ခတ်နေတာပါ။ ညက ပစ်တယ်ဆိုတာနဲ့ ရွာမှာမနေရဲကဘူး။ အားလုံးက နီးစပ်ရာလုံခြုံမဲ့နေရာတွေမှာ ပုန်းကြတာပေါ့။ ဦးမောင်သန်းအေးတို့ သားအဖနှစ်ယောက်ကတော့ ကျည်ထိသွားတယ်။ အခုဆေးရုံကိုပိုထားပါပြီ။”လို့ ဘောင်းဒွတ်ရပ်ကွက်မှ ဒေသခံတစ်ဦးကပြောပါတယ်။

 

ကျည်ထိမှန်ခဲ့တဲ့ ဦးမောင်သန်းအေးမှာ နှာခေါင်းဒဏ်ရာရရှိခဲ့ပြီး သမီးဖြစ်သူ မဌေဌေးအောင်မှာ ဝဲလက်မောင်း ကျည်ဖောက်ထွင်းဒဏ်ရာရရှိခဲ့တာဖြစ်ပါတယ်။ မြောက်ဦးမြို့ဟာ ညမထွက်ရအမိန့်ထုတ်ပြန်ထားတဲ့ နယ်မြေဖြစ်တဲ့အတွက် ကျည်ထိမှန်ဒဏ်ရာရရှိခဲ့သူတွေကိုတော့ ၁၈ ရက်နေ့ မနက်ပိုင်း ၅ နာရီလောက်မှာ မြောက်ဦးဆေးရုံကို ပို့ဆောင်ခဲ့ရတာဖြစ်ပါတယ်။

“ပစ်တာကတော့ မနေ့ညကတည်းက ပစ်ခတ်နေတာ အခုနေ့လည်ပိုင်းလောက်မှ ရတယ်။ လောလောဆယ်တော့ အသံတွေမကြားရတော့ဘူး။ ရွာသားတွေလည်း ကြောက်လန့်နေကြတယ်။ ထွက်ပြေးသူထွက်ပြေးဖြစ်နေပြီ။ တပ်နဲ့နီးတဲ့ရွာဆိုတော့ ပိုပြီးစိုးရိမ်နေရတယ်။”လို့ ဒေသခံတစ်ဦးကပြောပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ ဧပြီလ ၁၃ ရက်နေ့ကလည်း အခုလိုမျိုးပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့တဲ့အတွက် ဘောင်းဒွတ်ကျေးရွာသားနှစ်ဦး ကျည်ထိမှန်ပြီး တစ်ဦးသေဆုံးခဲ့ကာ တစ်ဦးမှာ စစ်တွေဆေးရုံကြီးမှာ ဆေးကုသမှုခံယူနေရတာဖြစ်ပါတယ်။

 

#voiceofmyanmr #ရခိုင်ပြည်နယ် #တိုက်ပွဲ #ကျည်ဆံမှန်

Related posts

Leave a Comment

VOM News

FREE
VIEW