အဂတိလိုက်စားမှုကြောင့် ပီရူးသမ္မတဟောင်း ကိုယ့်ကိုကိုယ် သေနတ်နဲ့ပစ်ပြီး အဆုံးစီရင်

လီမာ၊ ဧပြီ -၂၀၁၉

မျိုးဆက် (VOM)

ပီရူးသမ္မတဟောင်း အလန်ဂါစီယာကို အဂတိလိုက်စားမှု တစ်ခုနဲ့ ပတ်သက်လို့ ရဲတပ်ဖွဲ့က ဖမ်းဆီးဖို့ လာရောက်ချိန်မှာ သူ့ရဲ့ နေအိမ်မှာ ကိုယ့်ကိုကိုယ် ဦးခေါင်းကို သေနတ်ပစ်ခတ်ပြီးနောက် ဧပြီ ၁၇ ရက်က ဆေးရုံမှာ သေဆုံးသွားပါတယ်။

ပီရူးနိုင်ငံက အေပီအာအေ ပါတီရဲ့ ရင့်ပါတီဝင်တစ်ဦးဖြစ်သူ အလန်ဂါစီယာ ဆေးရုံမှာ သေဆုံးသွားတဲ့အကြောင်းကို အေပီအာအေပါတီရဲ့ အထွေထွေအတွင်းရေးမှူး အိုမာကေဆာဒါက အတည်ပြုပြောဆိုပါတယ်။

ပီရူးနိုင်ငံမှာ ဆယ်စုနှစ်များစွာ တစ်ချိန်က အင်အားကြီးပါတီဖြစ်ခဲ့တဲ့ အေပီအာအေပါတီကို ဦးဆာင်ခဲ့သူ သမ္မတဟောင်း ဂါစီယာဟာ ကျွမ်းကျင်တဲ့ အဟောအပြောကောင်းသူတစ်ဦးဖြစ်ပြီး လွတ်လပ်တဲ့ ဈေးကွက်ကို ထောက်ခံသူအဖြစ် သူကိုယ်သူ ပြန်လည်ပြောင်းလဲမှုမတိုင်မီ ၁၉၈၅ ခုနှစ်ကနေ ၁၉၉၀ ခုနှစ်အထိ ပီရူးနိုင်ငံကိုအုပ်ချုပ်ခဲ့တာဖြစ်ပြီး ၂၀၀၆ ခုနှစ်မှာ နောက်ထပ်ငါးနှစ်သက်တမ်း သမ္မတအဖြစ် ပြန်လည်ရွေးချယ်ခံခဲ့ရပါတယ်။

လာဘ်ပေးလာဘ်ယူမှုတွေနဲ့ အတူ ဒေသတွင်းမှာ အကျိုးအမြတ်ရတဲ့ ကန်ထရိုက်လုပ်ငန်းတွေကို ဘရာဇီး ဆောက်လုပ်ရေးကုမ္ပဏီတစ်ခုဖြစ်တဲ့ အိုဒီဘရက်ခ်ျက ရရှိခဲ့တယ်လို့ ၂၀၁၆ ခုနှစ်မှာ ဂါစီယာက လူသိရှင်ကြားဝန်ခံပြီးနောက် အကြီးအကျယ်လာဘ်ပေးလာဘ်ယူကိစ္စတွေ ဖြစ်ပေါ်ခဲ့တဲ့ အဲဒီကုမ္ပဏီနဲ့ ဆက်နွယ်ပတ်သက်နေတာကြောင့် သူ့ကို စုံစမ်းမှုတွေလုပ်ဆောင်ခဲ့ပါတယ်။

သမ္မတဟောင်း ဂါစီယာကို တိုင်းပြည်ကနေ ထွက်ပြေးတာ သို့မဟုတ် စုံစမ်းစစ်ဆေးမှုတွေကနေ ရှောင်တိမ်းလို့မရအောင် နိုင်ငံတွင်းမှာ ထွက်ခွာခွင့်ကို ပိတ်ပင်လိုက်ပြီးနောက်သူဟာ လွန်ခဲ့တဲ့ နှစ်က ဥရုဂွေးနိုင်ငံမှာ နိုင်ငံရေးခိုလှုံခွင့် တောင်းခံခဲ့ပါတယ်။ ဒါပေမယ့် သူ့ရဲ့ နိုင်ငံရေးခိုလှုံခွင့်တောင်းခံတာကို ဥရုဂွေးနိုင်ငံက ငြင်းပယ်ခဲ့ပါတယ်။ Ref : CNA Photo : Reuters

#voiceofmyanmar #ပီရူး #သမ္မတ #အဆုံးစီရင် #ဂါစီယာ

Related posts

Leave a Comment

VOM News

FREE
VIEW