ဧပြီလ ၁၇ ရက်နေ့က ပေါက်မြို့နယ်၊ မျှားပိုင်းကျေးရွာအုပ်စု၊ လင်တောင်ကျေးရွာအုပ်စု၊ ထန်းတပင်ကျေးရွာအုပ်စု၊ ဆပန်ကျေးရွာအုပ်စု၊ ကူကားကျေးရွာအုပ်စုနှင့် ပလောင်းကျေးရွာအုပ်စုတို့တွင် (၁၇-၄-၂၀၁၉)ရက်နေ့တွင် ဖြစ်ပွားခဲ့တဲ့ လေဘေးကြောင့် ပြိုကျနေအိမ်(၄)လုံး၊ တစိတ်တပိုင်းပြိုကျနေအိမ်(၁)လုံး၊ အမိုးလန်အိမ်ခြေ(၉၈)လုံး၊ အမိုးလန် ဘုန်းတော်ကြီးကျောင်း(၃)ကျောင်း၊ အိမ်ထောင်စု(၁၀၃)စု၊ လူဦးရေ(၅၀၈)ဦးလေဘေးသင့်ခဲ့ပါတယ်။
ခုလိုလေဘေးသင့်ပျက်စီးသွားတဲ့ ကျောင်း/အိမ် ဆောက်ပစ္စည်းဖိုး(၄၅၀၀၀၀၀ိ/-)ကျပ်၊ဆန်ရိက္ခာဖိုး(၁၀၆၆၈၀၀ိ/-)ကျပ်၊ စုစုပေါင်း(၅၅၆၆၈၀၀ိ/) (ကျပ်ငါးဆယ့် ငါးသိန်းခြောက်သောင်းခြောက်ထောင့်ရှစ်ရာကျပ်တိတိ)တို့အပြင် ၊ ပြိုကျနေအိမ်(၄)အိမ်အတွက် ကယ်ဆယ်ရေးပစ္စည်း(၁၅)မျိုးပါ(၄)ပုံး၊ အမိုးလန်နေအိမ်(၉၉)အိမ်အတွက် ကယ်ဆယ်ရေးပစ္စည်း(၉)မျိုးပါ (၉၉)စုံတို့ကို (၁၈-၄-၂၀၁၉)ရက်နေ့က လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲ မှုဦးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများနှင့် ပေါက်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူတွေက သွားရောက်ထောက်ပံ့ခဲ့ပါတယ်။
ဒီကနေ့ ဧပြီ ၁၈ ရက်ပမှာလည်း ပခုက္ကခရိုင်ပေါက်မြို့နယ်မှာ လေပြင်းတိုက်ခက်ခဲ့တာကြောင့် နေအိမ် ခြောက်လုံးအမိုးလန်ပျက်စီးပြီး ဘုန်းတော်ကြီးကျောင်းတစ်ကျောင်းလဲ ပျက်စီးခဲ့ပါတယ်။ ပေါက်မြို့နယ်မှာ ဧပြီ ၁၇ ရက်နေ့ကလဲ လေပြင်းတိုက်ခက်ခဲ့တာကြောင့် ကျေးရွာအုပ်စု ၇ ခုမှာ ကျေးရွာ ၁၄ ရွာက လူနေအိမ် ၁၀၀ ကျော် ဘုန်းတော်ကြီးကျောင်း ၃ ကျောင်း ပျက်စီးခဲ့ပါတယ်။ ပေါက်မြို့နယ် မှာ ဧပြီ ၁၇ ရက်နေ့ရော ၁၈ ရက်နေ့ပါ နှစ်ရက်ဆက်တိုက် လေပြင်းတိုက်ခက်ခဲ့တာပါ။
#voiceofmyanamr #ပခုက္ကူ #ပေါက် #လေပြင်းကျ