သင်္ကြန်ကာလ သတ်မှတ်ယာဉ်စီးခထက် ပိုမိုကောက်ခံတာနဲ့ပတ်သက်လို့  တိုင်ကြားမှု ၃၄ ခုရှိ

 

ရန်ကုန် ၊ဧပြီ ၁၈

TGH (vom)

သင်္ကြန်ကာလအတွင်း ယာဉ်စီးခပိုမိုကောက်ခံတဲ့ ယာဉ်လိုင်းတွေကို တိုင်ကြားမှု ၃၄ ခု

ရှိခဲ့တယ်လို့  ရန်ကုန်တိုင်းဒေသကြီးသယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့ YRTA ကသိရပါတယ်။

 

“အာဏာပိုင်အဖွဲ့ကို တိုင်ထားတာက ၃၄ ခုရှိတယ်။ သူတို့ကို ဘယ်လိုအရေးယူဆောင်ရွက်မလဲဆိုတာကိုတော့ တစ်ယောက်တည်းပြောလို့မရဘူး။ အဖွဲ့နဲ့ပြောမှရမယ်။”လို့  ရန်ကုန်တိုင်းဒေသကြီးသယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့ရဲ့အတွင်းရေးမှူးဖြစ်သူဒေါက်တာမောင်အောင်က ဆိုပါတယ်။

 

သင်္ကြန်ကာလမှာ သတ်မှတ်ယာဉ်စီးခနူန်းထားထက်ပိုမကောက်ဖို့ YRTA အနေနဲ့ သင်္ကြန်ကာလမရောက်ခင်ကတည်းက ကြေငြာထားပေမယ့်လည်း တကယ်တမ်း သင်္ကြန်ကာလမှာတော့ YBS ယာဉ်လိုင်းတွေရပ်နားတာများပြားခဲ့တာကြောင့် သင်္ကြန်အကြိုနေ့မတိုင်ခင်တစ်ရက်အလိုမှာတင် ခရီးစဉ်တစ်ကြောင်းကို ၁၀၀၀ ကျပ် ထိတောင်းတာတွေရှိခဲ့ပါတယ်။

 

ဒီလိုကိစ္စတွေနဲ့ပတ်သက်ပြီး ybs စီးနင်းသူတွေအကြားမှာလည်း ဝေဖန်မှုတွေဖြစ်ပေါ်ခဲ့ပါတယ်။

 

” သင်္ကြန်ရက် ကားဆွဲပေးတာပဲ ကျေးဇူးတင်ရမှာပါ၊အမှန်ဆို ဒါသူတို့ လုပ်ပိုင်ခွင့်ရှိတဲ့ အဖွဲ့ကနေ အစထဲကစီစဉ်ရမှာလေ။ ခုတော့ ရှိသမျ ကားလိုင်းတွေက အကုန်နီးပါးနားကြတယ်၊ ကြားကားထွက်ဆွဲပေးတာပဲ ကျေးဇူးတင်တယ်။ တက်စီငှါးမယ်ဆိုတော့လည်း ဈေးက နှစ်ဆလောက်ပေးရတယ်။ “လို့ သင်္ကြန်ကာလ ybs စီနင်းစဉ် ခရီးစဉ်တစ်ကြောင်းအတွက် ၁၀၀၀ ကျပ်ပေးဆောင်ခဲ့သူတစ်ဦးဖြစ်တဲ့ ဒေါ်မေမွန်စိုးကပြောပါတယ် ။

 

သင်္ကြန် ကာလရောက်တိုင်း ယခုလို သတ်မှတ် ယာဉ်စီးခနှုန်းထားထက်ပိုမို ပေးဆောင်ရတာတွေ ဖြစ်လေ့ရှိပြီး  အာဏာပိုင်အဖွဲ့အနေနဲ့လည်း အဲ့ဒီအခြေအနေကို ထိန်းချုပ်နိုင်မှု အားနည်းမှုတွေရှိနေဆဲဖြစ်ပါတယ်။

#voiceofmyanmar #သင်္ကြန် #YBS #ယာဉ်စီးခ

 

 

Related posts

Leave a Comment

VOM News

FREE
VIEW