အီရန်တရားရုံးချုပ် တရားသူကြီးနှစ်ယောက် တရားရုံးထဲ ဝင်ပစ်သတ်ခံရ

တီဟီရန်၊ ဇန်နဝါရီ-၁၉-၂၀၂၅
မျိုးဆက်(VOM)
အီရန်တရားရုံးချုပ် တရားသူကြီးနှစ်ယောက် ပစ်သတ်ခံခဲ့ရကြောင်း အီရန်နိုင်ငံပိုင် သတင်းဌာနက ထုတ်ပြန်ဖော်ပြပါတယ်။
မြို့တော်တီဟီရန်ရှိ တရားရုံးထဲကို စနေ့နေ့မနက်ပိုင်းက လက်နက်ကို်ငအမျိုးသားတယောက် ဝင်ရောက်လာပြီးနောက် တရားသူကြီး အလီရာဇီနီနဲ့မိုဟာမက်မိုဟီဆာချ်တို့ သေဆုံးခဲ့တာလို့ အီရန်တရားရေးဌာနကလည် ထုတ်ပြန်ထားပါတယ်။
တိုက်ခိုက်မှုအတွင်း သက်တော်စောင့်တယောက်လည်း ဒဏ်ရာရရှိခဲ့ပြီး သေနတ်သမားဟာ အခင်းဖြစ်ရာနေရာကနေ ထွက်ပြေးပြီးနောက် ကိုယ့်ကိုကိုယ် အဆုံးစီရင်ခဲ့တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။
တိုက်ခိုက်မှုရဲ့ အကြောင်းရင်းကို ရှင်းလင်းစွာမသိရသေးပေမယ့် သေဆုံးသွားတဲ့ တရားသူကြီးနှစ်ယောက်စလုံးဟာ ၁၉၉၀နဲ့ ၁၉၉၀ ခုနှစ်များအတွင်း အီရန်အစိုးရဆန့်ကျင်သူတွေကို နှိပ်စက်ညဉ်းပမ်း သတ်ဖြတ်မှုတွေမှာ ပါဝင်ခဲ့ကြသူတွေလို့ သတင်းတွေက ဆိုပါတယ်။
ဒါဟာ ကြိုတင်ကြံစည်တိုက်ခိုက်မှုဖြစ်တယ်လို့ အီရန်တရားရေးဌာနကို ကိုးကားပြီး နိုင်ငံပိုင် အိုင်အာအင်န်အေ သတင်းဌာနက ဆိုပါတယ်။ သေဆုံးသွားတဲ့ တရားသူကြီးဖြစ်တဲ့ ရာဇီနီဟာ ၁၉၉၈ ခုနှစ်ကလည်း လုပ်ကြံသတ်ဖြတ်မှုနဲ့ ကြုံခဲ့ရပြီး အသက်ဘေးက လွတ်မြောက်လာသူဖြစ်ပါတယ်။
အခြားတရားသူကြီးဖြစ်တဲ့ မိုဟီဆာချ်ကတော့ မရေတွက်နိုင်တဲ့ တရားမျှတမှုမရှိတဲ့ ညှဉ်းပန်းနှိပ်စက်မှုတွေနဲ့ ချိုးဖောက်မှုတွေကို ကျူးလွန်ခဲ့တာကြောင့် ၂၀၁၉ ခုနှစ်မှာ အမေရိကန်က အရေးယူပိတ်ဆို့မှု ချမှတ်ခဲ့သူဖြစ်ပါတယ်။
Ref:BBC
Photo:Mizan

Related posts

Leave a Comment

VOM News

FREE
VIEW