အပစ်ရပ်ရေး ဒုတိယနေ့မှာ ဂါဇာအတွက် အကူအညီပေးရေးယာဉ် အစီး ၉၀၀ ကျော်ဝင်ရောက်

ဂါဇာစီးတီး၊ ဇန်နဝါရီ-၂၁-၂၀၂၅
မျိုးဆက်(VOM)
အစ္စရေးနဲ့ ဟားမတ်စ်တို့အကြား ၁၅ လကြာစစ်ပွဲ အပစ်အခတ်ရပ်စဲရေး ဒုတိယမြောက်နေ့မှာ ဂါဇာကမ်းမြှောင်ဒေသကို အကူအညီပေးရေးယာဉ် ၉၁၅ စင်း ဝင်ရောက်ခဲ့တယ်လို့ ကုလသဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးမှူးရုံးက ပြောပါတယ်။
ကယ်ဆယ်ရေးပစ္စည်းတွေတင်ဆောင်ထားတဲ့ ယာဉ် ၆၃၀ ဟာ ပါလက်စတိုင်း အသိုက်အဝန်းအတွင်း ဖြန့်ဖြူးမှာဖြစ်ပြီး အစီးရေ ၃၀၀ ထက်မနည်းကတော့ အငတ်ဘေးဆိုက်နေတဲ့ ဂါဇာမြောက်ပိုင်းကို သွားရောက်နေတယ်ဆိုတာကို အပစ်အခတ်ရပ်စဲရေး အာမခံထားတဲ့ အမေရိကန်၊ ကာတာနဲ့ အီဂျစ်တို့ကို အကြောင်းကြားထားတယ်လို့ ကုလသမဂ္ဂက ပြောပါတယ်။
ကနဦး အပစ်ရပ်ကာလ ခြောက်ပတ်အတွင်းမှာ ထောက်ပံ့ရေးယာဉ် အစီး ၆၀၀ ကိုနေ့စဉ်ဝင်ရောက်ခွင့်ပြုရမှာပြီး ဒီထဲက ထက်ဝက်ကိုတော့ ဂါဇာမြောက်ပိုင်းကို ပို့ဆောင်ရမှာဖြစ်ပါတယ်။
ကုလသမဂ္ဂရဲ့ အချက်အလက်တွေအရ ဒီဇင်ဘာလအတွင်းမှာ ဂါဇာကမ်းမြှောင်ဒေသအတွက် ကယ်ဆယ်ရေးယာဉ် ၂၈၉၂ စီးဝင်ရောက်ခဲ့ပြီး လူသားချင်းစာနာမှုအကူအညီများကို ဖြန့်ဝေခဲ့သော်လည်း လုယက် ခိုးယူမှုတွေနဲ့လည်း ကြုံတွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။
ဂါဇာမှာ ၁၅ လကြာ ပဋိပက္ခတွေအတွင်း ပါလက်စတိုင်း ၂ ဒသမ ၃ သန်းဟာ နေ့ရပ်စွန့်ခွာထွက်ပြေးခဲ့ရပြီး ကမ္ဘာ့အကြီးဆုံး လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းဖြစ်ပေါ်နေတယ်လို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဂူတာရက်စ်က တိုက်တွန်းထားပါတယ်။
Ref:Reuters
Photo:Reuters

Related posts

Leave a Comment

VOM News

FREE
VIEW