ပေကျင်း၊ ဇန်နဝါရီ-၂၂-၂၀၂၅
မျိုးဆက်(VOM)
အမေရိကန်သမ္မတအဖြစ် ဒေါ်နယ်ထရန့်ကျမ်းသစ္စာကျိန်ဆိုပြီးနောက် နာရီပိုင်းအကြာမှာ တရုတ်သမ္မတ ရှီကျင်းပင်နဲ့ ရုရှားသမ္မတ ပူတင်တို့ ဗီဒီယိုကွန်ဖရင့်စနစ်နဲ့ ဆွေးနွေးခဲ့ကြပြီး နှစ်နိုင်ငံ ဆက်ဆံရေးပိုမိုတိုးမြှင့်ဖို့ ကတိပြုလိုက်ကြပါတယ်။
ရှီကျင်းပင်ကို ပူတင်က ချစ်လှစွာသော မိတ်ဆွေကြီးလို့ ခေါ်ဝေါ်သုံးစွဲခဲ့ပြီး ရုရှားနဲ့တရုတ်တို့ဟာ ပြင်ပဖိအားတွေ ရှိနေပမယ့် ချစ်ကြည်ရင်းနှီးမှု ၊ အပြန်အလှန်ယုံကြည့်မှုနဲ့ ပံ့ပိုးကူညီမှုစတာတွေကို အခြေခံပြီး ခိုင်မာတဲ့ ဆက်ဆံရေး တည်ဆောက်နေတယ်လို့ ရုရှားသမ္မတ က ပြောပါတယ်။
မဟာဗျူဟာမြောက် ညှိနှိုင်းဆောင်ရွက်မှုတွေကို ဆက်လက်နက်ရှိုင်းစေဖို့ ၊ အပြန်အလှန် ပံ့ပိုးကူညီမှုတွေ ခိုင်မာစေရေးနဲ့ တရားဝင်အကျိုးစီးပွားတွေကို ကာကွယ်စောင့်ရှောက်ဖို့ လိုတယ်လို့ တရုတ်သမ္မတ ရှီကျင်းပင်က ပူတင်ကိုတိုက်တွန်းပါတယ်။
ထရန့်အစိုးရက စိတ်ဝင်စားတယ်ဆိုရင် နှစ်ဘက်အကျိုးရှိပြီး လေးစားမှုကိုအခြေခံတဲ့ အမေရိကန်နဲ့ ဆက်ဆံရေးမျိုး တည်ဆောက်ဖို့ ရုရှားနဲ့တရုတ်က အဆင်သင့်ရှိတယ်လို့ သမ္မတနှစ်ယောက် ဆွေးနွေးပွဲပြီးနောက် ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန အကြံပေး ယူရီယူရှာကော့ဗ်က သတင်းထောက်တွေကို ပြောပါတယ်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ကတော့ တရုတ်ဟာ အလွဲသုံးစားလုပ်သူဆိုကာ အခွန်တိုးကောက်မယ်လို့ ဆိုထားပြီး ယူကရိန်းစစ်ပွဲအဆုံးသတ်ရေး သဘောတူညီချက်ကို မလိုက်နာရင် ပြသနာကြီးလိမ့်မယ်လို့ ခြိမ်းခြောက်ထားပါတယ်။
ယူကရိန်းစစ်ပွဲမှာ ရုရှားအတွက် အရေးပါတဲ့ စစ်လက်နက်အစိတ်အပိုင်းတွေ ပေးအပ်ပြီး ရုရှားရဲ့ စစ်တပ်ကို တရုတ်က ကူညီပေးနေတယ်လို့ စွပ်စွဲထားပါတယ်။ ရုရှားနဲ့ တရုတ်တို့အကြား ကုန်သွယ်မှုဟာ ယူကရိန်းစစ်ပွဲမဖြစ်ခင် ၂၀၂၃ ခုနှစ်အတွင်းက ဒေါ်လာ ၂၄၀ ဘီလီယံထိရှိခဲ့ပြီး ၂၀၂၁ ခုနှစ်နောက်ပိုင်း ၆၄ ရာခိုင်နှုန်း တိုးလာတာဖြစ်ပါတယ်။
Ref:BBC
Photo:Reuters