တမူး – ကလေး ကားလမ်းမှာ နေ့စဥ် တိုက်ပွဲတွေကြောင့် လမ်းတွေပိတ်ထားရ

ဖေဖော်၀ါရီ၊ ၅ ၊၂၀၂၅
ကျော်ဟိန်း ( VOM)
စစ်ကိုင်းတိုင်း ၊ ကလေး – တမူးး နယ်စပ်ကုန်သွယ်ရေး ကားလမ်းမှာ နေ့စဥ်နီးပါး တိုက်ပွဲတွေ ဖြစ်နေတာကြောင့် ကားလမ်းတွေပိတ်ထားပြီး ကုန်သွယ်ရေး လုပ်ငန်းတွေ ရပ်နားထားရတယ်လို့ မုံရွာမြို့ခံ နယ်စပ် ကုန်သွယ်ရေး လုပ်ငန်းရှင် တယောက်က်ဆီက သိရပါတယ် ။
” ကလေး – တမူးး ကားလမ်းက ၂၀၂၄ အောက်တိုဘာက စပြီး ပိတ်ထားတယ် ၊ လမ်းတွေ စတင်ပိတ်ထားတုန်းက ကွင်းလမ်းတွေက ရှောင်ကွင်းသွားလာလို့ ရသေးတယ် ၊ အခု အခြေအနေက လုံး၀ကို သွားလို့မရတော့ဘူး၊ အဲဒါကြောင့် နယ်စပ်ကုန်သွယ်ရေး လုပ်ငန်းတွေ ရပ်နားထားရတယ် ” လို့ မုံရွာမြို့ခံ မိုးရေးကုန်သည် တယောက်က်က ပြောပါတယ်။
တမူးး – ကလေး ကားလမ်းဟာ ပြီးခဲ့တဲ့ ၂၀၂၄ နှစ်ကုန်ပိုင်းက သွားလာမှုတွေပိတ်ထားခဲ့ပြီး တမူးမြို့နယ်ခွဲ ခါမ်းပတ် မြို့နယ်ကို ဒေသတွင်း လက်နက်ကိုင် အဖွဲ့တွေက သိမ်းပိုက် ထိန်းချုပ်ထားတယ်လို့ ဒေသခံ ကားသမားတွေဆီက သိရပါတယ်။
အိန္ဒိယနိုင်ငံ မိုးရေးမြို့ခံ နယ်စပ်လုပ်ငန်းရှင် တဦးက ” ကုန်သွယ်ရေးလုပ်ငန်းတွေ နားထားရတယ် ၊ တမူးးကို အ၀င်ကားတွေမရှိသလို အထွက်ကားတွေလဲ မရှိဘူး ၊ နောက်ပြီး လမ်းကြောင်တလျောက် လက်နက်လက်ကိုင်အဖွဲ့တွေက ထိန်ချုပ်ထားပြီး စစ်ဆေးမှုတွေ တင်းကြပ်ထားတယ် ၊ အဲဒါကြောင့် တမူးး – ကလေး ကုန်သွယ်ရေး နားထားရတာ လေးနှစ်ကျော်နေပြီ ၊အရောင်းအ၀ယ်လည်းမဖြစ်ဘူး ၊ ပို့ကုန် ၀င်ရောက်တာလည်း မရှိဘူး ” ပြောပါတယ်။
ဒါ့အပြင် တမူးး ဟုမ္မလင်း ကားလမ်းဘက်မှာလည်း နေ့တိုင်းနီးပါး တိုက်ပွဲတွေ ဖြစ်နေတာကြောင့် အဲ့ဒီလမ်းကြောင်းကို ကုန်သည်တွေ မသွားကြဘူးလို့ သိရပါတယ်။
ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းက မိုးရေးနယ်တ၀ိုက်မှာ လူမျိုးရေး ပဋိပက္ခတွေဖြစ်ကာ လူနေအိမ်တွေနဲ့ ထိခိုက် သေဆုံးသူလည်း ရှိတယ်လို့ သိရပါတယ်။
အဲ့ဒါကြောင့် တမူးးနယ်မှာ အခြေခံ စားသောက်ကုန်တွေတချို့ ပြတ်လပ်နေပြီး နေ့စဥ်သုံး မီးဖိုချောင်သုံး ပစ္စည်းတွေကိုတော့ မိုးရေးဘက်က ၀ယ်ယူသုံးစွဲနေရတယ်လို့ သိရပါတယ်။
တမူးးမြို့နယ်မှာ လွန်ခဲ့တဲ့ လေးနှစ်ကျော်က စတင်ပြီး နေရပ်စွန့်ခွာသူတွေ များပြားလာတာကြောင့် အခု ဆိုရင် အခြေတကျ နေထိုင်သူ လူအနည်းငယ်သာ ကျန်ပါတော့တယ်။
” တမူးးမြို့ပေါ်မှာ ဌာနဆိုင်ရာ ၀န်ထမ်းတွေနဲ့ လက်လုပ် လက်စားလုပ်သူ လူတချို့ပဲ ရှိတော့တာ ၊ အများစုကတော့ ကလေးမြို့ဘက်နဲ့ ချင်းတောင်ဘက်ကို စစ်ရှောင်သွားကြတယ် ၊ တမူးနယ်က မြို့နယ်ခွဲ တချို့ကို ဒေသတွင်း လက်နက်ကိုင် အဖွဲ့တွေက ထိန်းချုပ်ထားတယ်လို့ သိရပါတယ်။
တမူးးနယ်ထဲက မင်းသာ ၊ စေတီ ၊ သနန် ၊ ​​​​​​မြို့သစ် ၊ ခါမ်းပါတ် စတဲ့ ရွာတွေလည်း ထိန်းချုပ်ခံရတာ တနှစ်နီးပါးရှိခဲ့တယ်လို့ သိရပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW