မြိုင်မြို့နယ်က PDF မင်္ဂလာဆောင်ပွဲ လေကြောင်းတိုက်ခိုက်ခံရလို့ သေဆုံးထိခိုက်များ

ဖေဖော်၀ါရီ ၊ ၂၅ ၊ ၂၀၂၅
KH(VOM)
မကွေးတိုင်း ၊ ပခုက္ကူခရိုင် ၊ မြိုင်မြို့နယ် ၊ကျောက်ခွက် ရေနံမြေအနီး ဆုံကုန်း ကျေးရွာ ဘုန်းတော်ကြီးကျောင်းမှာ ဒီကနေ့ မနက် ၁၀ နာရီ ၀န်းကျင်ခန့်က မဂ်လာဆောင်ပွဲ ပြုလုပ်နေတဲ့ နေရာအပေါ် လေကြောင်း တိုက်ခိုက်ခံရလို့ ထိခိုက်သေဆုံး ဒဏ်ရာရသူတွေအများပြား ရှိတယ်လို့ မြိုင်မြို့ခံတွေဆီက သိရပါတယ် ။
” မဂ်လာဆောင်တာက PDF စုံတွဲဖြစ်တယ် ၊ ဒီမနက် ၁၀ နာရီလောက်မှာ လေယာဥ်ရောက်လာပြီး မင်္ဂဆောင်လုပ်နေတဲ့ နေရာအပေါ်ကို ဗုံးကျဲချသွားတယ် ၊အသေအပျောက်များတယ် အရေအတွက်တော့ မသိရသေးဘူး ၊ နောက်ပြီး ဒဏ်ရာရတဲ့တွေလည်းရှိတယ် ” လို့ မဂ်လာဆောင်ပွဲသွားခဲ့တဲ့ ဒေသခံ တယောက်က ပြောပါတယ်။
ဆုံကုန်းရွာခံ တယောက်ပြောတာက
” အသေအပျောက်က ဆယ်ယောက်အထက် ကျော်မယ် ၊ ဒဏ်ရာရသူတွေထဲက ထပ်ပြီး အပျက်အစီး ရှိနိုင်သေးလို့အရေအတွက် အတိအကျ ပြောလို့မရနိုင်သေးဘူး” ဖြစ်ပါတယ်။
အဲ့ဒီ တိုက်ခိုက်မှုကြောင့်ဘုန်းကြီး ကျောင်းဆောင် တဆောင် အပြင် အနီးနားက လူနေအိမ် တွေလဲ ထိခိုက် ပျက်စီးခဲ့တယ်လို့ သိရပါတယ် ။
” ရေနံမြေဆိုတော့ အခုခေတ် ရေနံစျေးနဲ့ လုပ်သားတွေ အဆင်ပြေကြတယ် ၊ အဲ့ဒါကြောင့် အလှူပွဲ ၊ မင်္ဂလာဆောင်ပွဲတွေ လုပ်ကြတယ် ၊ ဒီကနေ့ ဆောင်တဲ့ မင်္ဂလာပွဲက PDF ပွဲဆိုတော့ သတင်းပေါက်သွားတာဖြစ်မယ် ၊ အဲ့ဒါကြောင့် လေကြောင်းကနေ ဗုံးလာကျဲသွားတာ ဖြစ်နိုင်တယ် ” လို့ ဒေသခံ တယောက်က ပြောပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းက ရွေဘိုမြို့နယ် ၊ ပန်းရံကျေးရွာမှာ ပြည်သူ့စစ်မှုထမ်း အဖွဲ့မှာ ပါ၀င်တဲ့ လူတယောက်ရဲ့သားကို ရှင်ပြု အလှူပေးတဲ့အခါ ဒေသတွင်းလက်နက်ကိုင် အဖွဲ့က ဒရုန်းဗုံး နှစ်လုံးကျဲချခဲ့တာကြောင့် မောင်ရှင်လောင်း တပါး ထိခိုက် သေဆုံးရပြီး ၊ အလှူပွဲလာ ဧည့် ပရိသတ် ၁၄ ယောက်ထက်မနည်း ဒဏ်ရာရခဲ့တာ ဖြစ်ပွားခဲ့ပါသေးတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW