အဘူဂျာ၊ မတ်-၁၉-၂၀၂၅
ရတီ (VOM)
အမေရိကန်အစိုးရက ပြည်ပအကူအညီတွေကို ခေတ္တဆိုင်းငံ့မှုကြောင့် နိုင်ဂျီးရီးယား၊ ကင်ညာ၊ လီဆိုသိုအပါအဝင် အာဖရိက ရှစ်နိုင်ငံမှာ HIV ဆေးဝါးတွေ မကြာမီ ပြတ်လပ်သွားနိုင်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲက ပြောပါတယ်။
အမေရိကန်အစိုးရဟာ သူ့ရဲ့ အသုံးစရိတ်ကို ပြန်လည်သုံးသပ်မှုတစိတ်တပိုင်းအဖြစ် ပြည်ပအကူအညီတွေကို ယာယီရပ်ဆိုင်းကြောင်း ဇန်နဝါရီလမှာ ကြေညာခဲ့ပါတယ်။ အိတ်ချ်အိုင်ဗီတိုက်ဖျက်ရေး အစီအစဉ်တွေက လွန်ခဲ့တဲ့ နှစ် ၂၀ ကအအခြေအနေ ပြန်ရောက်နိုင်တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ အကြီးအကဲက တက်ဒရို့စ်က သတိပေးပါတယ်။
အခုလို ဆေးဝါးပြတ်လပ်မှုတွေကြောင့် HIV ကူးစက်ခံရသူ ၁၀ သန်းကျော်နဲ့ ရောဂါနဲ့ ဆက်နွယ်ပြီးေ သေဆုံးမှု သုံးသန်းဖြစ်ပေါ်စေနိုင်ကာ ယမန်နှစ်သေဆုံးမှုထက် သုံးဆကျော်ထိ ရှိနိုင်ကြောင်း တက်ဒရို့စ်က ပြောပါတယ်။
ိုင်ဂျီးရီးယား၊ ကင်ညာ၊ လီဆိုသို၊ တောင်ဆူဒန်၊ ဘာကီနာဖာဆို၊ မာလီတို့အပြင် ဟေတီနဲ့ ယူကရိန်းတို့ဟာလည်း လာမည့်လတွေမှာ HIV ဆေးဝါးတွေ ပြတ်တောက်သွားနိုင်တယ်လို့ သူကဆိုပါတယ်။
ဒေါ်နယ်ထရန့်ရဲ့ အမိန့်အရ နိုင်ငံခြားရေးမူဝါဒနဲ့ အညီ ပြည်ပအကူအညီတွေကို ပြန်လည်သုံးသပ်ဖို့ ရက်ပေါင်း ၉၀ ဆိုင်းငံ့ခဲ့ပြီး ဒီလိုလုပ်ဆောင်မှုကြောင့် ကမ္ဘာတဝန်းရှိ ကျန်းမာရေးအစီအစဉ်တွေကို ထိခိုက်ခဲ့ပြီး အရေးပါတဲ့ ဆေးဝါးဖြန့်ဖြူးမှုတွေ အဟန့်အတားဖြစ်ပေါ်ခဲ့ပါတယ်။
Ref:BBC
Photo:Getty Images