ထိုင်းဘုရင့်မယ်တော် မိဖုရားကြီး သီရိခေတ် ကံကုန်

ဘန်ကောက်၊ အောက်တိုဘာ-၂၅-၂၀၂၅
မျိုးဆက်(VOM)
ထိုင်းဘုရင် ဗာဂျီရာလောင်ကွန်း၏ မိခင်ဖြစ်သူ မိဖုရား သီရိခေတ်ဟာ အသက် ၉၃ နှစ်အရွယ်မှာ ကုံကုန်ပြီလို့ ထိုင်းဘုရင့်နန်းတော်က ထုတ်ပြန်ပါတယ်။
မိဖုရားကြီးဟာ သောကြာနေ့ ဒေသစံတော်ချိန် ၉ နာရီ ၂၁ မိနစ်မှာ ဘန်ကောက်ဆေးရုံတခုမှာ ငြိမ်းချမ်းစွာနဲ့ ကံကုန်ခဲ့တယ်လို့ ဆိုပါတယ်။ သူမဟာ ၂၀၁၉ ခုနှစ်ကစပြီး ဆေးရုံတက်နေရပြီး ယခုလအတွင်းမှာတော့ သွေးတွင်အဆိပ်တက်တဲ့ ရောဂါဖြစ်ပွားခဲ့ပါတယ်။
မိဖုရားကြီး သီရိခေတ်ဟာ ၂၀၁၆ ခုနှစ်မှာ ကွယ်လွန်ခဲ့တဲ့ ထိုင်းနိုင်ငံရဲ့ နန်းသက်အရှည်ဆုံးဘုရင် ဘူမိဘောအဒူယာဒက်နဲ့ ထိမ်းမြားခဲ့ပြီး သားသမီးလေးယောက် ထွန်းကားခဲ့ကာ အကြီးဆုံးသားဖြစ်တဲ့ ဗာဂျီရာလောင်ကွန်းကတော့ ရာမ ၁၀ ဘွဲ့အမည်နဲ့ လက်ရှိဘုရင်ဖြစ်ပါတယ်။
ဖိဖုရားကြီး သီရိခေတ်ရဲ့ ဈာပနကို ထိုင်းတော်ဝင်အစဉ်အလာတွေအတိုင်း ပြုလုပ်သွားမှာဖြစ်ပြီး ရုပ်အလောင်းကို ဘန်ကောက်မြို့ရှိ Grand Palace ရဲ့ Dusit Thorne Hall တွင် နိုင်ငံတော်အခမ်းအနားနဲ့ ထားရှိမယ်လို့ ထိုင်းဘုရင့်နန်းတော်က ဆိုပါတယ်။
ဖိဖုရားကြီး ကွယ်လွန်မှုနဲ့ပတ်သက်ပြီး တနှစ်ကြာ ဝမ်းနည်းခြင်း ကြေညာထားပါတယ်။ မိဖုရားသီရိခေတ်ဟာ သူမရဲ့ ကြင်ယာတော်ဖြစ်လာမယ့် ဘုရင်ဘူမိဘောနဲ့ ပါရီမှာ ဂီတပညာသင်ယူနေစဉ် တွေ့ဆုံခဲ့ပြီး သူမရဲ့ ဖခင်ဟာ ပြင်သစ်နိုင်ငံဆိုင်ရာ ထိုင်းသံအမတ်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။
Ref:BBC
Photo:Reuters

Related posts

Leave a Comment

VOM News

FREE
VIEW