ရှစ်လကျော်ကြာ ပိတ်ထားတဲ့ ထိုင်း – မြန်မာ အမှတ် ၂ ချစ်ကြည်ရေးတံတား ဧပြီ ၂၈ ပြန်ဖွင့်ရင် အခွင့်အလမ်း​​​တွေ ပိုလာမယ်

ဧပြီ ၂၆ ၊ ၂၀၂၆
CC (VOM)
​ထိုင်း – မြန်မာ နယ်စပ်ကုန်သွယ်ရေးအတွက် အဓိကဂိတ်ဖြစ်တဲ့ မြဝတီနယ်စပ် ချစ်ကြည်ရေးတံတား အမှတ် ၂ ကို ဒီလ ဧပြီ ၂၈ ရက်နေ့မှာ ထိုင်းအာဏာပိုင်တွေက ပြန်လည်ဖွင့်လှစ်သွားဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။
အမှတ် ၂ ချစ်ကြည်ရေးတံတားပြန်လည်ဖွင့်လှစ်ဖို့အတွက် ထိုင်းအာဏာပိုင်တွေက လက်ရှိမှယ.လိုအပ်တဲ့ ပြင်ဆင်မှုတွေ ပြုလုပ်နေပြီး တံတားဖွင့်ပြန် တာနဲ့ ကုန်သွယ်ရေး လုပ်နိုင်ဖို့အတွက်လည်း မဲဆောက်ဘက်ခြမ်းမှာ ကုန်ကားတွေ အသင့်ပြင်ထားတဲ့ အခြေအနေရှိ တယ်လို့ သိရပါတယ်။
” တံတားပြန်ဖွင့်မယ့်အကြောင်း ထိုင်းဘက်ကရေးထားတာပါ။ ထိုင်းနိုင်ငံရဲ့ ThaiPBS North ကနေ ကြေညာထားပါတယ်။မြန်မာဘက် ဘာသတင်းထုတ်ပြန်မှုမှမရှိသေးပါဘူး။မြန်မာဘက်က သတင်းထွက်တဲ့ရက်အတိုင်း ဘယ်တော့မှမဖွင့်ဘူး။ရက်လွှဲပြီးပဲ ဖွင့်တတ်ပါတယ်။ ” လို့ မြဝတီဒေသခံက ပြောပါတယ် ။
ကုန်သည်တွေကတော့ အမှတ် ၂ ချစ်ကြည်ရေးတံတား ပြန်လည်ဖွင့်လှစ်တာနဲ့ နယ်စပ်ကုန်သွယ်မှု စတင်နိုင်ဖို့အတွက် ပို့ကုန်လုပ်ငန်းရှင်တွေက နယ်စပ်ပို့ကုန်လိုင်စင်တွေ လျှောက်ထားနေကြပြီး ကုန်ပစ္စည်းတွေပါ ပြင်ဆင်ထားတယ်လို့ သိရပါတယ် ။
ဒါ့အပြင် နယ်စပ်ကုန်သွယ်ရေးဖွင့်ပါက ပို့ကုန်ပစ္စည်းတွေနဲ့ သွင်းကုန်ပစ္စည်းတွေကို ထားရှိသိုလှောင်ဖို့အတွက် မဲဆောက်ဘက်ခြမ်းမှာ မြန်မာကုန်သည်တွေက ဂိုဒေါင်ငှားရမ်းမှုတွေ ပြုလုပ်နေကြတယ်လို့ သိရပါတယ်။
ပို့ကုန်လုပ်ငန်းရှင်တယောက်က ” ၂၈ ရက်နေ့ဖွင့်မယ်လို့ ကျွန်တော်တို့လည်း ကြားပါတယ်။ ဒါကြောင့် ပို့ကုန်တွေတင်ပို့နိင်ဖို့ ပြင်ဆင်နေတာရှိပါတယ်။.ပို့ကုန်လိုင်စင်တွေလည်း ချပေးနေပြီ။ တချို့ဆို မဲဆောက်မှာ ဂိုဒေါင်တွေငှားနေပြီ ။ နယ်စပ်ကနေ ကုန်သွယ်ဖို့ အဆင်သင့်ပြင်ထားသူတွေလည်းရှိတယ်။ မြဝတီနယ်စပ်ကုန်သွယ်ရေး အတွက်က တံတား၂ ဖွင့်မှရမှာ ။ အဲဒီတံတားက အဓိက ကုန်သွယ်ရေးလမ်းကြောင်းပဲ။ အာရှလမ်းကလည်း.ဖွင့်နေပြီးသားဆိုတော့ အခု တံတား၂လည်းဖွင့်မယ်ဆိုရင် နယ်စပ်ကုန်သွယ်ရေးက တော်တော်ကို ကောင်းတဲ့အခြေအနေဖြစ်လာမှာပါ။.ကုန်စည်စီးဆင်းမှုမြန်တဲ့အပြင် ပို့ကုန်လည်း အရင်ကထက် ပိုပြီး တင်ပို့နိုင်တော့မှာဖြစ်တယ်။ ” လို့ ပြောပါတယ်။
မြဝတီနယ်စပ်ကုန်သွယ်ရေးကဏ္ဍသာ ပြန်လည်စတင်နိုင်ပါက ပြည်တွင်းထွက် လယ်ယာထွက်ကုန် တွေ ပြည်ပတင်ပို့မှုပမာဏမြင့်တက်လာပြီး စျေးကွက်ကောင်းလာ နိုင်သလို သွင်းကုန်ပစ္စည်းတွေလည်း ပိုပြီးတင်သွင်းနိုင်ကာ.စျေးနူန်းအထိုက်အလျောက်ကျလာနိုင်တယ်လို့ သိရပါတယ်။
မြဝတီ နယ်စပ်ကုန်သွယ်ရေးဟာ ထိုင်း – မြန်မာနှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေးအတွက် ကုန်သွယ်မှုပမာဏအများဆုံး နယ်စပ်ဂိတ်ဖြစ်လို့ နယ်စပ်ကုန်သွယ်ရေးရဲ့ အဓိကကျတဲ့ ကဏ္ဍမှာပါဝင်တယ်လို့ သိရပါတယ်။
ချစ်ကြည်ရေးတံတား အမှတ် ၂ ကိုတော့ ၂၀၂၅ ခုနှစ် ဩဂုတ်လ ၁၈ ရက်နေ့မှာ မြန်မာဘက်ခြမ်း အာဏာပိုင်တွေက ပိတ်လိုက်တာဖြစ်ပြီး အဲဒီကတည်းက ခုထိဆိုရင် တံတား ၂ ပိတ်ထားတာဟာ ရှစ်လကျော်ကြာ ရှိပြီဖြစ်ပါတယ်။
ဒါကြောင့် အမှတ် ၂ တံတားပိတ်လိုက်ကတည်းက စတင်ပြီး ခုချိန်ထိ မြဝတီနယ်စပ်ကနေ နှစ်နိုင်ငံ ကုန်သွယ်ရေးရပ်တန့်နေတာဟာလည်း ရှစ်လကျော်ကြာရှိပြီ ဖြစ်ပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW