ပျဥ်းမနားမြို့ ရှမ်းကန်ထဲကငါးတွေ အပူရှိန်ကြောင့် အားလုံးသေ​ကုန်

နေပြည်တော် မေ ၇ – ၂၀၂၆
KKL(VOM)
ပျဥ်းမနားမြို့ ရဲ့အထင်ကရနေရာတခုဖြစ်တဲ့ ရှမ်းကန်ထဲမှာရှိတဲ့ငါးတွေဟာ ​နေအပူရှိန်များပြီး အားလုံး သေကုန်ပြီလို့ သိရပါတယ်။
“အခု ညနေပိုင်းမှာ ငါးတွေသေပြီး အကုန်ပေါ်လာတာတွေ့လို့ ကျွန်တော်တို့လူမှုကူညီရေးအသင်းကလည်း သိသိချင်း ကူညီရေးအသင်းသားတွေ ချက်ခြင်း ရှင်းလင်းဖို့လာကြတာပါ အားလုံးသုံးသပ်တာကတော့ အပူရှိန်လွန်ကဲပြီး အောက်ဆီဂျင်ပြတ်ပြီး အခုလို ငါးတွေသေတယ်လို့လောေလာဆယ် သုံးသပ်ထားကြပါတယ်” လို့မိုးစေတနာပရဟိတအသင်း ရန်ကုန်-မန္တ​လေး ပျဥ်းမနားရုံးခွဲ လူငယ် တွဲလက်များလူမှုကူညီရေး ပရဟိတ အသင်း ဥက္ကဌ ကိုဝေဖြိုးကပြောပါတယ်။
လက်ရှိအချိန်မှာရှင်းလင်းဖို့အတွက် ပရဟိတ အသင်းသားတွေက ရောက်ရှိနေပြီး ပျဥ်းမနားမြို့စည်ပင်သာယာက တာဝန်ရှိသူတချို့နဲ့ အုပ်ချုပ်ရေးပိုင်းက တာဝန်ရှိသူတွေလည်း လာစစ်​​ဆေးမယ်လို့ သိရပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW