တိုင်းရင်းသား လက်နက်ကိုင်တွေ ထိန်းချုပ်ထားတဲ့ တရုတ်နယ်စပ်ကနေ တရုတ်ကားတွေနဲ့ သတ္တုတွေ အလွန်အကျွံ သယ်ယူနေ

မေ ၇၊ ၂၀၂၆ Shy V (VOM) တိုင်းရင်းသား လက်နက်ကိုင်တွေ ထိန်းချုပ်ထားတဲ့ တရုတ်-မြန်မာ နယ်စပ်ဂိတ်တွေကနေ မြန်မာနိုင်ငံထွက် သယံဇာတတွေနဲ့ သတ္တုတွေကို တရုတ်နိုင်ငံဘက်က ကားတွေနဲ့ အလွန်အကျွံ သယ်ယူနေတယ်လို့ နယ်စပ်လုပ်ငန်းရှင်တွေက ပြောပါတယ်။ “ကချင်နယ်စပ် ထင်ချုန်းဘက် ကံပိုင်တီဂိတ်ကနေ မြန်မာဘက်က သယံဇာတတွေကို တရုတ်ကားတွေနဲ့ အများကြီး သယ်ယူနေတာ တွေ့နေရတယ်။ ကိုယ့်နိုင်ငံက အဖိုးတန်ပစ္စည်းတွေကို အခွန်လည်း မဆောင်ရဘဲ အလကားနီးနီး သယ်ယူနေတာ မြင်တော့ စိတ်မကောင်းဘူး” လို့ တရုတ်နယ်စပ်ရောက် မြန်မာလုပ်ငန်းရှင်တယောက်က ပြောပါတယ်။ ဒါ့အပြင် ရှမ်းပြည်နယ်၊ ကချင်ပြည်နယ် တို့နဲ့ ထိစပ်နေတဲ့ တရုတ်နယ်စပ် နောင်တောင်းဂိတ်ကနေလည်း ရှမ်းမြောက်ဒေသထွက် သတ္တုတွေကို တရုတ်ကားတွေနဲ့ အလွန်အကျွံ သယ်ယူနေတာ ကြာနေပြီလို့ ဆိုပါတယ်။ “မြန်မာဘက်မှာ တိုက်ပွဲတွေ ဖြစ်တော့ တရုတ်-မြန်မာ နယ်စပ်မှာ…

Read More
VOM News

FREE
VIEW