မန္တလေး၊ နိုဝင်ဘာ- ၁၅- ၂၀၂၆
SA(VOM)
မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်က ၆၄ လမ်း နဲ့ ၂၇ လမ်းထောင့်မှာရှိတဲ့ Oriental House မှာ ဒီကနေ့ နိုဝင်ဘာ ၁၅ ရက် နေ့လယ်ပိုင်းက မြန်မာတိုင်းရင်းဆေးသမားတော်တွေနဲ့ ပြည်သူလူထုတွေ့ဆုံပြီး ကျန်းမာရေးဆိုင်ရာ ကိစ္စတွေ အသိပေးမျှဝေပွဲပြုလုပ်ခဲ့ပါတယ်။
ဒီအခမ်းအနားမှာ Health Education Programme ရဲ့ ရည်ရွယ်ချက်နဲ့ ကုသမှုအတွေ့အကြုံတွေကို တင်ပြခြင်း၊ ကျောက်ကပ်ကျန်းမာရေးအတွက် တိုင်းရင်းဆေးပါယရှုထောင့်မှ သုံးသပ်ချက်တွေကို ဆွေးနွေးပြောကြားခြင်း၊ တိုင်းရင်းဆေး သမားတော်ကြီး ၆ ယောက်နဲ့ တက်ရောက်လာသူတွေ ဆွေးနွေးပြောကြားခြင်း အစီအစဥ်တွေကို ပြုလုပ်ခဲ့ကြပါတယ်။
ဒီအခမ်းအနားကျင်းပရတဲ့ရည်ရွယ်ချက်နဲ့ မြန်မာတိုင်းရင်းဆေးပညာဆွေးနွေးမှုအကြောင်းတွေကို Mandalay River Traditional Specialist Clinic က မြန်မာတိုင်းရင်းဆေးသမားတော် ဆရာသိုက်ထွန်းက မီဒီယာတွေကို အခုလိုဖြေကြားခဲ့ပါတယ်။
