ငလျင်​ကြောင့်ပြိုကျခဲ့တဲ့ SKY Villa ​မြေ​နေရာကို ​လေလံတင်​ရောင်းပြီး ကုမ္ပဏီပိုင်ရှင်က ၄၀% အခန်းပိုင်ရှင်​တွေက ၆၀% ခွဲယူကြမယ်

မန္တလေး၊ နိုဝင်ဘာ ၁၅- ၂၀၂၆
Voice Of Myanmar
အဲ့ဒီ Sky Villa ကွန်ဒိုအဆောက်အဦဟာ ၂၀၂၅ မတ်လ ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်းငလျင်ကြောင့် ပြိုကျပျက်စီးခဲ့လို့ လူ ၂၀၀ ​ကျော် ​သေဆုံးခဲ့ပါတယ်။ ဒီလိုပြိုကျခဲ့တဲ့ SKy Villa ​မြေ ဧရိယာအကုန်လုံးကို ​ရောင်းချပြီး ကုမ္ပဏီပိုင်ရှင်က ၄၀% အခန်းပိုင်ရှင်​တွေက ၆၀% ခွဲယူကြမယ်လို့ ဒီ​​​နေ့ သ​ဘောတူ လက်မှတ်​ရေးထိုးခဲ့ကြပါတယ်။ ဒီ​နေ့ ​မန္တ​လေးက ​အောင်မြင်ခြင်းဟိုတယ်မှာ ကုမ္ပဏီတာဝန်ရှိသူ​တွေ အခန်းပိုင်ရှင်​တွေ​တွေ့ဆုံတဲ့ပွဲမှာ Sky Villa ​မြေ​နေရာကို ကြမ်းခင်း​ဈေး သိန်း​ပေါင်း၄သိန်း သတ်မှတ်ပြီး ​လေလံတင်​ရောင်းချမယ့်အ​ကြောင်း ​​ကြေငြာခဲ့ပါတယ်။
Sky Villa အပြိုအပျက်​တွေထဲကို ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်ခဲ့တာမှာ သေဆုံးသူရုပ်အလောင်း ၂၀၇ လောင်း တွေ့ရှိခဲ့ကာ အသက်ရှင်လျက်ကယ်ထုတ်နိုင်သူ ၅၂ ဦးရှိတယ်လို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
ငလျင်အပြီး NTL Construction Company က သေဆုံးသူတဦးစီရဲ့ ဆက်သွယ်လို့ရတဲ့ ကျန်ရစ်သူမိသားစုတွေကို ကျပ်သိန်း ၁၀၀ စီ နစ်နာကြေးပေးခဲ့ပြီး ပထမအသုတ်မှာ သေဆုံးသူ ၇၂ ဦးရဲ့ မိသားစုတွေကို ပေးအပ်ခဲ့ပါတယ်။ အဲဒီနောက် ဒုတိယအသုတ်အဖြစ် ၂၀၂၅ ခုနှစ် စက်တင်ဘာ ၁၅ ရက်နေ့မှာ သေဆုံးသူ ၇၆ ဦးရဲ့ မိသားစုတွေကို ဆက်လက်ပေးအပ်ခဲ့ပါတယ်။
ငလျင်အတွင်းမှာ NTL Construction Company ကဆောက်လုပ်တဲ့ Sky Villa ကွန်ဒိုအပြင် ၂၂ လမ်း နဲ့ ၂၁ လမ်း လမ်း ၈၀ နဲ့ ၈၁ လမ်းမှာရှိတဲ့ အင်ကြင်းကွန်ဒိုလည်း ပြိုကျခဲ့ပြီး လူ သေဆုံးမှုရှိခဲ့တယ်လို့ သိရပါတယ်။
Sky Villa ပြိုကျမှု​ကြောင့် NTL ကုမ္ပဏီကို သက်ဆိုင်ရာက နာမည်ပျက်စာရင်း​ကြေငြာပြီး ကုမ္ပဏီပိုင်ရှင် ဦးနိုင်ထွန်းလင်းကို ​ထောင်ဒဏ် ၇နှစ် ချမှတ်ထားပါတယ်။

Related posts

✕
VOM News

FREE
VIEW