မြစ်ကြီးနား ဇူလိုင် ၁၁-၂၀၁၉
ရန်အောင်ထွန်း (VOM)
မြစ်ကြီးနားမြို့ကရပ်ကွက်၃ခုမှာဧရာဝတီမြစ်ရေတက်လာလို့ ညတွင်းချင်း အိမ်ထောင်စု၅၈စုကိုကယ်ဆယ်ရေးပြုလုပ်ပြီးဇူလိုင်လ၁၀ရက်ကရွှေ့ပြောင်းနေရာချထားခဲ့ပါတယ်။မီးသတ်တပ်ဖွဲ့တာဝန်ရှိသူတွေကတော့ကြက်ပေါင်ခြံရပ်ကွက်နဲ့လယ်ကုန်ရပ်ကွက်တို့မှာကူညီကယ်ဆယ်ရေးတွေပြုလုပ်နေတယ်လို့ဆိုပါတယ်။
ရေကြီးနစ်မြုပ်နေတဲ့ရပ်ကွက်တွေကတော့လယ်ကုန်းရပ်ကွက်၊ကြက်ပေါင်ခြံရပ်ကွက်နှင့်မြို့သစ်ကြီးရပ်ကွက်တွေပါ။လယ်ကုန်းရပ်ကွက်ကအိမ်ထောင်စု၂၂စုလူဦးရေ၁၀၈တို့ကိုမြစေတီကျောင်းတိုက်၊မြို့သစ်ကြီးရပ်ကွက်ကအိမ်ထောင်စု၁၄စုလူဦးရေ၅၈ဦးတို့ကိုအောင်ဇေရန်အောင်ဘုန်းတော်ကြီးကျောင်းနှင့်ကြက်ပေါင်ခြံရပ်ကွက်ကအိမ်ထောင်စု၂၂စုလူဦးရေ၁၁၉ဦးတို့ကိုပြည်ခိုင်ဖြိုးရုံးတို့မှာနေရာချထားပေးတယ်လို့သိရပါတယ်။
ဒီနေ့မနက်တိုင်းထွာချက်တွေအရ ဧရာဝတီမြစ်ရေဟာ တနာရီ ကို ၅စင်တီမီတာကျော်ကျော်လောက် ပုံမှန်တိုးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
#voiceofmyanmar #မြစ်ကြီးနား #ဧရာဝတီ #ရေကြီးရေလျှံ