NRPC-RCSS ဆွေးနွေးပွဲက သဘောထားစုစည်းချက် ၈ ချက်ရခဲ့

နေပြည်တော်၊ ဇူလိုင် ၁၁ -၂၀၁၉ ကိုထွန်း (VOM)   အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန(NRPC)နဲ့ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)တို့  ဒီနေ့ နေပြည်တော်မှာ တွေ့ဆုံတဲ့ ဆွေးနွေးပွဲကနေ သဘောထားစုစည်းချက် ၈ ချက်ရရှိခဲ့တယ်လို့ NRPC ပြောခွင့်ရ ဦးဇော်ဌေးနဲ့ RCSS ပြောခွင့်ရ ဗိုလ်မှူးကြီးစိုင်းငင်း တို့ကပြောပါတယ်။   ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဆိုင်ရာကိစ္စရပ်တွေ၊ အမျိုးသားပြန်လည်သင့်မြတ်ရေး၊ တရားဝင်ဆွေးနွေးပွဲတွေ ပြန်လည်စတင်နိုင်ရေး၊ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစု ပင်လုံ ညီလာခံ စတုတ္ထအကြိမ်အစည်းအဝေးကျင်းပနိုင်ရေး၊ ဒေသဖွံ့ဖြိုးရေးဆိုင်ရာတွေဆွေးနွေး၊ မူးယစ်ဆေးဝါးနဲ့ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေမှာ ပူးပေါင်းဆောင်ရွက်ဖို့၊ အကျဉ်းကျခံနေရတဲ့ RCSSတပ်ဖွဲ့ဝင်တွေ ပြန်လည်လွတ်မြောက်ဖို့ကိစ္စတွေကို သဘောတူညီခဲ့ကြတာပါ။   အခုဆွေးနွေးပွဲရလဒ်တွေကို RCSS အနေနဲ့ကလည်း EAO (တိုင်းရင်းသားလက်နက်ကိုင်အစုအဖွဲ့) ကိုတင်ပြသွားမှာ ဖြစ်သလို NRPC အနေနဲ့ကလည်း သက်ဆိုင်ရာ အကြီးအကဲတွေကို ပြန်လည်တင်ပြသွားမယ်လို့ သိရပါတယ်။ ဒီနေ့ဆွေးနွေးပွဲဟာ ပြီးခဲ့တဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ…

Read More

တရုတ်နိုင်ငံရှိ ၀ီဂါထိန်းသိမ်းစခန်းတွေ ပိတ်ပစ်ဖို့ ၂၂ နိုင်ငံပူးတွဲ တောင်းဆို

ဂျီနီဗာ၊ ဇူလိုင်-၁၁-၂၀၁၉ မျိုးဆက် (VOM)   တရုတ်နိုင်ငံ ရှင်ကျန်းပြည်နယ်မှာရှိတဲ့ ၀ီဂါမျိုးနွယ်စုနဲ့ တခြားလူနည်းစုမျိုးနွယ်တွေကို အစုလိုက်အပြုံလိုက် ထိန်းသိမ်းထားတာနဲ့ ပတ်သက်ပြီး ပြစ်တင်ရှုတ်ချကြောင်း ဂျပန်နဲ့  ဗြိတိန်နိုင်ငံအပါအ၀င် နိုင်ငံပေါင်း ၂၂ နိုင်ငံက ပူးတွဲကြေညာချက်ထုတ်ပြန်လိုက်ပြီး ဒီစခန်းတွေပိတ်ပစ်ဖို့ တောင်းဆိုလိုက်ပါတယ်။   တရုတ်နိုင်ငံအနေနဲ့ အစုလိုက်အပြုံလိုက် မတရားဖမ်းဆီးထိန်းသိမ်းတာတွေ၊ အဲဒါနဲ့ ဆက်နွှယ်နေတဲ့ အကြမ်းဖက်မှုတွေကို အဆုံးသတ်ဖို့ ၂၂ နိုင်ငံပါအဖွဲ့က တိုက်တွန်းထားပြီး အဲဒီဒေသကို ကုလသမဂ္ဂကျွမ်းကျင်သူတွေ ၀င်ရောက်ခွင့်ပြုဖို့ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး မီရှဲဘာချီလက်ထံ ပေးပို့တဲ့စာမှာ ဖော်ပြထားပါတယ်။   အဲဒီပူးတွဲတောင်းဆိုမှုဟာ  ပြန်လည်ပညာပေးရေးပုံစံနဲ့ များပြားလှတဲ့စခန်းတွေမှာ လူနှစ်သန်း ထိန်းသိမ်းခံထားရတယ်လို့ ကျွမ်းကျင်သူတွေက ခန့်မှန်းထားတဲ့ နိုင်ငံအနောက်ပိုင်းနယ်စပ်က ၀ီဂါမျိုးနွယ်စုတွေအပေါ် တရုတ်နိုင်ငံက ကိုင်တွယ်ဆောင်ရွက်နေတဲ့ မူဝါဒနဲ့ ပတ်သက်ပြီး နိုင်ငံတကာက စုပေါင်းစိန်ခေါ်လိုက်တဲ့ ပထမဆုံခြေလှမ်းတစ်ခု ဖြစ်ပါတယ်။  …

Read More

လမ်းမြေဖောက်လုပ်ဖို့ ကျူးရှင်းလင်းရေးဆောင်ရွက်နေချိန် သေနတ်ပစ်ဖောက်ထိန်းခဲ့ရ

မန္တလေး၊ဇူလိုင် ၁၁-၂၀၁၉ ဟိန်းကို(VOM)   မန္တလေးမြို့၊ချမ်းမြသာစည်မြို့နယ်၊ ရေနီမြောင်းအနီး လမ်း ၇၀ နဲ့ ၇၃လမ်းကြားမှာ ကျူးကျော်နေထိုင်လို့ဆိုပြီး  နေအိမ် ၂၉၀ ကျော်ကို စည်ပင်သာယာက လမ်းမြေဖောက်မှာဖြစ်တဲ့အတွက် ဖယ်ရှားပေးဖို့ ရဲတပ်ဖွဲ့နဲ့ သက်ဆိုင်ရာအဖွဲ့အစည်းတွေဟာ ဒီနေ့ မနက်ပိုင်းက ရှင်းလင်းရေးတွေ ပြုလုပ်ခဲ့ပါတယ်။   ရှင်းလင်းမှုပြုလုပ်နေတဲ့အချိန်မှာ နေထိုင်သူတွေက ကျေနပ်မှုမရှိတဲ့အတွက် ခဲတွေနဲ့ပစ်ပေါက်ခဲ့တာကြောင့် ရဲတပ်ဖွဲ့က ရာဘာကျည်ဆံ ပွိုင့်၂၂ သေနတ်နဲ့ ၃ ချက်ခန့် ပစ်ဖောက်ထိန်းသိမ်းခဲ့ရပါတယ်။ ခဲတွေနဲ့ ပစ်ပေါက်မှုကြောင့်တော့ ရဲတပ်ဖွဲ့ဝင် ၄ ဦး၊ စည်ပင်ဝန်ထမ်း ၃ ဦး ဒဏ်ရာရရှိကာ အခင်းဖြစ်နေရာက အမျိုးသား ၃ ဦးနဲ့ အမျိုးသမီး ၁ ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းလိုက်ပါတယ်။   ” ဒီမြေကို သူတို့ပိုင်တယ်ဆိုပြီး စာလာပို့တယ်၊ ကျနော်တို့ကလည်း ဘိုးစဉ်ဘောင်ဆက်က…

Read More

ဗြိတိန်ရေနံတင်သင်္ဘောကို အီရန်သင်္ဘောတွေ ဖမ်းဆီးဖို့ကြိုးပမ်း

ဝါရှင်တန်၊ ဇူလိုင်-၁၁-၂၀၁၉ မျိုးဆက် (VOM)   ပင်လယ်ကွေ့အနီး ဟော်မုဇ်ရေလက်ကြားမှာ ခုတ်မောင်းနေတဲ့ ဗြိတိန်ရေနံတင်သင်္ဘောတစ်စင်းကို လက်နက်တွေတပ်ဆင်ထားတဲ့ အီရန်သင်္ဘောငါးစီးက ဖမ်းဆီးဖို့ ကြိုးစားခဲ့ပြီး ဗြိတိန်တော်ဝင်ရေတပ်က မောင်းထုတ်ခဲ့တယ်လို့ ဗြိတိန်ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။   အီရန်သင်္ဘောတွေကို နှုတ်နဲ့ သတိပေးတာတွေမလုပ်ခင် ဗြိတိန်ရေနံတင်သင်္ဘောနဲ့ အီရန်သင်္ဘောတွေအကြားကို ဗြိတိန်ရေတပ် စစ်သင်္ဘောက ၀င်ရောက်ခုတ်မောင်းခဲ့တယ်လို့ ကာကွယ်ရေးဝန်ကြီးဌာနက ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောဆိုပြီး အီရန်ရဲ့ ဒီလုပ်ရပ်ဟာ နိုင်ငံတကာ ဥပဒေတွေနဲ့ ဆန့်ကျင်နေတယ်လို့ ဆိုပါတယ်။   ပြီးခဲ့တဲ့ သီတင်းပတ်က ဂျီဘရော်လ်တာ ရေလက်ကြားအနီးမှာ အီရန်ရေနံတင်သင်္ဘောတစ်စင်းကို ဗြိတိန်က ဖမ်းဆီးလိုက်တာကို လက်တုံ့ပြန်သွားမယ်လို့ အီရန်က ခြိမ်းခြောက်ပြောဆိုထားပြီး ခုဖြစ်စဉ်မှာတော့ ဗြိတိန်သင်္ဘောကို ဖမ်းဆီးဖို့ လုပ်ဆောင်တာမဟုတ်ဘူးလို့ အီရန်က ငြင်းဆိုထားပါတယ်။   ဗြိတိန်ရေနံတင်သင်္ဘောဟာ ပင်လယ်ကွေ့ပြင်ပထွက်ပြီး ဟော်မုဇ်ရေလက်ကြားကို ခုတ်မောင်းနေစဉ် အီရန်တော်လှန်ရေးအစောင့်တပ်ကလို့ ယုံကြည်ရတဲ့ သင်္ဘောငါးစင်းက…

Read More

မန္တလေးတိုင်း လူဝင်မှုကြီးကြပ်ရေးနဲ့ လူ့စွမ်းအားအရင်းအမြစ် ဝန်ကြီးအဖြစ် ဦးအောင်ကြည်ကို အဆိုပြုတင်သွင်း

မန္တလေး၊ ဇူလိုင် ၁၁ – ၂၀၁၉ နေသူ(VOM)   မန္တလေးတိုင်း လူဝင်မှုကြီးကြပ်ရေးနဲ့ လူ့စွမ်းအားအရင်းအမြစ် ဝန်ကြီးအဖြစ် ကျောက်ဆည်မြို့နယ် မဲဆန္ဒနယ် အမှတ်(၂) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကြည်ကို ဒီနေ့ ကျင်းပတဲ့ တိုင်းလွှတ်တော် အထူးအစည်းအဝေး (ပထမနေ့) မှာ မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်က အဆိုပြုတင်သွင်းခဲ့ပါတယ်။   “ဝန်ကြီးဖြစ်လာမယ်ဆိုရင် အကောင်းဆုံးဖြစ်အောင် ဆောင်ရွက်သွားမှာပါ။ ကျန်တာတွေတော့ အခုအချိန်မှာ ပြောဖို့ စောပါသေးတယ်။” လို့ ဦးအောင်ကြည်က ပြောပါတယ်။   ဝန်ကြီးအဖြစ် အဆိုပြုခံရတဲ့ ဦးအောင်ကြည် (အသက် ၆၄ နှစ်)ဟာ  B.Ecom(Stats) ဘွဲ့ရရှိထားပြီး ကျောက်ဆည်မြို့ အမှတ် (၅၄) ဆူးကုန်းရပ်တောင်ပိုင်းမှာ နေထိုင်သူ ဖြစ်ပါတယ်။ အမျိုးသားဒီမိုကရေစီ အစိုးရလက်ထက်မှာ ကျင်းပခဲ့တဲ့ ဒုတိယအကြိမ် တိုင်းဒေသကြီးလွှတ်တော်မှာ ဦးအောင်ကြည်ဟာ ဒေသန္တရစီမံကိန်း၊…

Read More

ဆရာတော်ဦးဝီရသူ ကျောင်းတိုက်မှာ ရန်ကုန်အနောက်ပိုင်း ခရိုင်တရားရုံး အမိန့်ကြေငြာစာကပ်

မန္တလေး၊ ဇူလိုင် ၁၀ – ၂၀၁၉ ရဲရင့်မင်းခန့်(VOM)   မန္တလေးမြို့ မဟာအောင်မြေမြို့နယ် မစိုးရိမ်တိုက်သစ် ဆရာတော် ဦးဝိစိတ္တာဘိဝံသ( ခ )ဦးဝီရသူကို ပြစ်ဒဏ်ထိုက်သင့်တဲ့အမှုနဲ့ တရားစွဲဆိုထားတာဖြစ်တဲ့အတွက် တရားရုံးမှာ လာရောက် ဖြေရှင်းဖို့ ရန်ကုန် အနောက်ပိုင်းခရိုင်တရားရုံးရဲ့ အမိန့်ကြေငြာစာကို ဆရာတော်ကျောင်းမှာ ဒီနေ့ ဇူလိုင် ၁၁ ရက်မနက်ပိုင်းက ကပ်ခဲ့ပါတယ်။   ” ဒီနေ့ကပ်တာက ဝရမ်းမဟုတ်ပါဘူး၊ အမိန့်ကြေငြာစာပါ။ ရန်ကုန်အနောက်ပိုင်းခရိုင် တရားရုံးကို ကိုယ်တိုင်လာရောက်ဖြေရှင်းဖို့ပါ။ ဝရမ်းဆိုတာ ဖမ်းဆီးဖို့ပေးတာပါ။ ဒါကတော့ သူကိုယ်တိုင်သိအောင် သူ့အနားက လူတွေသိအောင် ပေးပို့တာပါ။ ဘယ်လိုဆောင်ရွက်မလဲဆိုရင် တရားရုံးကနေ ဥပဒေအတိုင်း ဆောင်ရွက်တဲ့အတိုင်းပဲ ဆောင်ရွက်သွားမှာပါ။”လို့ မန္တလေးခရိုင် ဒုတိယ ရဲမှူးစိုင်းလှထူးက ပြောပါတယ်။   အခုလက်ရှိမှာတော့ ဆရာတော်ဦးဝီရသူ သတင်းသုံးတဲ့တဲ့ မစိုးရိမ်တိုက်သစ် ဓမ္မာသဟာယကျောင်းတိုက်နဲ့ မစိုးရိမ်ကျောင်းတိုက်က ကြေငြာသင်ပုန်းအပြင်…

Read More

မြန်မာမှာ ကိုယ်ဝန်ဆောင်မိခင်သေဆုံးမှု ကမ္ဘာ့နိုင်ငံတွေထက် မြင့်နေဆဲဖြစ်

နေပြည်တော်၊ ဇူလိုင် ၁၁ -၂၀၁၉ ကိုထွန်း(VOM)   မြန်မာနိုင်ငံမှာ ကိုယ်ဝန်ဆောင်မိခင်သေဆုံးမှုဟာ အရင်ကထက်စာရင် လျော့နည်းလာတယ်ဆိုပေမယ့် နိုင်ငံတကာနဲ့ယှဉ်ရင် အမြင့်ဆုံးစာရင်းမှာရှိနေတုန်းပဲလို့ ဒီနေ့ (ဇူလိုင် ၁၁ ရက်)က နေပြည်တော် သင်္ဂဟဟိုတယ်မှာ ကျင်းပပြုလုပ်တဲ့ ကမ္ဘာ့လူဦးရေနေ့ အခမ်းအနားက သိရပါတယ်။   “မိခင်သေနှုန်းကလည်း  အရင်ကမြင့်တယ်။ ဖြစ်နိုင်ခြေက ကလေးများများမွေးလေ မိခင်သေဆုံးမှုနှုန်းက ပိုမြင့်လေ။ ဒါကတော့ ယေဘူယျသုံးသပ်ချက်ပေါ့လေ။ အခုကတော့ ၂၈၂ ပေါ့။ ဒါပေမယ့် ကမ္ဘာ့နိုင်ငံတွေ၊ အရှေ့တောင်အာရှနိုင်ငံတွေနဲ့ ယှဉ်နေရင် အမြင့်ဆုံးနိုင်ငံတွေထဲမှာတော့ ပါနေတုန်းပါပဲ။”လို့ UNFPA မှ လူဦးရေနှင့် ဖွံဖြိုးတိုးတက်မှုစီမံကိန်း အရာရှိဒေါ်ယုမြတ်မွန်က ပြောပါတယ်။   မျိုးဆက်ပွားမှုဆိုင်ရာနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံမှာ ကိုယ်ဝန်ဆောင်မိခင်သေဆုံးမှုနှုန်းက ၂၀၁၄ ခုနှစ်သန်းခေါင်စာရင်းအရ လက်ရှိအချိန်အထိ သားဖွားမိခင် ကလေးအရှင်မွေးတစ်သိန်းမှာ မိခင်သေဆုံးမှုက (၂၈၂)ဦးရှိနေတာဖြစ်ပြီး အရင်က ဒီထက်ပိုများတယ်လို့ ဆိုတာပါ။…

Read More

မြစ်ကြီးနားမြို့ကရပ်ကွက်၃ခုရေကြီးလို့  ညတွင်းချင်း အရေးပေါ် အိမ်​​ထောင်​စု ၆၀နီးပါး​ရွှေ့​ပြောင်း

မြစ်ကြီးနား ဇူလိုင် ၁၁-၂၀၁၉ ရန်အောင်ထွန်း (VOM)   မြစ်ကြီးနားမြို့ကရပ်ကွက်၃ခုမှာဧရာဝတီမြစ်ရေတက်လာလို့  ညတွင်းချင်း အိမ်​​ထောင်​စု၅၈စုကိုကယ်ဆယ်ရေးပြုလုပ်​ပြီးဇူလိုင်လ၁၀ရက်က​​ရွှေ့​ပြောင်း​နေရာချထားခဲ့ပါတယ်​။မီးသတ်တပ်ဖွဲ့တာဝန်ရှိသူတွေကတော့ကြက်ပေါင်ခြံရပ်ကွက်နဲ့လယ်ကုန်ရပ်ကွက်တို့မှာကူညီကယ်ဆယ်ရေးတွေပြုလုပ်နေတယ်လို့ဆိုပါတယ်။   ​ရေကြီးနစ်​မြုပ်​​နေတဲ့ရပ်​ကွက်​​တွေက​တော့လယ်​ကုန်းရပ်​ကွက်​၊ကြက်​​ပေါင်​ခြံရပ်​ကွက်​နှင့်​မြို့သစ်ကြီးရပ်ကွက်​တွေပါ။လယ်ကုန်းရပ်ကွက်ကအိမ်ထောင်စု၂၂စုလူဦးရေ၁၀၈တို့ကိုမြစေတီကျောင်းတိုက်၊မြို့သစ်ကြီးရပ်ကွက်ကအိမ်ထောင်စု၁၄စုလူဦးရေ၅၈ဦးတို့ကိုအောင်ဇေရန်အောင်ဘုန်းတော်ကြီးကျောင်းနှင့်​ကြက်ပေါင်ခြံရပ်ကွက်ကအိမ်ထောင်စု၂၂စုလူဦးရေ၁၁၉ဦးတို့ကိုပြည်ခိုင်ဖြိုးရုံးတို့မှာနေရာချထားပေးတယ်လို့သိရပါတယ်။ ဒီနေ့မနက်တိုင်းထွာချက်တွေအရ ဧရာဝတီမြစ်ရေဟာ တနာရီ ကို ၅စင်တီမီတာကျော်ကျော်လောက် ပုံမှန်တိုးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ #voiceofmyanmar #မြစ်ကြီးနား #ဧရာဝတီ #ရေကြီးရေလျှံ

Read More
VOM News

FREE
VIEW