တရုတ်နိုင်ငံရှိ ၀ီဂါထိန်းသိမ်းစခန်းတွေ ပိတ်ပစ်ဖို့ ၂၂ နိုင်ငံပူးတွဲ တောင်းဆို

ဂျီနီဗာ၊ ဇူလိုင်-၁၁-၂၀၁၉

မျိုးဆက် (VOM)

 

တရုတ်နိုင်ငံ ရှင်ကျန်းပြည်နယ်မှာရှိတဲ့ ၀ီဂါမျိုးနွယ်စုနဲ့ တခြားလူနည်းစုမျိုးနွယ်တွေကို အစုလိုက်အပြုံလိုက် ထိန်းသိမ်းထားတာနဲ့ ပတ်သက်ပြီး ပြစ်တင်ရှုတ်ချကြောင်း ဂျပန်နဲ့  ဗြိတိန်နိုင်ငံအပါအ၀င် နိုင်ငံပေါင်း ၂၂ နိုင်ငံက ပူးတွဲကြေညာချက်ထုတ်ပြန်လိုက်ပြီး ဒီစခန်းတွေပိတ်ပစ်ဖို့ တောင်းဆိုလိုက်ပါတယ်။

 

တရုတ်နိုင်ငံအနေနဲ့ အစုလိုက်အပြုံလိုက် မတရားဖမ်းဆီးထိန်းသိမ်းတာတွေ၊ အဲဒါနဲ့ ဆက်နွှယ်နေတဲ့ အကြမ်းဖက်မှုတွေကို အဆုံးသတ်ဖို့ ၂၂ နိုင်ငံပါအဖွဲ့က တိုက်တွန်းထားပြီး အဲဒီဒေသကို ကုလသမဂ္ဂကျွမ်းကျင်သူတွေ ၀င်ရောက်ခွင့်ပြုဖို့ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး မီရှဲဘာချီလက်ထံ ပေးပို့တဲ့စာမှာ ဖော်ပြထားပါတယ်။

 

အဲဒီပူးတွဲတောင်းဆိုမှုဟာ  ပြန်လည်ပညာပေးရေးပုံစံနဲ့ များပြားလှတဲ့စခန်းတွေမှာ လူနှစ်သန်း ထိန်းသိမ်းခံထားရတယ်လို့ ကျွမ်းကျင်သူတွေက ခန့်မှန်းထားတဲ့ နိုင်ငံအနောက်ပိုင်းနယ်စပ်က ၀ီဂါမျိုးနွယ်စုတွေအပေါ် တရုတ်နိုင်ငံက ကိုင်တွယ်ဆောင်ရွက်နေတဲ့ မူဝါဒနဲ့ ပတ်သက်ပြီး နိုင်ငံတကာက စုပေါင်းစိန်ခေါ်လိုက်တဲ့ ပထမဆုံခြေလှမ်းတစ်ခု ဖြစ်ပါတယ်။

 

ဒုက္ခသည်စခန်းတွေမှာ ညှဉ်းပမ်းနှိပ်စက်တာတွေ၊ နိုင်ငံရေးသဘောတရားတွေကို သင်ကြားပေးတယ်ဆိုတဲ့ စွပ်စွဲချက်တွေကို တရုတ်နိုင်ငံက ငြင်းဆိုပြီး အဲဒီစခန်းတွေဟာ အကြမ်းဖက်ဝါဒကို ဆန့်ကျင်ဖို့နဲ့ အစ္စလာမ်အစွန်းရောက်ဝါဒကို တိုက်ဖျက်ဖို့ စီမံထားတဲ့ အသက်မွေးဝမ်းကျောင်း သင်တန်းတွေဖြစ်တယ်လို့ တရုတ်အစိုးရက ဆိုပါတယ်။

 

ရှင်ကျန်းပြည်နယ်မှာ စောင့်ကြည့်ထောက်လှမ်းမှုတွေ တိုးမြှင့်ထားပြီး နာမည်ကျော် ရဲတပ်ဖွဲ့ထားရှိနေပေမယ့်  အဲဒီဒေသကို ၀င်ရောက်ခွင့်ကို မကြာသေးမီနှစ်တွေမှာ တရုတ်အစိုးရက ကန့်သတ်ထားလိုက်ပါတယ်။

 

Ref : CNN

Photo : Reuters

 

#voiceofmyanmar #တရုတ်နိုင်ငံ #၀ီဂါထိန်းသိမ်းစခန်းတွေပိတ်ပစ်ဖို့ ၂၂ နိုင်ငံပူးတွဲတောင်းဆို #ရှင်ကျန်း #ဂျပန် #ဗြိတိန် #ကုလသမဂ္ဂ

Related posts

Leave a Comment

VOM News

FREE
VIEW