ဆရာတော်ဦးဝီရသူ ကျောင်းတိုက်မှာ ရန်ကုန်အနောက်ပိုင်း ခရိုင်တရားရုံး အမိန့်ကြေငြာစာကပ်

မန္တလေး၊ ဇူလိုင် ၁၀ – ၂၀၁၉
ရဲရင့်မင်းခန့်(VOM)

 

မန္တလေးမြို့ မဟာအောင်မြေမြို့နယ် မစိုးရိမ်တိုက်သစ် ဆရာတော် ဦးဝိစိတ္တာဘိဝံသ( ခ )ဦးဝီရသူကို ပြစ်ဒဏ်ထိုက်သင့်တဲ့အမှုနဲ့ တရားစွဲဆိုထားတာဖြစ်တဲ့အတွက် တရားရုံးမှာ လာရောက် ဖြေရှင်းဖို့ ရန်ကုန် အနောက်ပိုင်းခရိုင်တရားရုံးရဲ့ အမိန့်ကြေငြာစာကို ဆရာတော်ကျောင်းမှာ ဒီနေ့ ဇူလိုင် ၁၁ ရက်မနက်ပိုင်းက ကပ်ခဲ့ပါတယ်။

 

” ဒီနေ့ကပ်တာက ဝရမ်းမဟုတ်ပါဘူး၊ အမိန့်ကြေငြာစာပါ။ ရန်ကုန်အနောက်ပိုင်းခရိုင် တရားရုံးကို ကိုယ်တိုင်လာရောက်ဖြေရှင်းဖို့ပါ။ ဝရမ်းဆိုတာ ဖမ်းဆီးဖို့ပေးတာပါ။ ဒါကတော့ သူကိုယ်တိုင်သိအောင် သူ့အနားက လူတွေသိအောင် ပေးပို့တာပါ။ ဘယ်လိုဆောင်ရွက်မလဲဆိုရင် တရားရုံးကနေ ဥပဒေအတိုင်း ဆောင်ရွက်တဲ့အတိုင်းပဲ ဆောင်ရွက်သွားမှာပါ။”လို့ မန္တလေးခရိုင် ဒုတိယ ရဲမှူးစိုင်းလှထူးက ပြောပါတယ်။

 

အခုလက်ရှိမှာတော့ ဆရာတော်ဦးဝီရသူ သတင်းသုံးတဲ့တဲ့ မစိုးရိမ်တိုက်သစ် ဓမ္မာသဟာယကျောင်းတိုက်နဲ့ မစိုးရိမ်ကျောင်းတိုက်က ကြေငြာသင်ပုန်းအပြင် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကိုလည်း အမိန့်ကြေငြာစာ ကပ်ထားတယ်လို့ ရဲမှူးက ဆိုပါတယ်။

 

ဆရာတော် ဦးဝီရသူဟာ နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မ ၁၂၄-ကနဲ့ ဖမ်းဝရမ်း ထုတ်ခံထားရသူဖြစ်ပြီး အဲဒီအမှုနဲ့ ပတ်သက်လို့ တရားလိုပြသက်သေသုံးဦးကို စစ်ဆေးပြီးနောက် ရန်ကုန်အနောက်ပိုင်းခရိုင်တရားရုံး တရားသူကြီးက အခုလိုအမိန့်ကြေငြာစာကပ်ဖို့ အမိန့်ထုတ်ခဲ့တာ ဖြစ်ပါတယ်။

စွဲဆိုထားတဲ့အမှုနဲ့ ပတ်သက်ပြီး ထုချေရှင်းလင်းဖို့ လာမယ့် သြဂုတ်လ ၉ ရက်နောက်ဆုံး သတ်မှတ်ထားပြီး လာရောက်ခြင်းမရှိဘူးဆိုရင် တိမ်းရှောင်နေတဲ့ ဆရာတော်ဦးဝီရသူကို ဝရမ်းကပ်ကြေညာဖို့၊ ကျောင်းတိုက်နဲ့ ပစ္စည်းတွေကို ဝရမ်းကပ်ချိတ်ပိတ်ဖို့ အနောက်ပိုင်းခရိုင်တရားရုံးက ကြေညာချက်ထုတ်ထားတယ်လို့ သိရပါတယ်။

 

Related posts

Leave a Comment

VOM News

FREE
VIEW