သာယာဝတီ-သြဂုတ် ၁-၂၀၁၉
မိုးယံ(VOM)
ပဲခူးတိုင်းဝန်ကြီးချုပ် ဦးဝင်းသိန်းအပါအဝင်(၈)ဦးကို သာယာဝတီခရိုင် သာယာဝတီမြို့နယ် စည်ပင်သာယာကော်မတီ ဥက္ကဋ္ဌဟောင်း ဦးကျော်ဆန်းအောင်က ပြီးခဲ့တဲ့မေလ၁၇ရက်နေ့က နေပြည်တော်ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံးမှာ တရားစွဲထားတဲ့အမှု သြဂုတ်၂ရက်နေ့မှာကနဦး ကြားနာစစ်ဆေးသွားမှာဖြစ်ပါတယ်။
တိုင်းတန်းထားသူ ဦးကျော်ဆန်းအောင် ပြောပြတာက
`ကျနော့်အနေနဲ့အမှုမှန်ပေါ်စေချင်ပါတယ်ဖြစ်စဉ်အမှန်အတိုင်းဖြစ်ဖို့နဲ့တရားရေးက စစ်မှန်စွာဖြေရှင်းဆောင်ရွက်ပေးဖို့် အမှန်တရားပေါ်ထွက်လာဖို့မျှော်လင့်ပါတယ်လို့” ပြောပါတယ်။
“ ပြည်ထောင်စုတရားသူကြီး(၃)ဦးပါအဖွဲ့ကကနဦးကြားနာစစ်ဆေးမှုလုပ်မှာပါ၊ ဒီအမှုမှာဆက်လက်စုံစမ်းအရေးယူဖို့အကြောင်းရှိလားမရှိလားဆိုတာလျှောက်လဲချက်ပေးရမှာပါ၊ ဝန်ထမ်းတစ်ယောက်ရဲ့ နိုင်ငံဝန်ထမ်းဥပဒေပါအခွင့်အရေးတွေ ဆုံးရှုံးနေတာနိုင်ငံသားတစ်ယောက်ရဲ့ ခုခံချေပခွင့်တွေဆုံးရှုံးနေတာတွေကိုအာဏာပေးစာချွန်တော်ထုတ်ဆင့်ပေးဖို့အတွက်ကို လက်ခံပါတယ်ဆိုတဲ့ဟာ အကြောင်းပေါ်ပေါက်တယ်ဆိုရင်တရားရုံးကဒီဟာကိုဖြေရှင်းပေးဖို့အတွက်လျောက်ထားခံရသူများကိုဆင့်ဆိုမှာပါကြားနာစစ်ဆေးဖို့သင့်ရင်လက်ခံမှာပါကြားနာစစ်ဆေးဖိုမသင့်ရင်တော့ပယ်မှာပါလို့´တရားလွှတ်တော်ရှေ့နေဦးမင်းသက်ဇင်ကVOMကိုပြောပါတယ်။
ငွေကြေးအလွဲသုံးစားလုပ်တယ်ဆိုပြီးရာထူးကထုတ်ပယ်ခံရတဲ့အပေါ် မှာ ကာယကံရှင်က ငွေကြေးအလွဲသုံးစားလုပ်တာမရှိတဲ့အကြောင်း သက်သေတွေလည်းရှိပါတယ်၊ တိုင်းအစိုးရကဖွဲ့စည်းပေးတဲ့အဖွဲ့ဝင်ငါးဦးပါရှေးဦးစုံစမ်းစစ်ဆေးရေးအဖွဲ့ကဥပဒေနဲ့အညီခုခံချေပခွင့်သက်သေတင်ပြခွင့်မပေးဘဲတစ်ဘက်သတ်ဆုံးဖြတ်ခဲ့တယ်ဒါကြောင့်တိုင်းအစိုးရဝန်ကြီးချုပ်လယ်/ဆည်ဝန်ကြီးစည်ပင်ဝန်ကြီးအပါအဝင် ရှေးဦးစုံစမ်းစစ်ဆေးရေးအဖွဲ့ပါဝန်ထမ်းငါးဦးပေါင်းရှစ်ဦးကို ပြည်ထောင်စုတရားလွှတ်တော်ချုပ်မှာ တရားစွဲဆိုခဲ့တာဖြစ်တယ်လို့တရားစွဲဆိုခဲ့သူ ဦးကျော်ဆန်းအောင် ကပြောပါတယ်။
ပြည်ထောင်စုတရားလွှတ်တော်ချုပ်ကအဲဒီအမှုကိုရာဇဝတ်အထွေထွေအမှုအမှတ်၃၆/၂၀၁၉နဲ့ လက်ခံခဲ့ပါတယ်။ ဒီအမှုနဲ့ပတ်သက်လို့လယ်/ဆည်ဝန်ကြီးကိုဆက်သွယ်မေးမြန်းခဲ့ပေမယ့်အစည်းအဝေးရှိလို့်ဆိုပြီး ဖုန်းဖြေဆိုမပေးတဲ့အတွက် တရားစွဲခံရသူတွေဘက်ကိုတော့ မေးမြန်းနိုင်ခြင်းမရှိသေးပါဘူး။
#voiceofmyanmar #ပဲခူးတိုင်း #ဝန်ကြီးချုပ်ကိုတရားစွဲ #စည်ပင်ဥက္ကဋ္ဌဟောင်း