နတ္တလင်း စက်တင်ဘာ ၁၆-၂၀၁၉
မိုးယံ(VOM)
ပဲခူးတိုင်း နတ္တလင်းမြို့နယ် မှာဒီနေ့ မနက်၉နာရီ က ကလေးခိုးမှုအား ပြစ်မှုပြစ်ဒဏ်အတိုင်း အရေးယူပေးဖို့ဆိုကာ ဆရာ/ဆရာမ အချို့ နဲ့ ကျောင်းသားတွေ အပါအဝင် ဒေသခံပြည်သူတစ်ထောင်ဝန်းကျင် ဆန္ဒဖော်ထုတ်ခဲ့ပါတယ်။
” သြဂုတ် လ၃၀ရက်နေ့က ကျမတို့ကျောင်းက ကျောင်းသူကို ကျောင်းသူမိဘဆိုပြီး အတင်းခေါ်တာနဲ့ပတ်သက်ပြီး ရွာသားတွေနဲ့ဝိုင်းဖမ်းပြီး စခန်းကိုပို့ပါတယ် တစ်ရက်ချုပ်ထားပြီးနောက်နေ့ အာမခံနဲ့လွှတ်လိုက်ပါတယ် ကျမတို့ရွာသားတွေနဲ့မိဘတွေ အံ့သြထိတ်လန့်ကုန်ပါတယ် ကျူးလွန်ထားတဲ့အပြစ်နဲ့ စွဲထားတဲ့ပုဒ်မနဲ့လုံးဝမကိုက်ညီဘူး ကျမတို့ကျောင်းသားထုတစ်ရပ်လုံးရဲ့ဘဝလုံခြုံရေး စာသင်ကျောင်းတွေရဲ့ဘဝလုံခြုံရေးအတွက် မိဘပြည်သူတစ်ရပ်လုံး.ကျမတို့ဆရာ/ဆရ.မ တွေ ကျောင်းသားတွေ ပါဝင်ဆန္ဒထုတ်ဖော်ရတာပါလို့ ” ဖလံပင်ကျေးရွာ ဖလံပင်ရွာမကျောင်း အလယ်တန်းပြ ဆရာမ ဒေါ်သန်းသန်းဆွေက ပြောပါတယ်။
ကျောင်းသူပါသွားရင် လူကုန်ကူးမှာလား သက်ငယ်မုဒိမ်းလား အဓမ္မကျင့်မှာလားကိုယ်လက်အင်္ဂါတွေရောင်းစားမှာလားဆိုတာ မတွေးဝံ့စရာဖြစ်နေလို့ သားသမီးရှိသူတိုင်းမတွေးဝံ့စရာဖြစ်နေလို့ ထိရောက်စွာအရေးယူပေးစေချင်တယ်လို့လည်း ဆရာမကပြောပါတယ်။
ဆရာ/ဆရာမအချို့ ကျောင်းသူ/ကျောင်းသားများ ဒေသခံပြည်သူတွေဟာ နတ္တလင်းမြို့နယ် သံဖြူရုံဂိတ်ကစတင်ပြီး ရန်ကုန်-ပြည်ကားလမ်းအတိုင်း တရားဥပဒေ စိုးမိုးရေး၊ ကလေးခိုးမှုအား ပြစ်မှုပြစ်ဒဏ်အတိုင်းအရေးယူပေးရေး၊ အမှုထိမ်ချန်သော တာဝန်ရှိသူများအားအရေးယူပေးရေး စတဲ့ကြွေးကြော်သံတွေနဲ့ ချီတက် ဆန္ဒဖော်ထုတ်ခဲ့ကြပါတယ်။
” သြဂုတ်လ ၃၀ရက်နေ့က ဖြစ်ပွားခဲ့တဲ့ ကလေးခိုးမှုနဲ့ပတ်သက်ပြီး နတ္တလင်းမြိုနယ် ရဲတပ်ဖွဲ့ က တာဝန်ရှိသူတွေကပုဒ်မ ၄၄၇/၃၅၄တီု့နဲ့ဖွင့်ထားတယ် ဒီလို ပြစ်မှု ပြစ်ဒဏ် မမျှတတဲ့ပုဒ်မတွေနဲ့ဖွင့်ထားလို့ ပြစ်မှု ပြစ်ဒဏ် မျှတအောင် အရေးယူပေးဖို့ အဲဒီလို လုပ်မပေးဖူးဆိုရင် ဒီထက်ပြင်းထန်တဲ့ လှုပ်ရှားမှုတွေ ဆက်လက်ဖြစ်ပေါ်လာနိုင်ပါတယ် လို့” တောင်သူလယ်သမား အရေးဆောင်ရွက်သူကိုသန့်ဇင်ထက်ကပြောပါတယ်။
“ ပြစ်မှု ပြစ်ဒဏ် မညီတဲ့ ပုဒ်မတွေတပ်ပြီး ကျနော်တို့အမျိုးမျိုးသနားခံသော်လည်း မြို့နယ်ရဲတပ်ဖွဲ့မှူး က ပုဒ်မ ၁၁၄ /၄၄၇/ ၃၅၄ဆိုတဲ့ သာမန် ပုဒ်မတပ်ထားတယ် တကယ်တန်းက ကလေးကို အခန်းထဲဝင်ပြီး ခိုးယူတာပါ သက်ဆိုင်ရာ ဆရာမကိုလည်း ဒီအတိုင်းဘဲ အမှုဖွင့်မယ်ဆိုပြီး လက်မှတ်ထိုး ခိုင်းပါတယ် တစ်နယ်လုံး တစ်နိုင်ငံလုံး ကျောင်းသား ကျောင်းသူတွေ ဘဝလုံခြုံရေးအတွက် အခုလိုဆန္ဒဖော်ထုတ်တာပါလို့ “ ဖလံပင်ကျေးရွာ ကျောင်းအကျိုးတော်ဆောင် ဦးခင်စိုးကပြောဆိုပါတယ်။
#vocieofmyanmar #ကလေးခိုးမှု # နတ္တလင်း