သြဂုတ်လ ၁၈ ရက်နေ့က နမ့်ခမ်းမြို့ ဟိုနောင်ရပ်ကွက်က ကုန်စုံဆိုင်ပိုင်ရှင် ဒေါ်နမ်းမိုဟွမ်ကို TNLA တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်က ဖမ်းဆီးထားတာကို ပြန်လွှတ်ပေးဖို့ NRPC အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးဗဟိုဌာနက ဒီကနေ့ ထုတ်ပြန်ချက်ထုတ် တောင်းဆိုလိုက်ပါတယ်။
TNLA ဘက်ကတော့ သူတို့ ဒေါ်နမ်းမိုဟွမ်ကို ကောင်းစွာထိမ်းသိမ်းထားပြီး သူတို့ဗဟိုတရားရုံးကနေ သူတို့ဥပဒေအတိုင်း ဆုံးဖြတ်မယ့်အကြောင်း TNLA ပြောခွင့်ရသူက ဆိုပါတယ်။