မန္တလေးမြို့၊ပြည်ကြီးတံခွန်မြို့နယ်၊ ကျန်စစ်သားလမ်းနဲ့ ၇၂လမ်းထောင့်က `ငါးနီ´ပဲခွဲစက်ရုံမှာ မီးလောင်နေပါတယ်။ မီးလောင်မှုအဆင့် Level2ဖြင့် မီးငြိမ်းသတ်နေတယ်လို့ သိရပါတယ်။
Read MoreDay: September 10, 2018
ဆောမြို့ ကျောက်မီးသွေးတွင်း ကယ်ဆယ်ရေး ရပ်ဆိုင်း
ပေါက်ကွဲမှု ဖြစ်ခဲ့တဲ့ မကွေးတိုင်း ဆောမြို့နယ် ကျောက်မြောင်းရွာက ကျောက်မီးသွေးတွင်းထဲ ပိတ်မိနေသူ ၄ ယောက်ကို ကယ်ဆယ်ဖို့ မဖြစ်နိုင်တော့လို့ ကယ်ဆယ်ရေးလုပ်ငန်းတွေကို ရပ်ဆိုင်းလိုက်တော့မယ်လို့ သိရပါတယ်။ ပေါက်ကွဲမှုကြောင့် ကျောက်မီးသွေးတွင်း ပြိုကျပြီး လမ်းပိတ်နေတာရယ်၊ တွင်းထဲမှာ မီသိန်းဂက်စ်ငွေ့တွေ ပြည့်နေတာရယ်ကြောင့် ကယ်ဆယ်ရေးသမားတွေအတွက် အသက်အန္တရာယ်ရှိနေတာမို့ ကယ်ဆယ်ရေးကို ရပ်ဆိုင်းရတာဖြစ်တယ်လို့ သက်ဆိုင်ရာ တာဝန်ရှိသူတွေက ပြောပါတယ်။ “မနေ့က ကယ်ဆယ်ရေးသမားတွေရယ်၊ သတ္တုတွင်း ညွှန်ချုပ်ရယ် တွင်းထဲကိုဆင်းကြတယ်။ သူတို့ အနက်ပေ ၄၀၀ လောက်ကိုအရောက်မှာ လမ်းကပြိုပြီး ပိတ်နေတာကိုတွေ့တယ်။ ပြီးတော့ အထဲမှာ ဂက်စ်အနံ့တွေ တအားနံနေတာ၊ အန္တရာယ်တအားများတော့ သူတို့ ဆက်နေလို့ မရတော့လို့ ပြန်တက်လာကြတယ်။ အခြေအနေကို သက်ဆိုင်ရာ လူကြီးတွေနဲ့ တိုင်ပင်ပြီးတော့ ဆက်ဆင်းဖို့ မဖြစ်နိုင်တော့တာကြောင့် စိတ်မကောင်းစွာနဲ့ပဲ အခုလို ရပ်ဆိုင်းဖို့ ဆုံးဖြတ်လိုက်ရတာပါ” လို့ ကယ်ဆယ်ရေးအဖွဲ့ဝင်တဦးဖြစ်တဲ့…
Read MoreTNLA ဖမ်းထားတဲ့ အရပ်သူကို ပြန်လွှတ်ဖို့ NRPC တောင်းဆို
သြဂုတ်လ ၁၈ ရက်နေ့က နမ့်ခမ်းမြို့ ဟိုနောင်ရပ်ကွက်က ကုန်စုံဆိုင်ပိုင်ရှင် ဒေါ်နမ်းမိုဟွမ်ကို TNLA တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်က ဖမ်းဆီးထားတာကို ပြန်လွှတ်ပေးဖို့ NRPC အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးဗဟိုဌာနက ဒီကနေ့ ထုတ်ပြန်ချက်ထုတ် တောင်းဆိုလိုက်ပါတယ်။ TNLA ဘက်ကတော့ သူတို့ ဒေါ်နမ်းမိုဟွမ်ကို ကောင်းစွာထိမ်းသိမ်းထားပြီး သူတို့ဗဟိုတရားရုံးကနေ သူတို့ဥပဒေအတိုင်း ဆုံးဖြတ်မယ့်အကြောင်း TNLA ပြောခွင့်ရသူက ဆိုပါတယ်။
Read More