ရန်ကုန်တိုင်းဒေသကြီးဥပဒေချုပ် ဦးဟန်ထူး၊ ရန်ကုန်တိုင်းဒေသကြီးဥပဒေအရာရှိ ဦးသိန်းဇော်၊ ရန်ကုန်အရှေ့ပိုင်းခရိုင် ဥပဒေအရာရှိ ဦးကိုကိုလေး၊ ဒုတိယခရိုင်ဥပဒေအရာရှိ ဒေါ်သစ်သစ်ခင်၊ ဒုတိယခရိုင်တရားသူကြီး ဦးအောင်ကြည်နှင့် ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့၊ ရွှေပေါက္ကံ နယ်မြေစခန်းမှူး (ယခင်သုဝဏ္ဏနယ်မြေစခန်းမှူး) လ ၁၆၆၉၅၄ ရဲအုပ်ချစ်ကိုကို တို့အပေါ် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေဖြင့် အမှုဖွင့်လှစ်အရေးယူ ============================================== ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်တရားရုံး၊ ရာဇဝတ်ကြီးမှုအမှတ် ၃၄/၂၀၁၈ ၊ တရားလို ဦးသန့်ဇင်ဦးက တရားခံ သန်းထွဋ်အောင်(ခ)သားကြီးပါ ၃ ဦးအပေါ် ရာဇသတ်ကြီးပုဒ်မ ၃၀၂ အရ စွဲဆိုထားသည့် သရုပ်ဆောင် အောင်ရဲထွေး သေဆုံးခဲ့ရသည့် အမှုကိစ္စနှင့်ပတ်သက်၍ ၂၅-၇-၂၀၁၈ ရက်နေ့တွင် ရန်ကုန်အရှေ့ပိုင်းခရိုင်တရားရုံးမှ တရားခံများအပေါ် စွဲဆိုထားသည့်ပြစ်မှုအား ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၄၉၄(က)အရ ရုပ်သိမ်းခွင့်ပြုကြောင်း အမိန့်ချမှတ်ခြင်းနှင့်စပ်လျဉ်း၍ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က ကျော်စောသတင်းအဖြစ် သတ်မှတ်ခဲ့ပါသည်။ ကျော်စောသတင်းနှင့်စပ်လျဉ်း၍ စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းစစ်ဆေးခဲ့ရာ ရန်ကုန်အရှေ့ပိုင်း ခရိုင်တရားရုံး၊…
Read MoreDay: September 13, 2018
ပလိပ် ပန်ဒါအထည်ချုပ်စက်ရုံ အလုပ်ဖြုတ်ခံ အလုပ်သမားများ မန်းတိုင်းဝန်ကြီးချုပ်နှင့် တွေ့ဆုံခွင့်တောင်း
https://www.facebook.com/VoiceofMyanmarNews/videos/280854302529592/ မန္တလေးတိုင်း၊ စဥ့်ကိုင်မြို့နယ်၊ ပလိပ်မြို့၊ပန်ဒါ ချည်မျှင် အထည် နှင့် ချောကိုင်စက်ရုံမှ အလုပ်ထုတ်ခံထားရတဲ့ အလုပ်သမား (၂၀၀)ကျော် ပြန်လည်ခန့်ထားရေး နဲ့ အမြန်ဆုံး ညှိနှိုင်းဖြေရှင်းပေးရန်အတွက် စက်တင်ဘာ(၁၃)ရက် ၊ နံနက်ပိုင်းက မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးရှေ့မှာ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်နဲ့ တွေ့ဆုံညှိနိုင်းဖို့ ရောက်လာကြတာဖြစ်ပါတယ်။ အလုပ်သမား(၂၀၀)ကျော်ကို အလုပ်ရှင်အလုပ်သမား သဘောတူညီချက်စာချုပ် (EC စာချုပ်) မချုပ်လို့ဆိုပြီး ( ၂၀၁၈)ခုနှစ် သြဂုတ်လ ၄ရက်က အလုပ်ကထုတ်ခံကြရတာပါ။ ဒီနေ့အချိန်ထိ အလုပ်ပြန်လည် ခန့်ထားခြင်းမရှိသောကြောင့် ယခုလို အသနားခံ တောင်းဆိုမှု ပြုလုပ်ကြခြင်းဖြစ်ပါတယ်။
Read Moreဒီတခါတော့ မတ္တရာတောင်သူများ အနိုင်ရပြီ
https://www.facebook.com/VoiceofMyanmarNews/videos/2188589038089042/ မတ္ထရာမြို့နယ် ကျောက်စရစ်မြောက်ရွာမှာ ၁၉၈၇ ခုနှစ်ကတည်းက သမဝါယမက သိမ်းထားတဲ့ မြေဧက ၆၀၀ ကျော်ကို မူလတောင်သူတွေက ခွင့်ပြုချက်မရပဲ ပြန်လည်လုပ်ကိုင်တဲ့အတွက် သမဝါယမက သူတို့မြေတွေရဲ့တန်ဖိုး သိန်း ၅ထောင် ရလိုမှုနဲ့ မြေယာစိုက်ပျိုးခွင့် ၂နှစ် နစ်နာတဲ့အတွက် သိန်း ၅ထောင် စုစုပေါင်း သိန်း ၁သောင်းရလိုမှု တိုင်းတရားလွှတ်တော်မှာ စွဲဆိုထားမှုကို တိုင်းတရားလွှတ်တော်က ပ လှပ်လိုက်တဲ့အတွက် တောင်သူတွေ အနိုင်ရရှိခဲ့ပါတယ်။ ပြီးတဲ့နှစ်တုန်းကတော့ မြေယာပြန်ရဖို့ကြိုးစားတဲ့ တောင်သူ ၄ယောက်ကို ထောင် တနှစ်စီချမှတ်ခဲ့ပြီးနောက် ခုလို ငွေရလိုမှုနဲ့ ပြန်လည်စွဲဆိုတာဖြစ်ပါတယ်။
Read Moreတပ်မတော်ထောက်ခံကြောင်း မန္တလေးစစ်မှုထမ်းဟောင်းတွေ အသံတိတ်ဆန္ဒပြ
https://www.facebook.com/VoiceofMyanmarNews/videos/293280481454498/ တပ်မတော်ကိုထောက်ခံခြင်း နှင့် ပြင်ပစွက်ဖက်လုပ်ဆောင်မှုများကို ဆန့်ကျင်ရန် ရည်ရွယ်၍ စက်တင်ဘာလ(၁၃)ရက်၊နံနက်ပိုင်းက မန္တလေး ချမ်းအေးသာစံမြို့နယ် စစ်မှုထမ်းဟောင်းအဖွဲ့က ဦးဆောင်ပြီး မနော်ရမ္မံ ပြည်သူ့ဟစ်တိုင်ကွင်းရှေ့မှာ ပြုလုပ်ခဲ့ကြပါတယ်။ ဒီပွဲမှာ တောင်းဆိုချက်(၇)ချက်ကို ကိုင်ဆောင်ပြီး လူ ၅၀ ဝန်းကျင်က မတ်တပ်ရပ်ပြီး အသံတိတ် တောင်းဆိုခဲ့ကြပါတယ်။
Read Moreလုံခြုံမှုမရှိတော့တဲ့ မန္တလေးအတွက် အရပ်ဖက်အဖွဲ့တွေလုပ်တဲ့ ဆွေးနွေးပွဲ သက်ဆိုင်ရာခွင့်မပြုလို့ပျက်
https://www.facebook.com/VoiceofMyanmarNews/videos/314185096044495/ 13 မန္တလေးမြို့၊ချမ်းအေးသာစံမြို့နယ် မဟာသကျသီဟဘုရားဝန်း ဝေဇယန္တာမဟာဗန္ဓုလဓမ္မာရုံမှာ စက်တင်ဘာ(၁၃)ရက် နံနက်(၉း၃၀)ပြုလုပ်မယ့် မန္တလေးလူထုလုံခြုံမှုရေးရာ ဆွေးနွေးပွဲ စီစဉ်ထားတာကို သက်ဆိုင်ရာက ဆွေးနွေးပွဲကိုခွင်မပြုလို့  အစီအစဉ်ဖျက်ခဲ့ရပါတယ်။ ဒီပွဲမှာ တက္ကသိုလ်အသိုင်းအဝိုင်းက ဆရာတွေ ၊ စာရေးဆရာတွေ နဲ့ အရပ်ဖက်အဖွဲ့အစည်းတွေ့ ပူးပေါင်းစီစဉ်ခဲ့တာဖြစ်ပါတယ်။ ဒီတပွဲမလုပ်ရပေမယ့် နောက်ထပ်လည်း တရားဝင်ခွင့်ပြုမိန့်တောင်းပြီး စီစဉ်ဦးမယ်လို့ ပွဲစီစဉ်သူတွေက ဆိုကြပါတယ်။
Read More