ကနီမြို့နယ် ချင်းတွင်းမြစ်အတွင်း ကုန်တင်ရေယာဉ်တစီးနစ်မြုပ်

မုံရွာ အောက်တိုဘာ ၁၈၊ ၂၀၁၈ ဗျဂ္ဃ (Voice of Myanmar) စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်၊ ချင်းတွင်းမြစ်ထဲမှာ ကုန်စုံတင်ဆောင်လာတဲ့ ကုန်တင်အမြန်ရေယာဉ် နန်းတော်ဝင်ဟာ အုမ္မကျေးရွာအနီးမှာ အောက်တိုဘာ ၁၈ ရက်နေ့ ဒီနေ့နေ့လယ်ပိုင်းက နစ်မြုပ်ခဲ့တယ်လို့ ကနဦးသတင်းတွေအရ သိရပါတယ်။ သက်ဆိုင်ရာ ရှာဖွေကယ်ဆယ်ရေးတွေကတော့ သွားရောက်ကူညီကယ်ဆယ်တာတွေ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။ “မြို့နယ်ရှာဖွေကယ်ဆယ်ရေးအဖွဲ့တော့ သွားနေပါပြီ။ ခါးကျိုးတယ်လို့တော့ သိရတယ်။ အသေးစိတ်တော့ မသိရသေးပါဘူး။”လို့  စစ်ကိုင်းတိုင်းမီးသတ်ဦးစီးဌာနတာဝန်ရှိသူက ပြောပါတယ်။ ရေယာဉ်ပေါ်မှာ အမျိုးသား ၅ ဦး၊ အမျိုးသမီး ၁ ဦးတို့ ပါရှိတယ်လို့တော့ သိရပြီး အသေအပျောက်မရှိဘူးလို့လည်း ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။ ရေယာဉ်ပေါ်ပါ ပစ္စည်းတွေကိုတော့ ဒေသခံတွေရဲ့ အကူအညီနဲ့ ဆယ်ယူပြီး ကုန်းပေါ်ကို တင်နေကြတယ်လို့ ဆိုပါတယ်။ ကနီမြို့နယ်မှာ နှစ်စဉ် ရေယာဉ်နစ်မြုပ်တာတွေရှိပြီး ပြီးခဲ့တဲ့…

Read More

ကျောက်ဂူဆရာတော် ယာဉ်မတော်မဆမှုကြောင့် ပျံလွန်တော်မူ

မုံရွာ အောက်တိုဘာ ၁၈ ၊ ၂၀၁၈ ဗျဂ္ဃ ကျောက်ဂူတောရဆရာတော်၊ ရေကြည်စမ်းရေထွက်တောရဆရာတော်လို့ လူသိများပြီး ရဟန္တာလို့ သမုတ်ကာ ယောဒေသတခုလုံးသာမ ရှမ်းပြည်နယ်၊ ပင်လောင်းဒေသ၊ ကလေး၊ တမူး၊ ဖောင်းပြင်၊ မုံရွာ၊ မန္တလေး၊ ပခုက္ကူ စတဲ့နေရာဒေသအစုံကပါ ယုံကြည်ကိုးကွယ်တဲ့ ဆရာတော် ကမ္မဌာနစရိယ ဘဒ္ဒန္တ ဣန္ဒာစရိယ အရှင်သူမြတ်ဟာ အောက်တိုဘာလ ၁၈ ရက်နေ့ မနက်ပိုင်းမှာ ဓမ္မဒူတခရီးစဉ်တခုက အပြန် အမြန်လမ်း မိုင်တိုင်အမှတ် ၃၁၀ ကျော်မှာ ယာဉ်မတော်တဆဖြစ်ကာ ပျံလွန်တော်မူသွားတယ်လို့ သိရပါတယ်။ ယာဉ်မတော်တဆမှုကြောင့် ဆရာတော်မှာ နား၊ နှာခေါင်း သွေးထွက်ဒဏ်ရာ၊ ဝမ်းဗိုက်ညိုမဲဒဏ်ရာတွေရရှိခဲ့သလို ဆရာတော်နဲ့အတူ ကားပေါ်မှာပါလာတဲ့ ဒါယကာ ဦးဆန်းကို ဆိုသူမှာလည်း ဦးခေါင်း၊ ဝမ်းဗိုက်ပွင့်ထွက်ဒဏ်ရာတွေနဲ့ အခင်းဖြစ်ပွားရာနေရာမှာလည်း သေဆုံးခဲ့တယ်လို့ အမြန်လမ်းရဲတပ်ဖွဲ့ရဲ့သတင်းတွေအရ သိရပါတယ်။ ဆရာတော်က လက်ရှိမှာ သက်တော်…

Read More
VOM News

FREE
VIEW