ကနီမြို့နယ် ချင်းတွင်းမြစ်အတွင်း ကုန်တင်ရေယာဉ်တစီးနစ်မြုပ်

မုံရွာ အောက်တိုဘာ ၁၈၊ ၂၀၁၈

ဗျဂ္ဃ (Voice of Myanmar)

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်၊ ချင်းတွင်းမြစ်ထဲမှာ ကုန်စုံတင်ဆောင်လာတဲ့ ကုန်တင်အမြန်ရေယာဉ် နန်းတော်ဝင်ဟာ အုမ္မကျေးရွာအနီးမှာ အောက်တိုဘာ ၁၈ ရက်နေ့ ဒီနေ့နေ့လယ်ပိုင်းက နစ်မြုပ်ခဲ့တယ်လို့ ကနဦးသတင်းတွေအရ သိရပါတယ်။

သက်ဆိုင်ရာ ရှာဖွေကယ်ဆယ်ရေးတွေကတော့ သွားရောက်ကူညီကယ်ဆယ်တာတွေ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

“မြို့နယ်ရှာဖွေကယ်ဆယ်ရေးအဖွဲ့တော့ သွားနေပါပြီ။ ခါးကျိုးတယ်လို့တော့ သိရတယ်။ အသေးစိတ်တော့ မသိရသေးပါဘူး။”လို့  စစ်ကိုင်းတိုင်းမီးသတ်ဦးစီးဌာနတာဝန်ရှိသူက ပြောပါတယ်။

ရေယာဉ်ပေါ်မှာ အမျိုးသား ၅ ဦး၊ အမျိုးသမီး ၁ ဦးတို့ ပါရှိတယ်လို့တော့ သိရပြီး အသေအပျောက်မရှိဘူးလို့လည်း ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။ ရေယာဉ်ပေါ်ပါ ပစ္စည်းတွေကိုတော့ ဒေသခံတွေရဲ့ အကူအညီနဲ့ ဆယ်ယူပြီး ကုန်းပေါ်ကို တင်နေကြတယ်လို့ ဆိုပါတယ်။ ကနီမြို့နယ်မှာ နှစ်စဉ် ရေယာဉ်နစ်မြုပ်တာတွေရှိပြီး ပြီးခဲ့တဲ့ ၂နှစ်ခန့်ကလည်း ကနီမြို့နယ်မှာပဲ အောင်စိုးမိုးကျော် ရေယာဉ်နစ်မြုပ်လို့  ကျောင်းဆရာဆရာမတွေအပါအဝင် လူပေါင်းများစွာ သေဆုံးမှုတွေဖြစ်ပေါ်ခဲ့ပါသေးတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW